top of page
  • Writer's pictureAdmin

Credit and Debit Card ( England tour experience)

မြန်မာ့ Credit card/ Debit card


ကျွန်တော်တို့ ပြည်ပနိုင်ငံတွေသွားရင်သုံးနေကြတဲ့

Credit card/ Debit card တွေအကြောင်း

ကျွန်တော့ကိုယ်တွေ့လေးကိုနည်းနည်းမျှဝေချင်

ပါတယ်

ကျွန်တော်တို့နိုင်ငံမှာ ဘဏ်ကြီးတွေအားလုံးလိုလို

မှာ Visa , Master Credit card / Debit card

တွေပြုလုပ်ပေးနေပါပြီ

ကျွန်တော်ကတော့ CB Bank က Visa နဲ့ Master card တွေကိုအသုံးပြုလာတာ

နှစ်အတော်ကြာပါပြီ

ပြည်ပနိုင်ငံတွေရောက်ရင် Credit card မရှိရင်

အတော်မျက်နှာငယ်ခဲ့ရတာမို့ မြန်မာပြည်မှာ

Visa / Master Card တွေ စသုံးခွင့်ရတော့

အတော်လေးဝမ်းသာခဲ့ရပါတယ်

ပြည်ပသွားတဲ့အခါလည်း သုံးရတာ

အတော်အဆင်ပြေပါတယ်

ဒါကြောင့် Bank တွေကို

ကျေးဇူးလည်းတင်ပါတယ်

Mobile banking တွေ ထပ်သုံးခွင့်ရလာတော့

ကိုယ့် Acc ထဲကမြန်မာကျပ်ငွေနဲ့ USD / Euro

တို့ကိုလိုအပ်သလောက် မိနစ်ပိုင်းအတွင်း

ကိုယ့်ရဲ့ Card တွေထဲကို Top up လုပ်လို့ရလာ

တဲ့အတွက်ပိုလို့အဆင်ပြေခဲ့ရပါတယ်

အခု သုံးလာတာ နှစ်ကြာလာတော့ Transition

လုပ်တာလေးကိုနည်းနည်းသတိထားမိလာတာ

လေးပြောချင်ပါတယ်

ကျွန်တော် Dubai မှာ Master / Visa card

သုံးတဲ့အခါ 1 USD ကို 2.9 AED ( ဒူဘိုင်းငွေ )

နဲ့ Exchange rate လုပ်တာတွေ့ရပါတယ်

တကယ်အပြင်မှာက 1 USD ကို 3.6 ဝန်းကျင်

ပုံမှန်ရှိပါတယ်

သူတို့ငွေတွေကမာတော့အပြောင်းအလဲသိပ်မရှိပါ

.1 , .2 လောက်ပါပဲ

Dubai 1 AED ကို အရင်က မြန်မာငွေ ၃၀၀/၃၅၀ ကျပ်လောက်ရှိပြီး အခု 1 AED ကို

၅၀၀ ကျပ် လောက်ရှိပါတယ်

Card နဲ့ရှင်းတော့ ကျွန်တော်တို့က USD acc ဆို

တော့ Exchange rate နိမ့်လွန်းတော့

Amount များရင်များသလိုအတော်နစ်နာပါတယ်

တခါ UK ရောက်တဲ့အခါမှာလည်း Card နဲ့

သုံးတဲ့အခါ 1 £ ကို 1.72 USD နဲ့ဖြတ်ပါတယ်

အပြင်မှာ 1.57 လောက် Exchange rate ရှိပါတယ်

Amount များရင်များသလောက်ကျွန်တော်တို့

နာပါတယ်

ဒါကြောင့်သမီးငယ်က ကျွန်တော်တို့ Q 10 ရက်

ဝင်နေတုန်းမှာပဲ on line bank တခုကနေ

Visa Debit card ကို online ကနေပြီးလျောက်

ပေးပါတယ်

အတော်လေးလွယ်ကူပါတယ်

ကိုယ်ရေးအချက်အလက်တွေ ph no.

Pass port, address, photo , စသည်တို့ကို

Online ကနေပို့ပေးပြီး နောက်ရက်မှာပဲ စီစစ်ပြီး

အတည်ပြုကြောင်းအကြောင်းပြန်ပါတယ်

ကနဦး စစချင်း £ 20 ထည့်ရပါတယ်

သူတို့ card ဝန်ဆောင်ခ 5 £ ဖြတ်ပါတယ်

နောက် ၂ ရက်လောက်နေတော့အိမ်ကိုစာတိုက်

ကနေ Card ပို့လာပါတယ်

ကိုယ့် pass word နဲ့ကို change ပြီးစသုံးလို့ရ

ပါပြီ

တစ်လကို £ 2000 ထိသုံးလို့ရပါတယ်

သမီးငယ်က £ 500 စထည့်ပေးထားတော့

Shopping mall မှာရော စားသောက်ဆိုင်

Super Market တွေမှာ အလွယ်တကူသုံးလို့ရ

ပါတယ်

Exchange rate မနာတော့ပါဘူး

Transition ခကလည်း မရှိသလောက်ပါပဲ အတော်လေးနည်းပါတယ်

ကျွန်တော်တို့လို Visit Visa နဲ့လာတဲ့သူတွေ

အတွက် အတော်အဆင်ပြေပါတယ်

ကိုယ့် Card ထဲကိုငွေထည့်ပေးမဲ့သူရှိဖို့တော့

လိုတာပေါ့လေ

အခုချိန်မှာမြန်မာငွေကလည်း

တန်ဖိုးတအားကျနေတော့

အရင်က 1£ ကို 1700 ks လောက်ကနေ

အခု 1£ ကို 2700 ks လောက်ဖြစ်နေပါပြီ

မြန်မာပီပီ တခုခုစားမယ် ဝယ်မယ်ဆို

မြန်မာငွေနဲ့မြှောက်ကြည့်လိုက်ရင် စားချင်သုံးချင်

စိတ်မရှိအောင်ပဲဖြစ်မိပါတယ်

ဒီလိုအကြပ်အတည်းတွေကြားထဲက

မြန်မာတွေ မြန်မာပြည်က credit card တွေသုံး

ပြီး ပိုမကုန်သင့်တာမကုန်ရအောင် ကျွန်တော်သိတဲ့ ကိုယ်တွေ့အသိလေးကိုမျှဝေ

ပေးတာပါ

မြန်မာပြည်က Banker ကြီးတွေဖတ်မိရင်လည်း

ကိုယ့်နိုင်ငံသားတွေအတွက် သင့်တင့်တဲ့

Exchange rate နဲ့ Transition fee လေးတွေ

ဖြစ်အောင် Visa , Master Co, တွေနဲ့

ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါတယ်

သိပြီးသားသူတွေအတွက် မထူးခြားပေမဲ့

မသိသေးတဲ့သူတွေအတွက် ချိန်ဆပြီးသုံးရင်

အကျိုးတခုခုရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်

အားလုံးကျန်းမာပျော်ရွှင်ကြပါစေဗျာ

13 - 10 - 2021

Credit . U Kyaw Face book page

6 views0 comments
bottom of page