Good Vibes, Good Life. (Vex King)
Updated: Jul 10, 2022
Good Vibes, Good Life. (Vex King)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည် P-1(18June2022)
အမေ- ဒီစာအုပ်က အမေ အတွက် ရည်စူးပါတယ်။ကျွန်တော်တို့ ဘဝက ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။သို့သောလည်း အမေရဲ့ ခံနိုင်ရည်အား၊ ယုံကြည်မှု၊ ဇွဲ လုံလ တွေနဲ့ အံ့သြစရာကောင်းလောက်အောင် ကျွန်တော်တို့ကို ဖြစ်ထွန်းစေခဲ့ပါတယ်။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အရှုံးမပေး၊ အနှိုင်းအဆ မရှိ တဲ့ ချစ်ခြင်းမေတ္တာ ကလွဲလို့ဘာကိုမျှ မဖော်ပြခဲ့ပါဘူး။အမေရဲ့ ခွင့်လွတ်ခြင်း၊ပွေ့ဖက်ခြင်း၊ပြုံးရီခြင်း၊နဲ့ သတ္တိတွေ၊ အရာ အားလုံးက အချစ်မေတ္တာများဖြင့် လွှမ်းနေခဲ့တဲ့ အမေရဲ့ စွမ်းအားတွေပါဘဲ။
[ဒီနေရာမှာVex King အကြောင်း အနည်းငယ်ဖော်ပြမှ ပြည့်စုံပါမည်-
သူရဲ့ငယ်စဥ်က ဘဝ သည် ကြမ်းတမ်းပါသည်။သူအဖေသည် တီဘီရောဂါဖြင့် သူလူမှန်းမသိသည့် အချိန်တွင်ပင် ကွယ်လွန်သွားသည်။သူ့အမေသည် သူ၏ညီမများနှင့် ခက်ခဲစွာရုန်းကန်ခဲ့ရသည်။ အသက်၃နှစ်အရွယ်အထိ အိုးပိုင်အိမ်ပိုင်မရှိဘဲ ဆွေမျိးများထံမှာ၊တစ်ခါတစ်ရံ အိမ်ဘေးအဖီ လေးမှာ ခိုကပ်နေခဲ့ရပါသည်။အိမ်နီးနားခြင်းတို့၏ ငြူစူမှုကို ခံရင်း တက္ကသိုလ်က ဘွဲ့ တစ်ခု ရအောင် ယူခဲ့သည်။ယခုအခါမှာ ၂၁ရာစု အဂ်လန်နိုင်ငံ ၏လူမှုကွန်ယက်များတွင် လူကြိုက်များသူတစ်ဦး(Social Influencers ) တစ်ဦးဖြစ်နေပါပြီ။ဘာသာပြန်သူ]
အဖေ- သူဘဝရဲ့ ဖြစ်တည်မှုမှာ အဖေ မပါရှိခဲ့ပါဘူး။အဖေကို ကောင်းစွာ မသိခဲ့သောလဲ၊လိုအပ်တဲ့ အခါ သင့်ရဲ့ အားတွေက ကျွန်တော်ကို ထိန်းကြောင်းပေနေတယ်လို့ ထင်မိပါတယ်။
အချုပ်အားဖြင့် ဤစာအုပ်သည် အိမ်မက် ရှိသူအားလုံးကို ရည်ရွယ်ပါသည်၊ဘဝရှင်သန်ဖို့ကြိုးစားနေရသူဘဲ ဖြစ် ဖြစ် ဒါမှမဟုတ် အမှောင်လမ်းကရုန်းထွက်နေရသူဘဲဖြစ်ဖြစ်ပါ။ကျွန်တော်အိမ်မက်များကိုရေးသောစာအုပ်သည် ကမ္ဘာတစ်လွှား အပြုသဘောဘက်ကိုပြောင်းလဲစေပါလိမ့်မည်။ကျွန်တော်တောင်ဖြစ်အောင်လုပ်နိုင်လျှင် သင်လဲ ဖြစ် နိုင်ပါတယ်။
သင်ကို ကျွန်တော် ယုံကြည်ပါသည်။ သင်လဲ အောင်မြင်သူတစ်ဦးဖြစ်လာမည် လို့...

P-2(19June2022)
Good Vibes, Good Life. (Vex King)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၁)
#မိမိကိုယ်ကို ချစ်တယ်ဆိုတာဘာလဲ?
ဒီစာကလုံးလေးနဲ့ စာမျက်နှာသစ်ကို စလိုက်ကြပါစို့။
"မနေ့က ထက် ကျွန်
တော် ပိုကောင်းစေရပါမည်။"
(Be better than I was yesterday. )
သတိပြုကြည့်လိုက်ပါ...
-ပညာသင်နေရတဲ့ ကျောင်းကို သင် မကျေနပ် ဘူးမပြောခင်၊
အချို့ ပညာသင်ချင်လို့ တောင် မသင်ရဘူးဆိုတာ သတိရလိုက်ပါ။
-သိပ်ဝလာတာကိုသင်မကျေနပ်ဘူးမပြောခင်မှာ
အချို့ အစားအသောက်လောက်လောက်ငင မစားနိုင်တာသတိရလိုက်ပါ။
-ကိုယ့်အလပ်ကို သင် မကျေနပ်ဘူးမပြောခင်မှာ
အချို့ ဝင် ငွေ မရှလို့ ကြပ်တည်းနေတာ သတိရလိုက်ပါ။
-အိမ်သန့်ရှင်းရေးတွေ လုပ်နေရလို့ မကျေနပ်ဘူးမပြောခင်မှာ
အချို့ နေစရာ အဖီတောင်မရှိတာ သတိရပါ။
-ပန်းကန်တွေဆေးကြောနေရလို့ သင်မကျေနပ် ဘူးမပြောခင်မှာ
အချို့ ဆေးစရာ ရေ တောင်မရှိတာကို သတိရပါ။
(စာရေးသူက လက်ရှိဘဝ ဖြစ်တည်နေမှုရဲ့ ကျေးဇူးတရားကို သိဖို့ နဲ့ လက်ရှိ အခြေအနေ ကိုမကျေမနပ်ဖြစ်နေမည့်အစား တစ်နေ့ထက် တစ်နေ့ ပို ကောင်း အောင် ကြိုးစားနေရမည် လို့ဆိုလို ရင်းဖြစ်ပါတယ်။)
(ကွင်းထဲက ဖော်ပြတဲ့ စာတွေက ဘာသာပြန် သူ ကျွန်တော့ အမြင်ဖြစ်ပါတယ်။
ဒီစာ တွေ ရေးလို့၊ ပုံတွေတွေ့လို့ စိတ်အနှောက်အယှက်ဖြစ်ရင်တောင်းပန်ပါတယ်။)
P-3(20June2022)
Good Vibes, Good Life. (Vike King)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၁/၂)
မိမိ စိတ်အေးချမ်းဖို့
အရေးယူမှု နဲ့ သည်းခံမှု၊အလုပ်နဲ့ အပန်းပြေမှု၊ အသုံးနဲ့ စုဆောင်းမှု၊ပျော်ရွှင်ခြင်းနဲ့ စိုးရိမ်ခြင်း၊လှုပ်ရှားသွားလာခြင်းနဲ့ နားနေခြင်း ကိုကျွန်တော်တို့ သမမျှတစွာနေမှသာ စိတ်အေးချမ်းမှုရပါမည်။
အရေးယူမှု နဲ့ သည်းခံမှုကို ဥပမာ ပြပါမည်။ သင်ဦးဆောင်ရတဲ့ အဖွဲ့ တစ်ဖွဲ့ မှာ အဖွဲ့သားတစ်ယောက် က အလုပ်ကို စိတ်မဝင်စားဘဲ ကန်လန့်တိုက်ရင်း အချိန်ဖြုန်းနေတယ်ဆိုပါစို့။
( စာရေးသူကတော့ သုတေသန ပရောဂျက် လုပ်တဲ့ အဖွဲ့ လို ဆို ထားသည်။ ဘာသာပြန်သူအနေနဲ့ ဌာနတစ်ခု၊ တပ်ဖွဲ့ တစ်ဖွဲ့၊ အသင်းအဖွဲ့ တစ်ခု အနေ နဲ့ မြန်မာမှုပြုချင်ပါသည်။)
သူဘက် က ချို့ယွင်းမှုတွေ များလာရင် သင် သတိပေးရပါမည်။ ဂရုမစိုက်ရင် ကိုယ့်အထက်ကို သတင်းပို့ရပါမည်။ဒါကိုမှ လစ်လျုရှုပြီးဆက်လုပ်နေမည်ဆိုရင် သင်အနေနဲ့ အထက်ဆုံးဖြတ်နိုင်မည့် အကြီးအကဲကို အရေးယူဖို့ တိုင်ကြားရပါတော့မည်။
ဒါဆို သူ့ဘဝ အတွက် များစွာနစ်နာနိုင်ပါသည်။
သင်ရဲ့ ညှာတာမှုကို အခွင့်ကောင်းယူပြီးဆက်လာပ်နေရင် ကျန်အဖွဲ့သားများက သင့်အပေါ်ယုံကြည်မှု ပျောက်ဆုံးပါမည်။ မျက်နှာလိုက်သူဟုမြင်လာပါလိမ့်မည်။
သင် အရေးယူဆောင်ရွက်ခြင်းမရှိလျှင် သင့် ရဲ့ ဦးဆောင်မှုထိခိုက် နိုင်သလို၊ သင်အဖွဲ့အစည်းအတွင်းမှာ ပြိုကွဲလာနိုင်ပါသည်။
သင် ဘာလုပ်သင့်လဲ...
သင့်ရဲ့ ကြင်နာမှုတွေ၊ မှန်ကန် ရိုးသားမှုတွေ ဆောင်ရွက်ပြီးတဲ့ နောက်မှာတော့
သင် စိတ်ရှင်းလင်းစွာနဲ့ အရေးယူ အပြစ်ပေးမှုတွေ ဆောင်ရွက် ရပါမည်။
" ဒီနေရာမှာ အရေးအကြီးဆုံး ဂရုပြုဖို့က မင်း(ဦးဆောင်မှု) ကို လိုက်နာဆောင်ရွက်ခြင်းမရှိသူကို ထွက်သွားစေတာ (ဖယ်ရှားလိုက်တာ) မတရားမှု မဟုတ်ပါ။"
(စာရေးသူ ဆိုလိုတာ ခြုံပြောရ စိတ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်ဖို့ ရင် မြွေပွေးခါးပိုက်မပိုက်ထားနဲ့ လို့ ဆိုချင် ပုံရပါတယ်)
P-4(21June2022)
Good Vibes, Good Life. (Vex King)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၁/၃)
Self-Love မိမိကိုယ်ကို ချစ်ခြင်း စကားစုကို လူအများနားလည်မှု လွဲတတ်ပါတယ်။
ကြုံလာသမျှကို (စိန်ခေါ်လာသမျှ) ရင်ဆိုင် မဖြေရှင်းဘဲ ဖြစ်သမျှ အကြောင်းအကောင်းလို့အေးရာအေးကြောင်း လက်ခံခြင်းသည် မိမိ ကိုယ်ချစ်ခြင်းလို့ ထင်တတ်ကြပါတယ်။
မိမိကိုယ်ကို ချစ် ခြင်းမှာ လိုအပ်ချက် ၂ချက် ရှိပါတယ်။
ဒီအချက်တွေကို ချိန်ညှိနိုင်မှသာ ဖြစ်ချင်တဲ့ တင့်တယ်မျှတ သဟဇာတ ဖြစ်တဲ့ ဘဝကို ရမှာပါ။
ပထမ အချက်ကတော့ သင်ကိုယ်သင် အားပေးပြီး အပြစ်မမြင်ဘဲ ချစ်နေခြင်းပါ။ အာရုံစိုက်မှုကတော့ စိတ်ခံယူချက် (Mindset)ပေါ်တည်ပါတယ်။မိမိ ရောက်တဲ့နေရာ၊ ရတဲ့ အဆင့်အခြေအနေကို ကျေနပ် ရောင့်ရဲနေခြင်းမျိုးပါ။(Comfort Zone မှာ သက်တောင့် သက်သာနှပ်နေချင်တဲ့ စိတ်မျိုးပါ။ )
ဒုတိယ အချက် ကတော့ တိုးတက်ကြီးပွါးလိုခြင်းဖြစ်ပါတယ်။ အာရုံစိုက်မှုကတော့ ကြိုးပမ်းဆောင်ရွက်ချင်စိတ်(Action)ပါ။မိမိကိုယ်မိမိ တိုးတက်ချင်သည်။သင်က တော်ရုံတန်ရုံ အဆင့်နဲ့ မနေချင်တဲ့ သင့်ရဲ့ လိုအင်ဆန္ဒတွေ ကလဲ မိမိကိုယ် ချစ်ခြင်းတစ်မျိုးပါဘဲ။
စိတ်ခံယူချက် (Mindset) နဲ့ ကြိုးပမ်းဆောင်ရွက်ချင်စိတ်(Action) သည် မျှတနေမှ မိမိ ကိုယ်ချစ်ရာ ရောက်ပါမည်။ အစွန်းတစ်ဖက်ကိုရောက်လျှင် ခြေချော်လက်ချော်ဖြစ်ပြီး ဆုံးရှုံးတတ်ပါတယ်။
မိမိကိုယ်မိမိ ချစ်တတ်ရင် ဘဝကလဲ မိမိကို ပြန်ချစ်လာမှာပါ။
(ကြိုးကြိုးစားစားမရှိ၊ အလုပ်အပေါ် အင်တိုက်အားတိုက်မရှိ လို့ တိုးတက် ကြီးပွါးခြင်းမရှိဘဲချို့ချို့ငဲ့ငဲ့ နဲ့ ဘဝ မှာပြီးသွားသူတွေ ရှိသလို၊
အောင်မြင်ချင်စိတ်တွေ၊ နိုင်ချင်စိတ်တွေ၊ ကြီးပွါးချမ်းသာချင်စိတ်တွေ အလွန်အကျွံဖြစ် လို့ကျရှုံးသွားသူတွေလဲ ရှိကြပါတယ်။
အကောင်းဆုံးကတော့ မလျော့ မတင်း စောင်းကြိုးညှင်းဆိုသလို အရာရာ အစွန်းမရောက်ဘဲနေထိုင် လုပ်ကိုင် သင့်တယ် လို့ ဆိုရမှာပါ။)
ဆက်ပါအုံးမည်.
P-5(22June2022)
Good Vibes, Good Life. (Vex King)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၂/၁)
စိတ်ခံစားမှုကိစ္စ
(A Matter of Vibes)
တက္ကသိုလ် တက်စဥ် ငွေ ကြေး အကြပ်အတည်းကြုံရသည်။ ကျောင်းသား ချေးငွေ (Student Loan)ရသော်လည်း နေထိုင်စရိတ် က အများဆုံးသုံးရသည်။ကျန်ငွေ အနည်းငယ်ဖြင့် သာ စားသောက်ရသည်။စားသောက်ဖို့ အနိုင်နိုင်ဖြစ်နေသော အမေထံ မှလည်းငွေ အထောက်အပံ့ မယူချင်။နွေ ကျောင်းပိတ်ရက်တွင်လဲ အိမ်စာများလုပ်ဖို့ထက် နွေရာသီ အလုပ်(Summer Job)ရဖို့ ကြိုးစားရှာရသည်။
( စသဖြင့် တက္ကသိုလ်ကျောင်းသားဘဝ ငွေရေးကြေးရေးကြပ်တည်းမှု၊ ငွေ အဆင်မပြေလို့ ရည်းစား၏ စိတ်ဆိုးမှု စသည်တို့ကြောင့် သူဘဝပေး အခြေအနေ မကောင်းဘူးလို့ ခံစားရကြောင်း ဖွဲ့နွဲ့ ရေးထားသည်။)
( ကျောင်းသားဘဝ မှာ ကြပ်တည်းမှုတွေ ကတော့ မိဘက ဆင်းရဲရဲ ချမ်းသာသာ ြကံုကြပါသည်။
အမေရိကန် ၁၆ ယောက်မြောက် သမတ လင်ကွန်းဆိုလျှင် လမ်းမီးတိုင်အောက်မှာ-အချို့ကလဲ မီးဖိုက အလင်းရောင်နဲ့ စားကျက်ရသည် ဆိုသည်... မိုင်ပေါင်းများစွာဝေးတဲ့ ကျောင်းကို နေ့စဥ်တက်ခဲ့ ရသည် ဆိုသည်။
အဓိက လုံခြုံ အေးချမ်းဖို့နဲ့ အပေါင်းအသင်းမမှားဖို့ ဘဲ လိုပါသည်။ လင်ကွန်းစာဖတ်သည့် မီးတိုင်အောက်၊ ကျောင်းသွားလမ်းက မအေးချမ်းလျှင် သမတ မဖြစ်လာနိုင်ပါ။ ထိုအတူ မီးတိုင်အောက် မှာ စာဖတ်နေစဥ် အပေါင်းအသင်းများက လာပါကွာ
ခုခေတ်တော့ ဂိမ်းဆိုင် သွားရအောင်၊ စု အရက်သောက်ရအောင် ဆိုရင် လဲ ဥပဒေ ပညာဘွဲ့တောင် ရမည် မထင်ပါ။ လူတွေ ဘဝ ကို ပြောင်းလဲစေသော အရာ တစ်ခု ကို ဆက်ရေးထားပါသည်။)
တစ်နေ့ ညနေမှာ လျို့ဝှက်ချက်( The Secret)* စာအုပ် ဖတ်ဖြစ်သည်။ဒီစာအုပ် ဖတ်ပြီးနောက် ဘဝ ကို ပြောင်းလဲစေသည်၊ အကျိုးရှိသည်ဟု လူတိုင်းကပြောသည်။တွေ့ရှိမိတာတော့ ဆွဲဆောင်ခြင်းဥပဒေသ(The Law of Attraction) ဖြစ်သည်။
ဆွဲဆောင်ခြင်းဥပဒေသ က သင်တွေးတာ သင်ရခြင်းဘဲဖြစ်ပါတယ်။အခြားစကားနဲ့ ပြောရရင်၊ ကျွန်တော်တို့ ဘဝ မှာ ဖြစ်ချင်လို့ တွေးနေတာ တွေက ကျွန်တော်တို့ကို ဖြစ်လာစေတာပါဘဲ။
ဆွဲဆောင်ခြင်းဥပဒေသ က သင်ဖြစ်ချင်တာကို အလေးအနက် ထားစဥ်းစားတွေးနေတတ်ဖို့ ပါဘဲ။
#ဆွဲဆောင်မှုဥပဒေသသည် အပြုသဘောဆောင်သောတွေးခေါ်မှုအပေါ် ဦးစားပေးထားသည်။(The Law of Attraction places great emphasis on positive thinking)
(ရိုးရိုးကျင့်၊ မြင့်မြင်ကြံ။ ဒါမှ မဟုတ် အတွေးမှန်မှ အပြော မှန်မည်၊ အပြောမှ န်မှ အလုပ်မှန်မည် ဆိုတဲ့ မဂ္ဂင် ရှစ်ပါး**ကို ဆက်ရန်သာရှိပါသည်။
ဒီ အပိုဒ် မှာ ဘာသာပြန်သူ ဆို ချင်တာက လူကြီးသူမ တွေ ဆုံးမနေတဲ့ စာ ဖတ်ပါ။ စာဖတ်ပါ။
"မှတ်ဖွယ်ရာရာ ထိုထို စာ ကို ရှာ၍ မပြတ် နေ့စဥ်ဖတ်"ဆိုတဲ့ အလက်ာ လေးအမှတ်ရမိပါတယ်။ အောင်မြင်သူတိုင်းက စာဖတ်ကြပါတယ်။ စာအုပ်တစ်အုပ်ထဲ က သင် ကို ဆွဲငြိသွားစေမည့် စာတစ်ပိုဒ် လောက်က ပင် သင့် ဘဝ ကို ချက်ခြင်းပြောင်းလဲ တိုးတက်စေနိုင်ပါတယ်။ဒီစာအုပ်ဖတ်ပြီး စာရေးသူ ဘယ်လို ပြောင်းလဲ လာလည် ဆိုတာ ဆက် ရေးပါအုံးမည်။)
_________
*Byme.,R. , The Secret(Simon and Schuster. 2006)
**မဂ္ဂင် ရှစ်ပါး
၁။ သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သောအယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သောအကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Sammā vācā) = မှန်သောစကား၊ Right Speech
၄။ သမ္မာကမ္မန္တ (Sammā kammanta) = မှန်သောအမှုအလုပ်၊Right Action
၅။ သမ္မာအာဇီဝ (Sammā ājīva) = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ Right Profession
၆။ သမ္မာဝါယာမ (Sammā vāyāma) = မှန်သောအားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration
P-6(23June2022)
Good Vibes, Good Life. (Vike King)
(စာအုပ် ဘာသာပြန်)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၂/၂)
ဆွဲဆောင်ခြင်းဥပဒေသ မှ လွဲချော်ခြင်း
တက္ကသိုလ် တက်စဥ်တလျှောက်လုံး ဆွဲဆောင်ခြင်းဥပဒေသကို သုတေသန လုပ်ကြည့်သည်။ ဒီဥပဒေသကြောင့် အံ့သြဖွယ် ပြောင်းလဲလာပါသည်ဆိုသော သူများကိုလေ့လာသည်။ကျွန်တော်ထံတွင် ပျော်ရွှင်ဖွယ်ရာ အချိန်များရောက်ရှိလာသည်။ သို့သော် ပိုအရေးကြီးသည်က ဆွဲဆောင်ခြင်းဥပဒေသ ကို ယုံကြည်လက်ခံလာခြင်းဖြစ်သည်။ကျွန်တော်၏ဘဝ တစ်ခုလုံးပြောင်းလဲဖို့ အတွက် အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။
ဆွဲဆောင်ခြင် ဥပဒေသ ကို အသုံးချလျှင် သင်သည် အပြုသဘောအမြင်ရှိနေမည်။
ဒါပေမည့်တစ်ချိန်လုံး အပြုသဘောရှိနေဖို့က ခက်ခဲသည်။ ဘဝမှာ မှားမှားယွင်းယွင်း အကြောင်းအရာတွေ ဖြစ်လာတဲ့အခါ၊ ဒါမှ မဟုတ် မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာတဲ့ အခါ အကောင်းမြင်စိတ်ထားဖို့ ခက်လာသည်။
မိမိကို အများစုက အကောင်းမြင်သူတစ်ဦးဟု မြင်ကြသည်။သို့သော် သည်းခံနိုင်စွမ်းကုန်လောက်အောင် အခက်အခဲနဲ့ ကြုံရတဲ့ အခါ အပြုသဘောမြင်စိတ်ပျောက်သွားသည်။ဒေါသထွက် လိုက်ရတာက ပိုကောင်းပါသည်။တစ်ခါတစ်ရံ ပြင်ပ အကြောင်းအရာ တွေက ကျွန်တော် ကို ဖိစီးလွန်းတဲ့အခါ မျက်စိရှေ့မှ ရှိသမျှ အရာ အားလုံးကို ဖျက်စီးလိုက်ခြင် စိတ်ပေါ်လာသည်။အဖြေကတော့ အနိမ့်ဆုံးကို ဆင်းသွားခြင်းပါဘဲ။
ကျွန်တော် လူနှစ် ကိုယ်ခွဲထားသလို ဖြစ်နေသည်။ကောင်းတဲ့ အချိန်ကာလ ဖြတ်သန်းနေ ရသလို ၊ထိုနောက်မှ ဆိုးတဲ့ အချိန်တွေလဲ ကြုံတွေ့ရတဲ့ အခါ ရှိပါတယ်။ ဆိုးရွားတဲ့ အချိန်တွေ ဖြတ်သန်းချိန်မှာ ကောင်းတဲ့ ဘက်ကို မမြင်မိပါဘူး။ရိုင်းပြတဲ့စကားတွေ တစ်ဖက်လူကိုပြောမိတတ်ပါတယ်။လောကကြီးကို စိတ်ကုန်မိသည်။
ဆွဲဆောင်ခြင်း ဥပဒေသ ကို အသုံးချ၍ အောင်မြင်မှုများရရှိခဲ့သော်လည်း လွဲချော်မှုများလဲရှိသည်။ အကြိမ်ပေါင်များစွာကြုံရတဲ့ အခါ ကျွန်တော့ မှာ လိုအပ်ချက် တစ်စုံ
တစ်ခုရှိနေသေးသည် လို့ ယုံကြည်မိသည်။
ကျွန်တော် နောက်ပိုင်းမှာ ရှာဖွေတွေ့ တာကတော့ တုန်ခါခြင်းနိယာမ (The Law of Vibration )ဖြစ်သည်။ သင်ရဲ့ တုန်ခါမှု တွေကို စကြာဝဠာ က ပြန်လည်တုံ့ပြန်ပါသည်။ သင် ပို့ လိုက်လွှတ် လိုက်တဲ့ စွမ်းအင်ပေါ်မူတည်ပြီး ပြန်လာပါလိမ့်မည်။
(ဆွဲဆောင်ခြင်းဥပဒေသ က စိတ်ပညာ နဲ့ ပိုဆိုင်မည်ထင်ပါသည်။ Auto-suggestion လုပ်သည်မျိုးဖြစ်ပါမည်။ ဘုရားမှာ ဆုတစ်ခုထဲ ဘဲ အကြိမ်ကြိမ်တောင်းပါ၊ ဆုတောင်းပြည့်ပါသည်...ဆိုတဲ့သဘောမျိုးလဲ ဖြစ်ပါမည်။ အိမ်မက် ရှိပါလို့လဲပြောကြသည်။
ဖြစ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒ ရှိလျှင် မြင်သမျှတွေ့သမျှ တစ်ခုတည်းသော ရည်မှန်းချက်ကို ပြည့်ဖို့ ဘဲ လေ့လာလုပ်ဆောင်မှာ မို့ ဖြစ်ချင်တာဖြစ်လာမှာဖြစ်ပါတယ်။
ဗုဒ္ဓ တရားမှာတော့ ဆန္ဒ တစ်ခုထဲနဲ့ မရပါဘူး။
ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပာယ်ရရှိသည်။ ဣဒ္ဓိပါဒ်သည် ဖော်ပြပါအတိုင်း (၄) ပါး ရှိသည်။
၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊
၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။
ဒီ အချက် လေးချက် နဲ့ ကိုက်ညီရမည် လို့ နာယူဖူးပါသည်။)
(ဆက်ပြီး တုန်ခါခြင်းနိယာမ ကို လေ့လာပါအုံးမည်၊ သိသာထင်ရှားတာတဲ့ တုန်ခါခြင်းကတော့ လူ့နှလုံးသားပါဘဲ...)
P-7(24June2022)
Good Vibes, Good Life. (Vex King)(ဘာသာပြန်)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၂/၃)
#သင့်ရဲ့ အတွေး၊ ခံစားမှု၊ပြောဆိုမှု၊ပြုမူမှု တွေ ကို ပြောင်းလိုက်လျှင် သင့်ရဲ့ ကမ္ဘာ ကလည်းပြောင်းလဲ လာမှာပါ။
Change the way you think,feel,speak and act, you begin to change your world.
ဆွဲဆောင်ခြင်း ဥပဒေသ ထက် ကျော်လွန် တဲ့ ဥပဒေသ ကတော့ တုန်ခါခြင်း ဥပဒေသပါ။ကြီးမားသော ဘဝ တစ်ခုအတွက် သော့ချက်ဖြစ်သည်။ သင် ဒီဥပဒေသ ကို ခြုံငုံလေ့လာပြီး အသုံးချရင် သင့်ဘဝ ကပြောင်းလဲ လာစေမှာပါ။ ဒါက အခက်အခဲတွေ ရှောင်လွဲနိုင်မည်လို့ မဆိုလိုပါဘူး။ သင်ဘာလုပ်လုပ် ထိန်းသိမ်း ချင့်ချိန်ပြီး လုပ်နိုင်မည့်နည်းလမ်း ကို ရှာနိုင်ပြီး၊ သင်မြင်သလောက် ကောင်းတယ်လို့ ခံစားရတဲ့ ဘဝ ကို ဖန်တီး နိုင်မှာဖြစ်တယ်။
သင်ကျောင်းသားဘဝ ကိုပြန်သတိရကြည့်ပါ။ဒြပ်ထုတွေက အရည်၊ အစိုင်အခဲ၊ အငွေ့ စသည့် ပုံစံ အမျိုးမျိုးဖြင့်ဖြစ်တည်နေပါသည် လို့ သင်ခဲ့ရပါတယ်။ပါဝင်တဲ့ မော်လီကျူးတွေရဲ့ တုန်ခါခြင်း ကြိမ်နှုန်း(Frequency) ပေါ်မူတည်ပြီး ဘယ်အဆင့်မှာ တည်ရှိနေမည် ကို သိနိုင်ပါသည်။
အမှန်စင်စစ်မှာ ကျွန်တော်တို့ လက်ခံနိုင်တဲ့ တုန်ခါမှုကို သာသိနိုင်ပါတယ်။ ဥပမာ လူ၏နားကတစက္ကန့်ကို တုန်ခါခြင်း ၂၀ က ၂၀၀၀၀ ရှိတဲ့ အသံလှိုင်းကို သာ ကြားနိုင်ပါတယ်။ အခြား အသံလှိုင်းတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ကျွန်တော်တို့ မကြားရနိုင်ခြင်းပါ။
ကျွန်တော်တို့ အာရုံ ငါးပါး^ နဲ့ အတွေးတွေက ဒြပ် ဝတ္ထု နဲ့ စွမ်းအင် တွေ လိုဘဲ တုန်ခါမှုတွေရှိနေပါတယ်။ ကျွန်တော်တို့ စကြာဝဠာ ကြီးက တုန်ခါခြင်းတွေ စီးမျောနေတဲနက်ရှိုင်းတဲ့ ပင်လယ်ကြီးပါဘဲ။ စကြဝဠာ ကြီး က ကျွန်တော်တို့ရဲ့ အတွေး၊စကားလုံး၊ ခံစားမှုတွေ က ဖြစ်ပေါ်လာတဲ့ တုန်ခါခြင်းတွေ ကို လက်ခံပါတယ်.....စကြာဝဠာ ထဲက ပြန်လည် တုံပြန် လာခြင်းကို သင် အမှန်ခံစားရမှာပါ... ... ဒါက တုန်ခါခြင်းဥပဒေသ ပါဘဲ။
(လူများရဲ့ လောဘ၊ဒေါသ၊မောဟ ကြောင့် ကပ်ကြီးသုံးပါးဖြစ်တယ်လို့ တရားစာတွေမှာပါတယ်။
လောဘကြောင့် ဒုဗ္ဘိက္ခန္တရကပ်(ငတ်မွတ်ခေါင်းပါး အစာရှားခြင်းကြောင့် သတ္တဝါအများ ပျက်စီးရခြင်း)
ဒေါသကြောင့် သတ္ထန္တရကပ် (လက်နက်တစ်စုံတစ်ရာကြောင့် သတ္တဝါအများ အသက်ဆုံးရှုံးရခြင်း)
မောဟကြောင့် ရောဂန္တရကပ်(အနာရောဂါကြောင့် သတ္တဝါအများ သေကျေရခြင်း)
ဖြစ်တယ်။
လူတွေ က ထွက်လာတဲ့ လောဘ၊ဒေါသ၊မောဟ တုန်ခါမှုတွေကတစ်ဆင့် စကြာဝဠာ က ပြန်သက်ရောက်စေတာလား ဆက်စပ်စဥ်းစားစရာပါ။)
ဖြစ်ပေါ်လာတဲ့ စိတ်ကူး တစ်ခု ကို သင်လက်ခံရယူနိုင်ဖို့ သင် နဲ့ စိတ်ကူး တုန်ခါခြင်းနဲ့ ကိုက်ညီ ရပါမည်။ ဆိုလိုတာက သင့်အတွေး၊စိတ်ခံစားမှု၊ စကားလုံး နဲ့ လှုပ်ရှားဆောင်ရွက်မှု တွေ က သင် ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ တစ်ထပ်ထဲ ကြလာ ဖို့ဖြစ်ပါတယ်။
( တုန်ခါခြင်း သဘောတရားကို ပိုမို သိမြင်လာအောင် ဆက်လေ့လာရေးပါအုံးမည်)
---------
^ဗုဒ္ဓမြတ်စွာဘုရား၏ အလိုအရ ငါးဖြာအာရုံကို ကာမဂုဏ်ဆိုလိုခြင်းဖြစ်ပြီး
ကိလေသာအာရုံ၌ ဖွဲ့စည်းတတ်သော တရား ငါးပါး ဟု အဓိပ္ပာယ်ရသည်။
ထိုငါးပါးမှာ
* (၁) ရူပါရုံ - အဆင်းအာရုံ၊
* (၂) သဒ္ဒါရုံ - အသံအာရုံ၊
* (၃) ဂန္ဓာရုံ - အနံ့အာရုံ၊
* (၄) ရသာရုံ - အရသာအာရုံ၊
* (၅) ဖောဋ္ဌဗ္ဗာရုံ - အတွေ့အထိအာရုံ။ တို့ ဖြစ်သည်။
P-8(25June2022)
Good Vibes, Good Life. (Vex King)(ဘာသာပြန်)
စိတ်ထားကောင်းလျှင် ဘဝကောင်းမည်
အခန်း(၂/၄)
#တုန်ခါခြင်း စွမ်းအင် ဆိုတာ ဘာလဲ<