• Admin

၂၀၂၁ခုနှစ် နိုဝင်ဘာ လ တွင် ကမ္ဘာ အချမ်းသာဆုံးသူဌေး အီလွန်မတ်(ပြုစုဆဲ)

Updated: Nov 16, 2021

၂၀၂၁ခုနှစ် နိုဝင်ဘာ လ တွင် ကမ္ဘာ အချမ်းသာဆုံးသူဌေး အီလွန်မတ်

Elon Musk သည် ၁၉၇၁ခုနှစ် ဇွန်လ ၂၈ ရက် (တနလာ်နေ့)တွင်

တောင် အာဖရိက နိုင်ငံ ပရီတိုရီးယားတွင်မွေးဖွားသည်။

လက်ရှိ အကာသ ဒုံးပျံယာဥ်များ ထုတ်လုပ်သည့် Space X တွင် CEO. လျှပ်စစ်ကားတွေ ထုတ်တဲ့Telsa ရဲ့ ပုံဖော်သူနဲ့ ပထမဦးဆုံးရင်းနှီးမြုတ်နှံသူ၊ Boring ကုမ္ပဏီ ရဲ့ ထူထောင်သူ၊တစ်ဦးဖြစ်သလို Neurallink နဲ့ Open AL တို့ကို ပူးတွဲ ထူထောင်သူဖြစ်သည်။

အိမ်ထောင်၃ဆက်ရှိပြီး၊သားသမီး ၇ယောက်ရှိသည်။

၂၀၂၁ခုနှစ်တွင် ဒေါ်လာ ၂၉၂.၆ ဘီလျှံ ချမ်းသာသည်။

ပညာရေးတွင် တောင်အာဖရိက ၏ University of Pretoria တက်ရောက်နေရာမှ အသက် ၁၇နှစ်အရွယ်တွင် ကနေဒါ နိုင်ငံ Queen's University သို့ ပြောင်းရွေ့တက်ရောက်ခဲ့သည်။၂နှစ်အကြာတွင် University of Pennsylvania သို့တက်ရောက်ပြီးစီးပွါးရေး နှင့် ရူပဗေဒ ဘွဲ့ ရရှိခဲ့သည်။၁၉၉၅ခုနှစ်တွင်ကယ်လီဖိုးနီးယား Stanford University သို့ပြောင်းရွေ့တက်ရောက်ခဲ့သောလည်း စီးပွါးရေးလုပ်ငန်းကို ဇောက်ချလုပ်မည်ဟုဆုံးဖြတ်ကာ ညီဖြစ်သူဖြင့်အတူZip2 Software ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သည်။Online banking ကုမ္ပဏီ X. Comကိုပူးတွဲတည်ထောင်ပြီးနောက် Confinity အဖြစ်တိုးချဲ့ ၍ ၂၀၀၀ခုနှစ်တွင် PayPal ကုမ္ပဏီ အဖြစ် ပုံဖော်ခဲ့သည်။၂၀၀၂ခုနှစ်တွင် eBay မှ PayPal ကို ဒေါ်လာ ၁.၅ ဘီလျှံ ဖြင့်ဝယ်ခဲ့ သည်။

၂၀၀၂ခုနှစ်တွင် အကာသဆိုင်ရာ ထုတ်လုပ် ပို့ဆောင်ရေး အတွက် Space X ကို တည်ထောင်ခဲ့

သည်။၂၀၀၄ခုနှစ်တွင် လျှပ်စစ်ကာ ထုတ်သည့် Telsa Motor,Inc(now Telsa, Inc)ကို ပူးပေါင်းခဲ့သည်။၂၀၀၈ ခုနှစ်တွင် CEO တာဝန် ယူခဲ့သည်။

၂၀၀၆ ခုနှစ်တွင် နေရောင်စွမ်းအင် လုပ်ငန်းအတွက် SolarCity နောက်ပိုင်းTelsa Energy,၂၀၁၅ တွင် ဥဏှောက်တု ဖြင့်ပတ်သက်၍ FriendlyArtifically Intelligence. ၂၀၁၆တွင် ဥဏှောက် နဲ့ဆိုင်သော ကွန်ပြူတာ နည်ပညာအတွက် Neuro linkတို့ကိုပူးတွဲတည်ထောင်ခဲ့သည်။အမြန်ရထားစီမံကိန်း အတွက် ဥမှင်လှိုင်တူးသော Boring Company ကိုတည်ထောင်ခဲ့သည်။

သူ့ကိုယ်ရေးရာဇဝင် ကို ဤမျှဖြင့်ရပ်၍ သူ့၏ စီမံခန်ခွဲတွေးတော်မှုများကိုလေ့လာတင်ပြပါမည်။

Elon Musk ၏ စီမခန့်ခွဲ မှု စီးပွါးရေးပညာကိုလေ့လာခြင်း(ဆက်ရန်)


Elon Musk ၏ စီမံခန့်ခွဲမှု အတွေးအခေါ်(၁၀)ချက်(5Nov2021ဖြည့်)


၁- စံနမူနာပြ ဦးဆောင်ပါ။Lead with example

"သင် တွဲဖက်တည်ထောင်သူ သို့မဟုတ် CEO ဖြစ်ပါက သင်အလုပ်များ အားလုံးကို စံနမူနာပြလုပ်ဆောင်ရမည်ဖြစ်ပြီး။ သင့်အလုပ် မလုပ်ပါက ကုမ္ပဏီသည် အောင်မြင်မည်မဟုတ်ပါ... - Elon Musk “တခြားလူတွေက အလုပ်ရက်သတ္တပတ် 40 နာရီ လုပ်ရင်သင် ကအလုပ်ရက်သတ္တပတ် 100 လုပ်ရင်တောင် သင်အလုပ် အောင်မြင်ဖို့အတွက် လေးလလောက်လိုပါမည်။” - Elon Musk သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်အားထုတ်မှုသည် အလုပ် အောင်မြင်အောင်ဆောင်ရွက်နိုင်သော ကျွန်ုပ် ၏ လုပ်ဆောင်နိုင်သော အရာ တစ်ခု ဖြစ်သည်။ အလုပ်အပေါ်စိတ်အားထက်သန်သော သူဖြစ်ရမည်။

၂- ဦးတည်ချက် ရှိရှိ ဦးဆောင်ပါ။ Lead with Purpose

“ကုမ္ပဏီအတွက် အရမ်းဆွဲဆောင်မှုရှိတဲ့ ပန်းတိုင်တစ်ခုရှိရမယ်။ ကုမ္ပဏီရဲ့ခေါင်းဆောင်ကိုယုံကြည်ပြီး ရလဒ်ကောင်းတစ်ခုရနိုင်တဲ့ အလားအလာရှိတယ်ဆိုတာကို ဝန်ထမ်းအားလုံးကယုံကြည်ရပါမယ်။

၃။တီထွင်ဖန်တီးနိုင်ပါစေ။Be Creative

“ပြဿနာက ကုမ္ပဏီကြီးတွေမှာ စဉ်းစားတွေးခေါ်စရာ မလိုတဲ့ သတ်မှတ်လုပ်ငန်းစဉ်ရှိပြီးဖြစ်နေတာပါပဲ။ သင်သည် ရှုပ်ထွေးသောစက်တစ်ခုရှိ ဂီယာတစ်ခုကဲ့သို့ ပြုမူနေရသည်။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ အဲဒါက မင်းကို တီထွင်ကြံဆမှုမရှိတဲ့ ဉာဏ်မမီသူ အဖြစ် ပုံမှန်လည်ပတ်နေရတဲ့ စက်ရုပ် လို ထိန်းထားနိုင်စေတယ်။တီထွင်ဖန်တီးနိုင်စွမ်းမရှိရင် တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေ မဖြစ်နိုင်ပါဘူး။

၄။ပူးပေါင်းဆောင်ရွက်တတ်ပါစေ။ Be Collaborative

“တစ်ဦးချင်းအရည်အချင်းရှိဖို့ အလွန် အရေးကြီးတယ်။ အားကစားအဖွဲ့တစ်ခုလိုပါပဲ၊ တစ်ဦးချင်းအကောင်းဆုံးကစားသမားရှိတဲ့အသင်းက မကြာခဏအနိုင်ရပေမယ့် အဲဒီကစားသမားတွေ အတူတကွ ပူးပေါင်း အလုပ်လုပ်ပုံနဲ့ သူတို့အသုံးပြုတဲ့နည်းဗျူဟာကလည်းအရေးပါပါသည်။ “ပြော” သည်ထက် “လုပ်” ခြင်းဖြင့် ဦးဆောင်ရသည်။ သင့်အဖွဲ့ကိုအောင်မြင်ရန် လှုံ့ဆော်ပေးသည့် ဆောင်ပုဒ်တစ်ခု ချမှတ်ပေးရန် လိုအပ်သည်။

၅။ဆန်းသစ်တီထွင်မှုကို အားပေးပါ။ Encourage Innovation

“ကျရှုံးမှုက ဒီနေရာမှာ ရွေးချယ်စရာတစ်ခုပါ။ Elon Musk သည် Space X တွင် ၎င်းတို့၏ပထမဆုံး လွှတ်တင်မှု ၃ ခု မအောင်မြင်ပါ။ Musk က အဲဒါမအောင်မြင်မှုကို လေ့လာပြီးဆန်းသစ်တီထွင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ ယူခဲ့တယ်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဆန်းသစ်တည်ထွင်ခြင်းအား ခွင့်မပြုသော ဘောင်များတွင် ချုပ်နှောင်ထားလျှင် ဆန်းသစ်တီထွင်မှု မဖြစ်နိုင်ပေ။ Elon Musk သည် ဝန်ထမ်းများအား "သမားရိုးကျ" တွေးခေါ်ပုံမှရုန်းထွက်ရန်နှင့် စိတ်ကူးသစ်များ ထွက်ပေါ်လာစေရန် ပံ့ပိုးပေးပါသည်။

၆။ပြတ်ပြတ်သားသားရှိပါစေ။ Be Decisive

"ယနေ့အခြေခံအုတ်မြစ်ချစလုပ်ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ရပါမည်။ ပစ္စုပ္ပန်မှာ သင်လိုအပ်တဲ့ အပြောင်းအလဲ ကို ယခုစလုပ်ရပါမည်။ အနာဂတ်မှာသင်လုပ်ဖို့အတွက်အခြေအနေ ပေတော့မည်မဟုတ်ပါ။ Elon Musk က သူလိုချင်တာကို သိပြီး သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်တယ်။ ဗျူဟာနှင့် လုပ်ဆောင်ချက်သည် ရလဒ်များဆီသို့ ဦးတည်ရသည်။

၇။ပြောင်းလဲခြင်းဖြင့် အဆင်ပြေပါစေ။ Be Comfortable with Change

CEO တစ်ယောက်ဖြစ်တဲ့အခါ ဘယ်စိန်ခေါ်မှုတွေ ဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပါဘူး။အောင်မြင်သောခေါင်းဆောင်များသည် မည်သည့်အခြေအနေတွင်မဆို လိုက်လျောညီထွေရှိအောင် ပြင်ဆင်ပြီးအဖွဲ့၏ပန်းတိုင်သို့ ဆက်လက်ချီတက်နိုင်စေပါသည်။ မည်သို့ပင်ဆိုစေကာမူ အဖြေရှာရန် နှင့် ဆန်းသစ်တီထွင်မှုများရှာဖွေရန် ၎င်းတို့၏ အစွမ်းအစများကိုအသုံးချနိုင်စေရပါမည်။

၈။ဂရုတစိုက်ရွေးချယ် အလုပ်ခန့်ပါ။ Hire Carefully

သင်ခန့်ထားသူတိုင်းကို သင်အမှန်တကယ် ခန့်အပ်ရန် လိုအပ်ကြောင်း သေချာပါစေ။ဖွဲ့စည်းပုံ အရ လိုအပ်၍ ရာထူးတစ်ခုကို ခန့်အပ်ခြင်းမပြုပါနှင့်။ မှန်ကန်သောလူကို ခန့်အပ်ကြောင်း သေချာပါစေ။ ခေါင်းဆောင်များကို အောင်မြင်ရန် ထိရောက်စွာ အထောက်အကူပြုနိုင်သူ များကို ပေါင်းထည့်ပါ။ လစ်လပ်နေရာကို ဖြည့်ဖို့ မဟုတ်ပါဘူး။ Predictive Index Behavioral Assessment® နှင့် PI Cognitive Assessment® ကဲ့သို့သော အကဲဖြတ်စနစ်များကိုခန့်အပ်မည်သူ တစ်ဦးသည် အောင်မြင်ရန် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိမရှိ အကဲဖြတ်ရန်အသုံးချနိုင်သည်။

၉။ထူးခြားသော စံနှုန်းများကို သတ်မှတ်ပါ။ Set Exceptionally High Standards

“ကျနော့်အတွက် နံပါတ်တစ်ပြဿနာက အလွန်ထက်မြက်တဲ့ အရည်အချင်းရှိတဲ့သူတွေကိုရှာဖွေခြင်းပါပဲ။ SpaceX မှာ အရမ်းထူးချွန်တဲ့လူတချို့ကို ရှာတွေ့တာ ကံကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်၊” - Elon Musk

အရည်အချင်းရှိသူကို ရယူခြင်းသည် ခေါင်းဆောင်များအတွက် အတွေ့အများဆုံးစီးပွားရေးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ ထိပ်တန်းအရည်အချင်းတွေကို ရှာတွေ့ပြီးတာနဲ့ အလုပ်က မပြီးပါဘူး။ ပါရမီရှင်ခေါင်းဆောင်များသည်ကျွမ်းကျင်သူတို့၏အမူအကျင့်များနှင့် ခေါင်းဆောင်မှုပုံစံကို ချိန်ညှိ၍ ထိုသူတို့ ၏ အကောင်းဆုံးစွမ်းအားကို ရယူရန်နားလည်ကြသည်။

၁၀။ လူမှန် နေရာ အဆင့်မှန် ထားရှိပါ။ Put the Right People in the Right Role

“မင်း ကုမ္ပဏီတစ်ခု ထူထောင်ဖို့ ကြိုးစားရင် ကိတ်မုန့်ဖုတ်တာနဲ့ တူတယ်။ သင့်တွင် ပါဝင်ပစ္စည်းများအားလုံးကို အချိုးအစားမှန်ကန်စွာရှိရန် လိုအပ်သည်။”— Elon Musk

အောင်မြင်သောခေါင်းဆောင်များသည် ၎င်းတို့၏လူများကို အောင်မြင်ရန်အတွက် နေရာရာထူးသတ်မှတ်ပေးသည်။ သူတို့သည် လေးထောင့်တံစို့များကို အဝိုင်းအပေါက်ထဲသို့အတင်းတွန်းထည့်ရန် မကြိုးစားကြပေ။ သင့်အဖွဲ့ထဲမှ အကောင်းဆုံးကို ရယူလိုပါက ၎င်းတို့၏ အပြုအမူဆိုင်ရာ တွန်းအားပေးမှုများအတွက် သဘာဝကျသော နေရာ အခန်းကဏ္ဍများတွင် ထည့်သွင်းပါ။ သင့်ဝန်ထမ်းများကို ၎င်းတို့ဖြင့် မသင့်တော်သော နေရာသို့ ပြောင်းလဲရန်ကြိုးစားပါက သင်သည် သူတို့၏ အရည်အချင်းကောင်းများ ဆုံးရှုံးလိမ့်မည်။လူတွေဟာ သူတို့ရဲ့ နဲ့ သင့်တော်သော အခန်းကဏ္ဍမှာ ပျော်ရွှင်ပြီး တက်ကြွနေတယ်ဆိုရင်အောင်မြင်လိုကြလိမ့်မယ်။ ယနေ့ခေတ်တွင် အကောင်းဆုံးစီမံခန့်ခွဲသည့်ကုမ္ပဏီများ၏ 30% သည် မှန်ကန်သော နေရာ အခန်းကဏ္ဍများတွင် မှန်ကန်သောလူများရရှိရန်၊ အပြောင်းအလဲအတွက်အဖွဲ့များကိုပြင်ဆင်ရန်၊ ဆက်ခံမည့်အစီအစဉ်နှင့် ထူးချွန်သောခေါင်းဆောင်များကိုပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။။


Elon Musk အစည်းအဝေး နှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေး

၁။အစည်းအဝေးကြီးများကို ရှောင်ပါ။

အစည်းအဝေး ကြီးတွေ မလုပ်ပါ။ "အစည်းအဝေးကြီးတွေ အလွန်အကျွံလုပ်တာဟာကုမ္ပဏီကြီးတွေကို အကျပ်အတည်းစေ ပါတယ်။ အချိန်တွေ အလဟသ ဖြုန်တီးရာကြပါသည်။ကျေးဇူးပြုပြီး ကြီးမားတဲ့ အစည်းအဝေးတွေအားလုံးကို ဖယ်လိုက်ပါ။

၂။အရေးပေါ်လိုအပ်သလောက်သာတွေ့ဆုံခြင်းလုပ်ပါ

Musk သည် မကြာခဏ အစည်းအဝေးများကို ဆန့်ကျင်သော်လည်း အရေးတကြီးလုပ်ဆောင်ရန်ရှိက လိုအပ်သူများကိုတွေ့ဆုံလေ့ရှိသည်။ အရေးပေါ်ကိစ္စရပ်များကို လျင်မြန်စွာ ဖြေရှင်းခြင်းဖြင့် သာမာန် အစည်းအဝေး အကြိမ်ရေ ကျဆင်းသွားစေသည်။”

၃။သင့်အတွက် အသုံးမဝင်သော အစည်းအဝေးများမှ ထွက်ခွာပါ။

Tesla သူဌေး Elon Muskသည် ၄င်းအတွက် အသုံးမဝင်သော အစည်းအဝေးများ မတက်သင့်ဟု ထင်မြင်သည်။ “သင် အတွက် အစည်းအဝေးသည် တန်ဖိုးမရှိဘူး ဆိုတာ သိတာနဲ့အစည်းအဝေးကနေ ထွက်သွားပါ။ ဒါမှမဟုတ် ဖုန်းခေါ်လိုက်ပါ။ ထွက်သွားတာဟာ ရိုင်းစိုင်းတာမဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်ရဲ့ အချိန်တွေကို ဖြုန်းတီးနေအောင် လုပ်တာဟာမိုက်ရိုင်းပါတယ်။”

၄။အတိုကောက်များကို မသုံးပါနှင့်။

Musk သည် အရာဝတ္တုများနှင့် လုပ်ငန်းစဉ်များအတွက် အတိုကောက် သို့မဟုတ် အဓိပ္ပါယ်မရှိသော နားလည်ရရှုတ်ထွေးသော စကားလုံးများကို ရှောင်ကြဉ်ရန် ဝန်ထမ်းများကိုလည်းအကြံပြုထားသည်။ "ယေဘုယျအားဖြင့်၊ ရှင်းလင်းချက်လိုအပ်သော မည်သည့်စကားလုံကိုမဆို ဆက်သွယ်ပြောဆိုရာတွင် အဟန့်အတားဖြစ်စေပါသည်။ Tesla တွင် အလုပ်လုပ်ရန်အတွက် လူများကို ဝေါဟာရအလွတ်ကျက်ရန် မလိုအပ်ပါ။"

၅။ထိရောက်သောဆက်သွယ်ရေး

အလုပ်ပြီးမြောက်ရန် လိုအပ်သော သူထံ အတိုဆုံးလမ်းကြောင်းဖြင့် အမိန့် ရောက်နိုင်ရမည်။အဆင့်ဆင့် ကွင်းဆက် Chain of command ဖြင့် အမိန့်ပေးနေခြင်မျိုးမဖြစ်စေရ။ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုရှိပြီး အဆင့်တိုင်းသိရှိစေသင့်သည်။


Elon Musk နဲ့ သက်ဆိုင်သော ကုမ္ပဏီ များရဲ့ စီးပွါးရေး အတွေးကို အထောက်အကူပြု မည့် သိကောင် ဖွယ်ရာများ

TELSA,Inc

Telsa, Inc သည် အမေရိကန် ကယ်လီဖိုးပြည်နယ်တွင် ရုံးချုပ်ရှိပြီးအမေရိကန် လျှပ်စစ် ကားနှင့် ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီ ဖြစ်သည်။ဌာနချုပ်ကို တက်ကဆက်သို့ ပြောင်တော့မည်ဟုကြေငြာထားသည်။၂၀၀၈ မှ စ၍ Elon Musk က CEO တာဝန်ယူခဲ့သည်။လက်ရှိရင်နှီးမြုတ်နှံမှုသည် ဒေါ်လာ ၃၁.၅၄ ဘီလျှံရှိသည်။ဒီ.၂၀၂၀. လုပ်သား 70757 ယောက်(2020) ရှိသည်။တည်ထောင်သူများမှာ Elon Musk, Martin Eberhard, JB Straubel, Marc Tarpenning, Ian Wright တို့ ဖြစ်သည်။

Telsa Logo










Tesla's ဆောင်ပုဒ်။

To accelerate the advent of sustainable transport and electric technology.

ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်နည်းပညာထွန်းကားရေးကို အရှိန်မြှင့်ရန်။


Tesla ကို ၂၀၀၃ ခုနှစ်တွင် အင်ဂျင်နီယာ တစ်စု မှ တည်ထောင်ခဲ့သည်။လျှပ်စစ်ကားများ ကိုဓာတ်ဆီကားထက် ပိုကောင်း၊ ပိုမြန်ပြီး အသုံးပြု၍ အဆင်ပြေရန် တီထွင် ထုတ်လုပ်ခဲ့သည်။ယနေ့တွင် Tesla သည် လျှပ်စစ်ကားများ သာမကဘဲ အကန့်အသတ်မရှိ အရွယ်အစားကြီးမားသော သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်ခြင်းနှင့် ဘက်ထရီများကိုလည်း ထုတ်လုပ်ရန်ဆောင်ရွက်လျက်ရှိသည်။

2008 ခုနှစ်တွင် Tesla ၏ နောက်ဆုံးပေါ် ဘက်ထရီနည်းပညာနှင့် လျှပ်စစ်ပါဝါရထားတို့ကိုထုတ်ဖော်ပြသခဲ့သည်။ ထိုနေရာမှ Tesla သည် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်ဆီဒင်ကားModel S ထုတ်ခဲ့သည်။ 2015 ခုနှစ်တွင် Tesla သည် National Highway Traffic Safety Administration မှ အမျိုးအစားတိုင်းတွင် ကြယ် 5 ပွင့်ဘေးကင်းရေး အဆင့်သတ်မှတ်ချက်များ ရရှိထားသည့် သမိုင်းတစ်လျှောက် ဘေးအကင်းဆုံး၊ အလျင်မြန်ဆုံးနှင့် စွမ်းရည်အရှိဆုံး အားကစားသုံးယာဉ် Model X ဖြင့် ၎င်း၏ထုတ်ကုန်လိုင်းကို တိုးချဲ့ခဲ့သည်။ CEO Elon Musk ၏ Tesla သည် 2017 ခုနှစ်တွင် ဈေးနှုန်းသက်သာပြီး ပမာဏမြင့်သော လျှပ်စစ်ကားModel 3 ကို မိတ်ဆက်ခဲ့သည်။ ထိုအတူ Tesla သည် အလုံခြုံဆုံး၊ သက်တောင့်သက်သာအရှိဆုံး ထရပ်ကားကို ထုတ်ဖော်ပြသခဲ့သည် – Tesla Semi – လောင်စာဆီကုန်ကျစရိတ်တစ်ခုတည်းအပေါ်အခြေခံ၍ မိုင်တစ်သန်းကျော်တွင် ပိုင်ရှင်များကို အနည်းဆုံးဒေါ်လာ 200,000 သက်သာစေရန် ဒီဇိုင်းထုတ်ထားသည်။ 2019 ခုနှစ်တွင် Tesla သည် အလယ်အလတ်တန်းစားSUV မော်ဒယ် Y နှင့် သမားရိုးကျ ထရပ်ကားထက် အသုံးဝင်ပြီး ပြိုင်ကားထက် စွမ်းဆောင်ရည်ပိုကောင်းသော Cybertruck တို့ကို ထုတ်ဖော်ပြသခဲ့သည်။

ရေရှည်တည်တံ့သောစွမ်းအင်စနစ်တစ်ခုလုံးကိုဖန်တီးရန်အတွက် Tesla သည် Powerwall၊Powerpack နှင့် Solar Roof တို့ကိုထုတ်လုပ်ပေးကာ အိမ်ပိုင်ရှင်များ၊ လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်း၊ သိုလှောင်မှုနှင့် သုံးစွဲမှုများကို မိတ်ဆက်ပေနိုင်ခဲ့ပါသည်။ Tesla ၏ မော်တော်ယာဥ်နှင့် စွမ်းအင်ထုတ်ရာတွင်သုံးသည့် ဘက်ထရီဆဲလ်ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချရန် ဒီဇိုင်းထုတ်ထားသည့် Gigafactory 1 ကိုတည်ဆောက်ခဲ့သည်။

Tesla သည် ထုတ်ကုန်များကို လူများ ပိုမိုလက်လှမ်းမီနိုင်ကာ စျေးနှုန်းသက်သာစွာဖြင့်ဆက်လက်ဖန်တီးနေပြီး နောက်ဆုံးတွင် သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးနှင့် သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ လျှပ်စစ်ကားများ၊ဘက်ထရီများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့် သိုလှောင်မှုတို့သည်သီးခြားတည်ရှိနေပြီဖြစ်သော်လည်း ပေါင်းစပ်လိုက်သောအခါတွင် အလားအလာကောင်းများရရှိနေသည်။

Telsa ကုမ္ပဏီ တည်နေရာ နှင့် စက်ရုံ ကြမ်းခင်းဧရိယာ

ကားအစိတ်စအပိုင်က်ရုံးများကို အမေရိကန် အပြင် တရုပ် ဂျာမဏီ စသော နိုင်ငံများတွင် ထုတ်လုပ်သည်။ အချို့ စက်ရုံများသည် ယခင် ကားထုတ်သည့် ကုမ္ပဏီ များ၏ စက်ရုံများကို ပြန်ဝယ်ခြင်းဖြစ်သည် ကိုတွေ့ရသည်။ အကျယ်အဝန်းများကို ဖော်ပြခြင်းမှာ ကိုယ့်နိုင်ငံတွင်လည်းအစိတ်အပိုင်းတစ်ခု ထုတ်မယ်စိတ်ကူးရင် ခန့်မှန်းရအောင်ဖြစ်သည်။









(လူတစ်ယောက်၏ အောင်မြင်မှုကိုဘဝ တစ်စိတ်တစ်ပိုင်းလေ့လာရုံ၊ အပို ဆာဒါများဖြင့်ရေးဖွဲ့ထာသည့် အထ္တုပတ္တိ များ၊ ပိုင်းဖြတ်ထားသော အဆိုအမိန့်များဖြင့် ကိုးကားရန်မသင့်ပေ။ သူဘယ်လို အဆင့်ဆင့်တက်ကြိုစားလာသည်၊ ဆုံးရှုံး မှုကို ဘယ်လို ကျော်လွှားခဲ့သည် ကို ပြည်ပြည့်စုံစုံလေ့လာနိုင်ရန်ကြိုးစားရေးသားထားပါသည်။ ပြည့်စုံစွာ လေ့လာပြီးရင် အကြောင်းအကျိုးဆက်စပ်ပုံ ကို သုံးသပ်ပါမည်)




Space X ဆောင်ပုဒ်

“On The Border By The Sea – And Beyond!

ပင်လယ်စည်းမှ - လွန်မြောက်၍


Elon Musk သည် ၂၀၀၂ခုနှစ်မေ လ၆ ရက်တွင် တည်ထောင်သော အကာသ တွင် ပို့ဆောင်ရေး၊အကာသ အတွက် ပစ္စည်း ထာတ်လုပ်ရေးအတွက် အမေရိကန် ကယ်လီဖိုနီးယာတွင်Space Exploration Technologies Corp. (SpaceX) စတင် ထူထောင်သည်။

Space Exploration Technologies Corp. ရည်မှန်းချက်မှာ အကာသ ပို့ဆောင်ရေးစရိတ်လျော့ချရန်နှင့် အဂ်ဂြိုလ် တွင် လူနေထိုင်နိုင်ရန်ဖြစ်သည်။ အကာသသို့လွှတ်တင်မည့် ဖယ်လကွန် ဒုံးပျံများ။ကုန်ပို့ Dragon အာကသယာဥ်များ။Starlink ဆက်သွယ်ရေးဂြိုလ်တု လုပ်ငန်များဆောင်ရွက်သည်။

ရင်နှီးမြုတ်နှံမှု မှု၂၀၁၈ ခုနှစ် တွင်ဒေါ်လာ ၂ ဘီလျှံရှိပြီးElon Musk က ၅၄% ပိုင်ဆိုင်သည်။ဝန်ထမ်း ၉၅၀၀ (၂၀၂၁) ရှိသည်။


အကာသ တွင် ဦးဆောင် အောင်မြင်မှုများစွာရှိခဲ့ သည်။၂၀၀၈ ခုနှစ်တွင် ကိုယ်ပိာင်လောင်စာဖြင့် အကာသ သို့ ဒုံးပျံ လွှတ်တင်နိုင်သည်။၂၀၁၂ တွင် နိုင်ငံတကာ အကာသစခန်းသို့ ကိုယ်ပို င်Dragon အကာသယာဥ်စေလွှတ်နိုင်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် ကိုယ်ပိုင်ယာဥ်ဖြင့် အကာသ သို့ အကာသ ယာဥ်မှူးများကို ပထမ အကြိမ်စပို့နိုင်ခဲ့ သည်။

အလားတူ SPACESHIP အမည်ဖြင့်ပြန်လည် အသုံးပြုနိုင်သော၊ဝန်များစွာ သယ်နိုင်သောဒုံးပျံယာဥ်ကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။



ပထမ ဆုံ Space xX မှ လွှတ်တင်သည့် Dragon အာကသ ယာဥ် ပြန်လည်ဆယ်ယူပြီးပုံ (Dec 2020)


ဝန်ထမ်းများ



ကုန်အကျစရိတ်များသော အာက သ သို့ တွန်း လွှတ်သည့် ဒုံးပျံ ကိုယ်ထည်သည် ယခင် ကတစ်ကြိမ်သာ အသုံးပြု ပြီး ပင်လယ်ပြင်သို့ လွှတ်ချခဲ့ ရသည်။ Space X မှ ပြန်လည် အကြိမ်ကြိမ် သုံးနိုင်ရန် ပင်လယ် အတွင်းရှိ ဖောင် ပေါ်သို့ ဆင်းသက်နိုင်ရန်ဆောင်ရွက်ခဲ့ ရာ သုံးကြိမ်မြောက် လွှဲချောခဲ့ သည်။ အားနည်းချက်များကို ပြင်ဆင်စမ်သပ်ခဲ့ ရာအောင်မြင်ခဲ့သည်။ထိုကြောင့် အာက သ သို့ ယာဥ်များ၊ဂြိုလ်တုများစေလွှတ်ရာတွင် ကုန်ကျစရိတ်များစွာလျော့ကျစေသည်။


ဝန်ချိန်များစွာ အာကသဥို့ သယ်ဆောင်နိုင်မည့်Star Ship အာက သ ယာဥ်တည်ဆောက်သည့် စက်ရုံ နှင့် ယာဥ်။


Space X ဌာန ချုပ် နှင့် တည်ဆောက်ဆံ ဒုံးပျံများ


Boring Company






The Boring ကုမ္ပဏီကို Elon Musk က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှာ အမေရိကန်နိုင်ငံကယ်လီဖိုးနီယားမှာ စတည်ထောင်ခဲ့သည်။

သူ ကုမ္ပဏီ ၏


ဆောင်ပုဒ်မှာ အဲဒါ တို့ ဘိုးရင်း ကလုပ်တာဘဲ(Boring, it's what we do.)ဖြစ်သည်။


အဓိ ကရည်ရွယ်ချက်မှာ ယာဥ်ကြောပိတ်ဆို့မှုပြသနာ ဖြေရှင်းနိုင်ရန်ဖြစ်သည်။


မြေပြင်တွင်ဆောင်ရွက်ထားသော မိုးပျံယာဥ်ကြောများသည် စျေးကြီးပြီး အဆောက်အအုံများကို အနှောက်အယှက်ဖြစ်စေသည်။မြေအောက် ဥမှင် တူးခြင်းသည် ယာဥ် များလျင်မြန်စွာသွားလာနိုင်ပြီးစီးပွါးရေးတွက်ခြေ ကိုက်စေသည်။ယာဥ်ကြောပိတ်ဆို့မှုကိုလျော့ကြစေမည်။ထိုအပြင် မြို့ပြ၏ အဖိုးတန်မြေများဆုံးရှုံး မှုနည်းစေ၍ မြို့ရွာ များပိုမိုလှပစေမည်။