top of page
  • Writer's pictureAdmin

CASHFLOW

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း

CashFlow

ငွေကြေးစီးဆင်းမှု၊ လူခန္ဓာကိုယ်တွင် သွေးပုံမှန်လည်ပတ်နေမှသာလျှင် လူကျန်းမာသလို နိုင်ငံတစ်ခုမှာလည်း ငွေကြေးပုံမှန်စီးဆင်းနေမှ လူအများစားဝတ်နေရေးပြေလည်မည်ဖြစ်သည်။

ဝန်ထမ်းဘ၀မှာနားပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ဖို့ ကြိုးစားရာတွင် ဝန်ထမ်းဘ၀က လုပ်ခဲ့သော ရုံးလုပ်ငန်းစနစ် အချိန် ကြံ့ကြာခဲ့မှုများအတွက်

စိတ်မကောင်းဖြစ်မိသည်။

အချိန်သည်ငွေဖြစ်သည်။ ငွေသည် လုပ်ငန်းအတွက် အားဖြစ်သည်။


မန်းတလေး MMID ၏ CEO ဦးအောင်ဝင်းခိုင်က ကျွန်တော် CASH FLOW ကို အမြဲစစ်တယ်၊ဂရုစိုက်တယ်ဟုပြောသည်။ U TUBE မှ လာသော ကမ္ဘာကျော် သူဌေးများဖြစ့်သည့် ဝါရင်ဘူးဖတ်( Warren Buffett )တို့ ဂျက်မ(Jack Ma)့ အဆိုအမိန့်များတွင်လဲ နေ့စဉ်ဝင်ငွေထွက်ငွေ ကို မှတ်သား စောင့်ကြည့်သည်ဟုဆိုကြသည်။သို့သော် ကိန်းဂဏန်းများသာစောင့်ကြည့်ခြင်းမျိုးမဟုတ်လဲ၊ စာရင်းဇယားမှ ဂဏန်းတွေက ပြောဆိုညွန်ပြနေသော အကြောင်းအရာများကို ဖေါ်ထုတ်နိုင်ခြင်းဖြစ်မည်။(Free Cash Flow) ကိုတော့ အလျင်သင့်လျှင်ထပ်ဖေါ်ပြပါမည်)


ချမ်းသာဖေဖေ(Rich Dad Poor Dad)စာအုပ်တွင် ဥစ္စာဓန ပိုင်ဆိုင်မှုတွင်ပင် ရပိုင်ခွင့်(၀င်ငွေရှိသောပိုင်ဆိုင်မှု)Asset နှင့် ပေးရန်တာဝန်(ပေးရန်ရှိသော ပိုင်ဆိုင်မှု) Liability ဟုခွဲခြားထားသည်။ လူချမ်းသာတွေက ရပိုင်ခွင့်တွေ ဝယ်ကြပြီး၊ဆင်းရဲသားနှင့်လူလတ်တန်းစားတွေက ပေးရန် တာဝန် (Liability) တွေသာဝယ်ကြသည်။

ဘ၀တလျောက် ချမ်းသာချင်ရင်တော့ငွေဝင်မည့် ရပိုင်ခွင့်များကိုသာဝယ်ပါဟုဆိုတထားသည်။


တရုပ်လုပ်ငန်းရှင်သူဌေးများက သူ့သားသမီးများကို ဆုံးမရာတွင် ငွေ၀င်သည့် အိမ်ခြံမြေ နဲ့ ပိုင်ဆိုင်မှုသာဝယ်ပြီး၊ ငွေမဝင်ဘဲ အထွက်သာရှိသော ပိုင်ဆိုင်မှု ကို ရောင်းထုတ်ရန်ဆုံးမလေ့ရှိသည်။


သို့သော် သင်စီးပွားလုပ်ငန်းလုပ်နေသောဆက်နွယ်မှုများနှင့် နိုင်ငံ စနစ်သည် လုပ်ငန်းအောင်မြင်အောင် အားပေးသည့်စနစ်မျိုးမဟုတ်ဘဲ ငွေကြေးစီးတင်းမှုစနစ် နှောင့်နှေးကြန့်ကြာ ပိတ်ဆို့စေပြီး ထိုသို့ ကြန့်ကြာမှုများမှ တာဝန်ရှိသူတို့မှ ကိုယ်ကျိုးရယူသောစနစ်မျိုး၊

ဒါမှ မဟုတ် အုပ်ချုပ်မှုစနစ်ကိုက မူအရ လုပ်ခြင်းမျိုးမဟုတ်၊ အာဏာခွဲဝေမှုမရှိဘဲ ဗဟို အထိ အလုပ်ခွင့်ပြုချက် တစ်ခုသည် တက်လိုက်ဆင်းလိုက် ဖြစ်နေပါက အတိုးကြီးကြီးဖြင့်ရင်းနှီးရမည့် လုပ်ငန်းများ၊ အစုရှယ်ယာများဖြင့်လုပ်ရသော လုပ်ငန်းများအဖို့ မရေရာမှုကြားတွင် စွန့်စားဝင့်မည်မဟုတ်ပေ။


ပုဂံခေတ်တွင် သူဌေးများက ငွေလှူဘုရားတည်၊ အလုပ်များက လုပ်အားခရ၊ ငွေသုံး၊ သူဌေးတွေဆီ ပြန်ရောက်နှင့် ငွေကြေးစီးဆင်းလည်ပတ်နေရ်ျ နိုင်ငံကြီးစည်ပင်သာယာ နေသည်။

ယခုခေတ်မှု ပြည်တွင်လည်ပတ်ရုံသာမက ပြည်က စီးဝင်လာဖို့လိုလာသည်။ ကိုယ့်နိုင်ငွကငွေများအပြင် သို့စီးထွက်နေပြီး အပြင်ကငွေ စီးမဝင်လာပါက ကြာလျှင် ကိုယ့်နိုင်ငံ သဲကန္တာရဖြစ်မည်။


ထိုကြောင့် နိုင်ငံချမ်းသာအောင်၊ မိမိလည်းချမ်းသာအောင်၊ CASH FLOW ကောင်းအောင်၊ မိမိ/ နိုင်ငံထံမှ ငွေ ထွက်နည်းပြီး ငွေ ကြေးစီးဝင်မှုများအောင် လူတိုင်း အချိန်မဆွဲဘဲ ဆောင်ရွက်သင့်ပါသည်။

3 views0 comments

Recent Posts

See All

အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း မွေးဖွားခြင်း။ မိဘ အုပ်ထိန်းမှုအောက်တွင်နေခြင်း။ ပညာရှာခြင်း။ အသက်မွေးဝမ်းကြောင်းပြုခြင်း။ အိုမင်းခြင်း။သေဆုံးခြင်း။ အဆင့်များကိ

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း အားလုံးကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ လူအများစု စိတ်ခံစားမှု မကောင်းကြပါ။လုံခြုံရေးကလဲ စိတ်မချရ။ ကုန်စျေးနှုန်းကတက်ပါသည်။ လည်ပတ်ငွေတွေ မလုံလောက်၊ လုပ်ငန်းတွေက

bottom of page