Traditional Marketing Strategy (TMS) vs Content Marketing Strategy (CMS)
Updated: May 21, 2022
နည်းပညာတွေတိုးတက်လာပြီး ခေတ်တွေပြောင်းလဲလာတဲ့ အချိန်မှာ Brand တစ်ခုပေါက်ဖို့ ကိုယ်ပစ္စည်းတွေ လူတွေသိဖို့ဆိုတာ အရင်လို ရှေးရိုးလမ်းစဉ်ကြီးအတိုင်း Marketing လုပ်နေလို့မရတော့ဘူး...
၂၀၀၀ ပြည့်နှစ်မှာ Marketing Medium ဆိုတာ TV, Radio, Magazine, newspapers, billboard စတာတွေလောက်ပဲရှိတာ...
အခုအချိန်မှာ customer နဲ့ တိုက်ရိုက်နီးပါထိတွေလို့ရမယ့် Facebook, Twitter, Ig Social Media Platform တွေ YouTube, twitch, tiktok စတဲ့ Online video sharing Service တွေ own Website service တွေရှိလာတဲ့ အချိန် အရင်လို TV တွေ ရေဒီယိုတွေကကြေငြာနေရုံနဲ့ မလုံလောက်တော့ဘူး....
အာဆို နေရာတိုင်းမှာလိုက်ကြေငြာရမှာလားဆိုရင်လည်း မဟုတ်သေးဘူး... ကိုယ် စီးပွားရေးနဲ့ ကိုယ့် Product service နဲ့ ကိုက်တဲ့ Marketing Strategy တစ်ခု သေချာစဉ်စားပြီးမှ ကြေငြာသင့်တယ်... သူများတွေ Facebook မှာ boost လို့ကိုယ် လိုက် Boost တိုင်း အဆင်ပြေခြင်းမှပြေမှာလေ နေရာတကာလိုက် ကြေငြာနေရင်လည်း Marketing Expense နဲ့ တင်မွဲသွားမယ်...
( လူ တိုင်းသတိထားသင့်တာက Marketing expense၊ အများအားဖြင့် ကိုယ်လုပ်နေတဲ့ Marketing Campaign တစ်ခုအောင်မြင် တယ်၊မအောင်မြင်ဘူးဆိုတာကို ချက်ချင်အလွယ်တကူ မမြင်နိုင်ဘူး၊ final result ဖြစ်တဲ့ Sales ကပဲပြပေးနိုင်တယ်… ဒါတောင် မအောင်မြင်ဘူးထင်တဲ့ Marketing Campaign က နေကြာလာတော့မှ customer conversion ဖြစ်လာတာတွေလည်းရှိတယ်၊ ထားပါတော့..)
Marketing Strategy အများကြီးရှိတဲ့ အထဲမှာ Traditional Marketing Strategy (TMS) နဲ့ Content Marketing Strategy (CMS) နှစ်ခုကို အဓိကထားပြောသွားမယ်…TMS နဲ့ CMS ဆိုတာဘာလဲ ဘာတွေကွာသွားလဲ? ဆိုရင်
ပထမဦီးဆုံး အနေနဲ့ TMS က လူများများဆီကို ကိုယ် Information တွေ ရောက်သွားဖို့၊ ကိုယ် Brands, Products နဲ့ Services ကို လူသိသွားပြီး Revenue တက်လာဖို့က သူရဲ့ အဓိက Objective…
CMS ကကြတော့… customer တွေ Client တွေကို Information ပေးတယ်၊ Unique Value တစ်ခုကို Free ပေးတယ်၊ relationship နဲ့ Loyalty တစ်ခု Create လုပ်ပြီးတော့ Revenue Generation က သူ့ Objective… ရှုပ်သွားလာတော့မသိဘူး…
ဥပမာ ပေးရမယ်ဆိုရင်၊
ကားရောင်းတယ်ဆိုရင် Car Showroom တွေက Billboard တွေထောင်၊ Pamphlet တွေဝေ၊ Newspaper တွေက၊ Online Social Media တွေကနေ ကိုယ်မှာ ဘယ်လို Car တွေရှိကြောင်း ဘယ်လိုကောင်းကြောင်းကြေငြာတာ ကြောငြာတာက TMS
Social Media တွေ Website တွေကနေတစ်ဆင့် ကားတွေကိုဘယ်လိုထိန်းသိမ်းသင့်လဲ ? ကားနဲ့ ပတ်သက်ပြီးသိထားသင့်တဲ့ အကြောင်းအရာလေးတွေ၊ အခုလက်ရှိ Car Owner တွေ သိသင့်တဲ့ Information တွေ၊ အပြောင်းအလဲ တွေ စတာတွေကို မျှဝေပေးပြီး customer တွေ trust နဲ့ audience တည်ဆောက်ပြီး မှ Revenue generate လုပ်တာက CMS
ကိုယ် Business အမျိုးအစား Product နဲ့ Service အပေါ်မူတည်ပြီး အထက်က Marketing Strategies နှစ်ခု သင့်တော်သလိုသုံးလို့ရတယ်…ပေါင်းစပ်ပြီးသုံးတာလဲ ကောင်းတယ်… ဥပမာ Traditional Marketing နဲ့ ကိုယ် Brand ကိုလူတွေသိအောင်လုပ်၊ ရောက်လာတဲ့ Customer ကို content marketing strategy နဲ့ Loyalty and retention လုပ်
အများအားဖြင့် Traditional Marketing Strategy က Content Marketing Strategy ထက် ကုန်ကြစရိတ်ပိုများလေ့ရှိတယ်… Content Marketeer တွေက Small business owner၊ Entrepreneurs တွေပိုများလေ့ရှိပြီး သူတို့က customer တွေ၊ client တွေနဲ့ တိုက်ရိုက်ထိတွေလို့ရတဲ့ အတွက် Brand Loyalty ကောင်းကောင်းဖန်တီနိုင်ရင် တစ်ခါတစ်လေမှာ Corporate တွေရဲ့ Market ကိုတောင်မှာ Challenging ဖြစ်တဲ့ အထိ စွမ်းဆောင်နိုင်တယ်...
အခုလက်ရှိ ခေတ်စားနေတဲ့ Influencer တွေ Beauty Blogger၊ travel blogger တွေ၊ နောက် online food cooking channel တွေက Content Marketeer တွေပါပဲ…. ထူးထူးခြား Corporate Giant ထဲ က Heavy Content Marketing Strategy သုံးတဲ့ Company ကြီးတွေလည်းရှိတဲ့…. Lego နဲ့ Coca Cola company ကြီးတွေ… (Coca Cola က Father of Content Marketeer လိုတောင်ပြောလို့ရတယ်)…
Business တွေရဲ့ Marketing Strategies တွေကို Suggestion ပေးဖို့အတွက် ကြတော့ အရမ်းကို Specific ဖြစ်တဲ့ အတွက်… တော်တော်လေးရှည်သွားမှာစိုးလို့ မရေတော့ပါဘူး၊ တစ်ချို့ အချက်အလက်တွေကို Epic Content Marketing book ကလေ့လာမိသမျှ ထုတ်နှုတ်ထားပါတယ်…
သိချင်တာရှိ အောက်မှာ Comment ချန်ထားခဲ့ပေးပါ ! Thank you for reading!
