အောင်မြင် ကြွယ်ဝချမ်းသာစေ ခြင်း
လုပ်ငန်း အောင်မြင်ချင်ရင်
သူတစ်ပါးကို အပြစ်မတင်ပါနဲ့။ မိမိ အလေ့အကျင့်ကိုပြင်ပါဆိုပြီး ဖတ်လိုက်ရသည်။
အလုပ်အောင်မြင်မှ ချမ်းသာပါမည်။
အားလုံး ချမ်းသာဖို့ အရေးအကြီးဆုံးက မိမိဝန်ထမ်းများတွင် အရည်အချင်းပြည့်ဝ၍ အလေ့အကျင့်ကောင်းတွေရှိရပါမည်။ ဘာတွေရှိသင့်လဲ။
၁။ အချိန်လေးစားရပါမည်။
ချိန်းဆိုးထားသော အချိန်၊ အလုပ်ဝင်ချိန်၊ မှန်ဖို့လိုပါမည်။
အလုပ်ပြီးရန် သတ်မှတ်ပေးသည့်အချိန်များတွင်လည်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရပါမည်။ အခြေအနေအရ လုပ်ရင်းကိုင်ရင်း မပြီးနိုင်ကြောင်းတွေ့လျှင် လိုအပ်သည်များဖြည့်ဆီးပေးနိုင်ရန် သတင်းပို့နိုင်ရပါမည်။အလုပ်ခွင်ထဲ လေလွှင့်ချိန်များအောင် လုပ်နေခြင်းမျိုးမလုပ်ရ။
၂။ ပညာ အရည်အချင်းရှိအောင် သင်ယူနေရမည်။
ယခုခေတ်က ဘွဲ့ရမှ ပညာတတ်သည်ဟု မဆိုလိုနိုင်ပါ။ အလုပ်ခွင်သင်တန်းများ၊ on line အင်တာနက်များ မှ သင်တန်းများ၊ PDF စာအုပ်များ၊ U Tube မှပင် မိမိ စိတ်ဝင်စားရာဘာသာရပ်ကို လေ့လာနိုင်ပါသည်။ ဘွဲ့ရပြီး ဘာမှ ဆက်မလေ့လာလျှင်လဲ စိတ်ဝင်တစ်စားလေ့လာသူလောက် ကြာလေ အသုံမတည့်လေဖြစ်တတ်ပါသည်။
၃။ အလုပ်တာဝန်ကိုလေးစားရမည်။
ပိုက်ဆံရဖို့သာ အလုပ်လုပ်နေပြီး၊ အလုပ်ပြီးစီးအောင်မြင်ဖို့ထက် အလုပ်မှ မိမိ ကိုယ်ကျိုးအမြတ်ထုတ်ဖို့၊ လစ်ရင်လစ်သလို ချောင်ခိုခြင်းများ မလုပ်ဖို့ လိုပါသည်။
အချို့ဆို အလုပ် လာချင်လာသည်၊ သတင်းမပို့ဘဲ ပျက်တတ်သည်။ မိမိတာဝန် မလွှဲ ဘဲ မပြောမဆို ထွက်တတ်သည်။အလုပ်ပြောင်းတတ်သည်။ ရေ ရှည်မှာ ထိုသူမျိုး မတိုးတက်ပါ။
၄။ ကိုယ်ရည်ကိုယ်သွေးမြင့်အောင် နာယူ လေ့ကျင့်နေရမည်။
အချို့ဝန်ထမ်းများသည် သူလုပ်သည့်အလုပ်တွင်ပါရမီပါ၍ ပြောဆိုလုပ်ကိုင်သည်ကို ကြည့်လိုက်ယုံဖြင့် သိနိုင်သည်။ တစ်ဖြေးဖြေး ရာထူးတိုးပေး၍ရသည်။
အချို့သည် ပါရမီမပါသောလည်း မိမိ အရည်အသွေး ထက်မြက်အောင် လေ့ကျင့်ကြိုးစားသည်။ တဖြေးဖြေးသူ၏ ပြင်ဆင်သောအကျင့်သည် သူ၏ ပါရမီ အဖြစ် လုပ်ခွင်တွင် အားထားရသူဖြစ်လာသည်။
မိမိဝန်ထမ်းများ ထူးချွန်သော သူများဖြစ်ရေး၊ ထူးချွန်သော ဝန်ထမ်းများရရှိရေး နှင့် လုပ်ခွင်ထဲမှ ထူးချွန်နိုင်ရန် ဇရှိသော သူများကို ပြုစု ပျိုးထောင်၍ နေရာမှန်မှာ တာဝန်ပေးနိုင်သူသာလျှင် အောင်မြင်သော လုပ်ငန်းရှင် ဖြစ်ပါမည်။
ထိုကြောင့်
အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ဖို့ ဝန်ထမ်းများကို အပြစ်မြင်မည့်အစား
မိမိကိုယ်တိုင် အောင်မြင်သောသူ ဖြစ်အောင် ကျင့်ကြံကြိုးစားရပါမည်။