top of page
  • Writer's pictureAdmin

အားလုံးကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း

အားလုံးကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ

လူအများစု စိတ်ခံစားမှု မကောင်းကြပါ။လုံခြုံရေးကလဲ စိတ်မချရ။ ကုန်စျေးနှုန်းကတက်ပါသည်။ လည်ပတ်ငွေတွေ မလုံလောက်၊ လုပ်ငန်းတွေက မလည်ပတ်၊ ပုံသေကုန်ကျစရိတ်တွေကလဲလျော့ချစရာ မကျန်သလောက်။ ရေးရင် မကုန်လောက်ပါ။


အဓိက ကျန်မာရေး၊ ကိုဗစ်ကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်ကြသည်။ ဆပ်ပြာရည်ဘူးဆိုလဲ အကြီးတစ်လုံး၊အသေးတစ်လုံး၊အလတ်ပါပါသေးသည်။ဆေးဝါး၊ငွေကြေးပြည့်စုံသူများ၊ ဆေးပါရဂူများပင် ရောဂါ ဝေဒနာကူးစက်သည်က မလွတ်။ ကိုဗစ်ကုရင် ကုတဲ့ဆရာပါသေတော့ လူတွေလဲ ဇဝေဇဝါဖြစ်။

အရေးထဲ ဘဏ်တွေကလဲ ငွေမလည်။ ငွေချေးပြီး လုပ်ငန်းမတည်သူတွေ၊ဆောက်လုပ်ရေးကန်ထရိုက်တွေ၊ ဆိုင်းဘုတ်တင်ပြီးထဲ က ဘဏ်တိုးတက်၊ အလုပ်က မဖြစ်၊ ဆိုင်ခန်းငှား၊ အဆောက်အဦးငှားလုပ်ငန်းထောင်သူတွေလဲ အဆင်မပြေ။

ဒေါ်လာစျေး၊ရွှေစျေးတက်သည်။ ဒါကတော့ ကောင်းတဲ့သူအဖို့ကောင်းသည်။


အလုပ်ရှင်တွေက အရင်က ဝင်ငွေရတဲ့ ပိုင်ဆိုင်မှု(Assets) တွေက အခုတော့ စရိတ်တွေတက်နေတဲ့ ပိုင်ဆိုင်မှု (Liability) တွေဖြစ်၊ လုပ်သားတွေ လျော့ချ၊လျှပ်စစ်မီးတွေပိတ်၊ထိန်းသိမ်းစရိတ်တွေတက်။


ဟိုတယ်ကျွမ်းကျင်ဝန်ထမ်းတွေလို ကျွမ်းကျင်ဝန်ထမ်းတွေက ရွာပြန်၊ အကြော်ရောင်း။ အလုပ်အကိုင်မရှိတော့ လာအိုတောင် အလုပ်သွားလုပ်ရသူ ရာထောင်ရှိ၊ တရုပ်၊ထိုင်း၊ မလေးရှားတော့ ဆိုဖွယ်မရှိ။


စိတ်ဓါတ် ကျဖို့ ရေးခြင်းမဟုတ်ပါ။ အများစု အားလုံးခံစားနေရတာပါ။စိတ်ဓါတ်မကျဖို့လိုပါသည်။


ဒီ အဖြစ်အပျက်တွေ အားလုံးသည် လောကဒဏ် များဖြစ်သည်။လောက ဓမ္မ၊ လောကဓံ ရှစ်ပါးရှိသည်။ ပစ္စည်းဥစ္စာရခြင်း၊ ပစ္စည်းဥစ္စာမရခြင်း၊ အခြွေအရံ များခြင်း၊ အခြွေအရံ နည်းခြင်း၊ချီးမွန်းခံရခြင်း၊ ချီးမွန်းမခံရခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း တို့ဖြစ်သည်။ အကောင်းလောကဒဏ်ဖြင့် ကြုံပြီး၊ မောက်မာ ရမ်းကားလျှင်လဲ အဆိုးဘက် ပြန်ရောက်နိုင်သည်။ သဘာ၀တရား ဖြစ်၍ရှောင်လွဲ မနိုင်။ ဘ၀အဆုံးခံလည်း မလွတ်မြောက်ပါ။ မမြင်ရသော သံသရာ ဟိုဖက်သည် ပိုကောင်းစရာ မရှိနိုင်ပါ။


လောကဓံ ကြုံတွေ့လျှင် တည်တည်ငြိမ်ငြိမ်နဲ့ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်ဖို့ အရေး အကြီးဆုံးဖြစ်သည်။


ပြသနာ အခက်အခဲတိုင်းမှာ အဖြေရှိသည်လို့ အောင်မြင်သူများက ဆို ကြပါသည်။

အားလပ်သော အချိန်၊ အချိန် ပိုတွေကို အကျိုးရှိအောင် အသုံးချနိုင် သူသည် ဘဝအောင်မြင်သူများဖြစ်လာကြသည်။


အချိန်ပိုကို ဘာသာတရားလိုက်စားသူအဖို့ တရားအားထုတ်ခြင်း၊ တရားနာခြင်းဖြင့် တည်ငြိမ်မှုကို ရနိုင်ပါမည်။

အများကို အကျိုးပြုနိုင်မည့် လုပ်ငန်းကို လုပ်ရပါမည်။ အနည်းဆုံးကိုယ့်လုပ်ဖေါ်ကိုင်ဘက်တွေကို အားရှိစေရပါမည်။


ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့မှာ

အဓိက အသုံးစရိတ်လျော့ချသင့်သည်ကို လျော့ချနိုင်ဖို့ ကြိုးစားရပါမည်။ဆန်မရှိ အစားကြီးလုပ်မရပါ။

ဝင်ငွေ ရမည့်နည်းလမ်းကို ရှာရပါမည်။ ဒီလို အကြပ်အတည်းမှာပင် on line မှ ငွေရှာခြင်း၊ ကုန်ပို့ခြင်း၊ စျေးဝယ်ပို့ခြင်း၊ သင်တန်းများဖွင့်ခြင်း မှသည် ငွေ ကြေးစျေးကွက်ကို အသုံးချဖို့အထိ လုပ်ငန်းလုပ်နိုင်သူများရှိသည်။


စားစရိတ်လျော့ချဖို့က မြေကွက်လပ်ရှိရင် စားပင်စိုက်၊ မရှိရင် အိုးနဲ့ စိုက်၊ နေရာများများရအောင် စင်တင်စိုက်ရင်း ဆောင်ရွက်သူမှ ဥယျာဉ်ခြံမြေ မွေးမြူရေးအထိ အားစိုက်ထုတ်သူရှိသည်။


မိမိ အိမ်၊ လုပ်ငန်းများကို New Normal ဖြင့်ကိုက်ညီအောင်၊ ပိုမို စနစ်ကျအောင်၊ ပြုပြင်ထိန်းသိမ်း၊ ပြင်ဆင်စရာများ၊ လုပ်ခြင်းသည်လဲ အကျိုးရှိပါသည်။


ထိုအပြင် မိမိ ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ လေ့လာစရာ၊ မှတ်သားစရာများကို စာအုပ်စာပေ၊ အင်တာနက်များ၊ Online သင်တန်းများမှ လေ့လာခြင်း၊

အင်္ဂလိပ်စကားပြော ကဲ့သို့ ဘာသာစကားပြောများလေ့လာခြင်းဖြင့် ကိုယ့်အရည်အချင်းမြင့်တက်စေပါသည်။


ကိုယ်ကျင့် သီလ ကောင်းပြီး ပညာအတွေ့အကြုံ ပြည့်စုံလျှင် အလုပ်အကိုင်အခွင့်အလန်းများစွာရှိပါသည်။ မိမိကိုယ် အမြဲ ပြုစုပျိုးထောင်နေရပါမည်။


ယခုလို ကာလ မျိုးတွင် အရေးအကြီးဆုံးမှာ ကိုဗစ် မကူးစက်ရေးဖြစ်ပါသည်။ မိမိ ကို ကာကွယ်သလို မိမိ ဆက်စပ်နေသော အသိုင်းအဝိုင်း တွင်ကိုလဲ ကိုဗစ် ကာကွယ်နိုင်ဖို့ အသိရှိအောင်၊ သတိရှိအောင် အမြဲ လှုံဆော် ဆောင်ရွက်ရပါမည်။


သင်ရှင်သန်နေဖို့ အရေးအကြီးဆုံးဖြစ်ပါသည်။ သင်ရှင်သန်နေပြီး သီလ၊ သမာဓိ၊ ပညာ ပြည့်စုံအောင်ဆောင်ရွက်နိုင်လျှင် ကံ၊ဉာဏ်၊ ဝီရိယဖြင့် သင် ကျန်းမာ စိတ်ချမ်းသာ ပြီး လိုအင်ဆန္ဒများပြည့်စုံအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(မိမိကိုယ် ကို ဆုံးမသော စာဆို ပိုမှန်ပါမည်)

13 views0 comments

Recent Posts

See All

အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း မွေးဖွားခြင်း။ မိဘ အုပ်ထိန်းမှုအောက်တွင်နေခြင်း။ ပညာရှာခြင်း။ အသက်မွေးဝမ်းကြောင်းပြုခြင်း။ အိုမင်းခြင်း။သေဆုံးခြင်း။ အဆင့်များကိ

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း CashFlow ငွေကြေးစီးဆင်းမှု၊ လူခန္ဓာကိုယ်တွင် သွေးပုံမှန်လည်ပတ်နေမှသာလျှင် လူကျန်းမာသလို နိုင်ငံတစ်ခုမှာလည်း ငွေကြေးပုံမှန်စီးဆင်းနေမှ လူအများစားဝတ်နေရေးပြေလည်မည်ဖြစ်သည်

bottom of page