URBAN FLOOD CONTROL မြို့ပြရေလွှမ်းမိုးခြင်း ကာကွယ်ရေး
Updated: Oct 25, 2021
၁။သဘာဝ တောတောင်မြေပြင် အနေ အထားတွင် မုန်တိုင်းမိုး(StormWater)ရွာ
သွန်းမှုကြောင့် ဖြစ်ပေါ်လာသော မိုးရေပမာဏ Qသည် မြေကြီးထဲ စိမ့်ဝင်ခြင်း၊ရေစီးနှုန်းနှေးခြင်း၊ ရေငွေ့ ပြန်ခြင်း၊ အနိမ့်ပိုင်းသို့ အချိန်( (Time) ကြာကြာစီးဆင်းနေသည့် အတွက် နေရာ အနှံမှ စီးဆင်းလာသော မိုးရေများ တစ်ပြိုင်နက် ဆုံစီးပြီးရေ လွှမ်မိုးခြင်းဖြစ်လေ့မရှိ။
တစ်စိတ်တစ်ပိုင်း မြို့ပြဖြစ်လာသောအခါ အိမ်အမိုးများ၊ ကွန်ကရစ်အခင်းများ ကြောင့် ရေစီးနှုန်းမြန်လာသည်။ပိုမိုတိုတောင်းသောအချိန်အတိုင်းအတာ တစ်ခု အတွင်း မြေနိမ့်ပိုင်းနေရာတစ်ခုတွင်မိုးရေများစီးဝင်လာ၍ ရေကြီး ရေလျှံမှုများဖြစ်လာတတ်သည်။
ထိုမှတစ်ဆင့် မြို့ပြ ဖြစ်လာသောအခါ မြေလွတ်မြေလပ် နည်းလားသောကြောင့်
အမိုးများ၊ကွန်ကရစ် အခင်းများ ကွန်ကရစ်ရေမြောင်း ပလက်ဖောင်များမှ တစ်ဆင့်မြေနိမ့်သောနေရာများသို့ အချိန်တို အတွင်း စုစည်း စီးဝင်ရောက်ရှိလာ၍ ရုတ်တရက် ရေကြီးလေ့ ရှိသည်။
မြို့ပြဖွံ့ဖြိုးလာသည် နှင့် အမျှ ရေစီးထိန်းထားနိုင်သည့် ဧရိယာ နည်းလာပြီး လမ်းရေမြောင်းများမှ တစ်ဆင့် အနိမ့်ပိုင်းနေရာများ၊ ရေ အလျင်အမြန် ဆက်မစီးနိုင်သောနေရာများတွင်
မိုးရေ များတစ်ပြိုင်တည်းရောက်ရှိပြီး ရေကြီးရေလျှံခြင်းဖြစ်လေ့ရှိသည်။ထိုကြောင့် မြို့ပြများတွင် မိုးရေစီး တစ်ဟုန်ထိုးစီးဆင်းခြင်း
(peak rate of run off) ကို ထိန်းထားနိုင်ရန် ကြိုးစားရမည်။(လမ်းဘေးရေမြောင့်းများချဲ့နေယုံဖြင့်မုန်တိုင်း မိုးရေကြီးStorm waterကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက်ရေလွှမ်းမိုးမှုကို မကာကွယ်နိုင်။)



၂။ထိန်းချုပ်ရန်ဆောင်ရွက်ခြင်း
(က)Filter strip. အမှိုက်များသန့်စင်စေခြင်း
မြက်ခင်းများမှ ရေ ကို ဖြတ်စီး စေခြင်းဖြင့် ရေ စီးပမာဏ ကို ထိရောက်စွာ မလျော့ချနိုင်သောလည်း မိုးရေစီးဖြင့်အတူပါလာသည့် အမှိုက် မျာ၊ကျောက်ခဲသဲများကို စစ်ပြီးသားဖြစ်စေသည်။


(ခ)ရေစိမ့်မြောင်း
မိုးရေများကို ကျောက်ဖြည့်ထားသော မြေသားမြောင်းအတွင်းသို့ ဖြတ်စီးစေခြင်းဖြစ်သည်။ရေအချို့ မြေ ကြီးအတွင်းသို့ စိမ့်ဝင်ပြီးရေစီးကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်သည်။ ရေကိုလဲ သန့်စင်ပေးနိုင်သည်။

(ဂ) အမြဲစိမ်းအမိုး(Green Roof)
လူနေမှု ထူထပ်သော မြို့များတွင် အမိုးပြားပေါ်၌ စားပင် သီးပင်များစိုက်ကြသည်။ အမိုး၏ ခံနိုင်ဝန်းအားကို တော့ ကြို တင် တွက်ဆရန် လိုသည်။ရေလုံ ဖို့ အလွှာ၊ရေထုတ်နိုင်သောအလွှာ၊ နဲ့ အမြစ်များထိုးဖောက်မှုကို ကာကွယ်နိုင်ရန်လိုသည်။ ပေါ့ပါးစေရန် မြေ ထုအပြည့်ဖြည့်ရန်မလိုသောနေရာများတွင် ပေါ့ပါးသောဖော့ကဲ့ သို့ ပစ္စည်းမျာခံ ထားလေ့ရှိသည်။ရေကို အချိန်အတိုင်းအတာတစ်ခု အထိ ထိန်းထားနိုင်သည့်အပြင် အမိုး၏ အပူချိန်ကိုလဲ လျောချနိုင်သည်။


(ဃ) ကွန်ကရစ် ဘလောက်တုံး ပလက်ဖောင်းခင်းခြင်း (Porus Pavements)
လမ်းပလက်ဖောင်းများ ကွန်ကရစ်ခင်းခြင်းအစာ ကွန်ကရစ် ဘလောက်တုံးခင်းခြင်းဖြင့် ရေစီးသည် မြေအောက်သို့စိမ့်ဝင်စေပါသည်။မိုးရေများကို မြေအောက်တွင် ပမာဏ အများအပြားထိန်းထားနိုင်ပြီး ရေပို များကိုလဲ မြေအောက်ရေထုတ်ပိုက်မှ စီးဆင်းစေနိုင်သည်။

(င)လမ်းလယ်ကျွန်း(Bioswales)
လမ်းလယ်မြေယာရှုခင်းဖြစ်သော်လည်း မိုးရေစီးကို ထိန်းပေးပြီး ရေကို မြေကြီးထဲသို့စိမ့်ဝင်စေသည်။မြေယာရှုခင်းတွင် ပန်အလှပင် ဒေသ ပေါက်ပင်နှင့် မြက်ခင်းများစိုက်ပျိုးလေ့ရှိသောလည်း မည်သည့်အပင် စိုက်သည်ဖြစ်စေ မြေစီလွှာ တိုက်စားမှုကို ကာကွယ်သည်။လမ်း ပေါ်မှ စီးဝင်လာသောရေ ကို လုံလုံလောက်လောက်စိမ့်ဝင်ချိန် ရစေရန် နက်နက်တူးလေ့ရှိသည်။ရေစိမ့်ဝင်စေရန် သဲ သို့မဟုတ် အချို့နေရာများတွင် ကျောက်ကို ဖို့လေ့ရှိသည်။အလယ်တွင် ရေဝင်ပေါက်ပါသော ရေထုတ်ပြွန်တစ်ခု တပ်ထားသည်။
( မြန်မာပြည်ရှိ လမ်းလယ်ကျွန်းသည် လမ်းထက်မြင်နေလေ့ရှိသည်။ရေတားကဲ့သို့ပင်ဖြစ်နေသည်။ ထိုအပြင် လမ်းလယ်ကျွန်းပေါ်ကျသောမိုးရေနှင့် သစ်ပင်လောင်းသောရေများသည် မြေကြီးအတွင်းစိမ့်ဝင်ပြီး ရေထုတ်ပိုက်မပါသဖြင့် လမ်းအောက်မှတစ်ဆင့်လမ်းဘေးသိုဖြတ်စီးရင် လမ်းအောက်မြေ တိုက်စားသဖြင့် လမ်းများပျက်စီးလေ့ရှိသည်။ ကွန်ကရစ်မြောင်းများလမ်းလယ်ကျွန်းတွင် လုပ်သောလဲ ရေစီကိုသာ ထုတ်နိုင်ပြီးလမ်းနှင့် လမ်းလယ်ကျွန်းမြောင်းကြားစိမ့်ဝင်သောရေရှိသဖြင့် ရေမြောင်းကို ဘေးမှ စိမ့်ဝင်နိုင်အောင်လုပ်သင့်သည်။)
----

(စ)ရေထိန်းစိုက်ခင်း)(Bioretention Basins )
မြေကို ခပ်ပါးပါးတူး၍ မြေးဆွေး နဲ့ သစ်ရွက်ဆွေး၊ရေညှိရေမှော်၊ကောက်ရိုး (Mulch)စသည်တို့ဖြင့် ရော စပ် ပြီးဖို့ထာသည်။ ဒေသဖြင့် ကိုက်ညီသော သစ်ပင် ခြုံပင်များစိုက်ထားသည်။ မုန်တိုင်းမိုးကြောင့်ဖြစ်ပေါ်လာသောရေစီးကိုထိန်းထားပြီ မြေ ကြီးအတွင်းသို့ဖြေးဖြေးခြင်းစိမ့်ဝင်စေသည်။ လမ်းဘေးများ၊ အိမ်ယာ မြေကွက်လပ်များ၊ ကားရပ်နားရန်နေရာများတွင် တွင်ဆောင်ရွက်ထားသင့်သည်။(မြန်မာနိုင်ငံတွင် အိမ်ခြံဝင်းများ၊လမ်းဘေးဝဲယာများတွင် ကွန်ကရစ်အပြည့်ခင်းခြင်းကြောင့် ရွာသမျှ မိုးရေသည် မြေကြီးအတွင်းစိမ့်ဝင်ခြင်းမရှိဘဲ မြေနိမ့်ရာသို့ တစ်ဟုန်ထိုးစီးဆင်း၍ ရေရုတ်တစ်ရက် လွှမ်းမိုးမှုဖြစ်စေသည်။)

(ဆ) ရေထိန်းကန်(Detention Pond)
မုန်တိုင်းမိုးကြောင့်ဖြစ်ပေါ်လာသောရေကို အောက်ဖက် ရှိရေ ထုတ်စနစ်မှ မနိုင်သောအခါ ဖြစ်ပေါ်လာသော ရေ လွှမ်းမှု ကို ကာကွယ်ရန် ဆောင်ရွက်ထားသည်။ မိုးမရွာသောအခါရေ မရှိသော ကန်ကို Detention Pond ဟုခေါ်ပြီး ရေကြီးရေလျှံမှုကို ထိန်းရန်အတွက်သာဖြစ်သည်။
Retention Pond မှာရေ အမြဲရှိနေပြီး ရေထုတ်ပေါက် ကို ရေထုတ်ချင်သော အမြင့်တွင်ထားသည်။ အထူးသဖြင့် မြေအောက်ရေ မြေမျက်နှာပြင်နှင့်နီးသောနေရာတွင်သုံးသည်ရေကန် ရေသိုလှောင်ရမည့်ပမာဏ ကို နှစ်အလိုက် အများဆုံးမိုးရေချိန်မျာမှတစ်ဆင့်တွက်ချက် နိုင်သည်။



နိဂုံး
မုန်တိုင်းမိုးStorm Water ကြောင့်ဖြစ်ပေါ်လာသော ရုတ်တရက်ရေကြီးရေလျှံခြင်းသည်၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်ယွင်းမှုကြောင့်လည်းကောင်း၊လူနေအိမ်ခြေများတိုးပွါးလာမှုကြောင့်လည်းကောင်း၊ မြို့ပြနေထိုင်သူများ နှင့် အုပ်ချုပ်သူများ၏ ရေထုတ်ရေနုတ်ရေထိန်း စနစ် များကို ထိန်သိမ်းရန် အစဥ်အဆက် လစ်လျုရှုတာဝန်ပျက်ကွက်ခဲ့ မှု များကြောင့်လည်ကောင်း ဖြစ်ပေါ်လာရပါသည်။
တစ်ဦးစီ မှ အစ တာဝန်ရှိသူ အားလုံး ဖော်ပြပါ နည်းလမ်းများကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျှင် မှုန်တိုင်းမိုးကို ကာကွယ်နိုင်ပြီး မိမိဒေသ သည်နေချင်စဖွယ် ဘေးကင်းသောမြို့ပြဖြစ်လာပါမည်။
(နည်းပညာဆိုင်ရာများကို စာလေးမည်စိုး၍ ထည့်သွင်းမဖော်ပြပါ။ ဆက်လက်ပြီး ပြုပြင်တည်းဖြတ်ရင် နောက်ဆက်တွဲဖြင့် ဖော်ပြပါမည်။)

လေ့လာစရာ နောက်ဆက်တွဲသတင်းနှင့်ဓါတ်ပုံများ
၁။၂၀၁၂ ခုနှစ်အောက်တိုဘာလ၁၈ရက်က နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံပြည်နယ် ၂ခုဖြစ်ကြသည့် ဥတ္တရခန်နှင့် ကေရာလာပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရ သေဆုံးသူ စုစုပေါင်း ၁၈၀ ကျော်မျှ ရှိလာကြောင်းသိရသည်။
ယင်းဒေသများမှ လူပေါင်း ၄၀၀၀ ကျော်ကိုလည်း ရေလွတ်ရာနေရာများသို့ သက်ဆိုင်ရာကရွှေ့ပြောင်းပေးထားသည်။


