top of page
  • Writer's pictureAdmin

အင်ဂျင်နီယာ ဆိုင်ရာ အသုံးဝင်သော အချက်အလက်များ နှင့် ပုံများ

Updated: Aug 5, 2022

Ramp

အသုံးအနှုန်း

လှေခါး


ရေချိုးခန်း အိမ်သာ

မီးဖို


မိုးယိုခြင်း





#SmallSwimmingPool Idea






#BedRoomIdea


#SepticTank

#ဆရာမ Daw Aye Aye Win ရေးသားပါသည်


🩸မိလ္လာပိုးစားကန် အကြောင်း သိကောင်းစရာများ အပိုင်း ( ၃ )🩸💧


(အရင် ပျက်သွားသော wall မှာ တင်ပေးဖူးတာလေး တင်ပေးလိုက်ပါတယ်။)


🩸မိလ္လာကန်များကို များသောအားဖြင်တော့ အုတ်နဲ့ တည်ဆောက်ကြပါတယ်။

တစချို့ကတော့ concrete နဲ့လည်း တည်ဆောက်ကြပါတယ်။


🩸အဆင့်ဆင့်ကတော့

🩸မြေကြီးတူးမယ်။ hardcore အောက်အထိပါ။

🩸 hardcore ရိုက်မယ်။

🩸Lean လောင်းမယ်။

🩸Base slab လောင်းမယ်။

🩸Wall စီမယ်။pipe တွေ တစ်ခါတည်းထည့်မယ်။

🩸Plaster ချောမယ်။

🩸အဖုံးလောင်းမယ်။

🩸 Manhole ထည့်နဲ့ Vent pipe ထည့်မယ်။


🩸ဒါပါပဲ။


🩸ကန် အတွင်းမှာ ပိုးစားကန် နှစ်ခုခွဲ ဖို့ duffle wall ထားပေးရပါတယ်။ သူ့ကိုတော့ အပေါ် slab အထိ အပြည့် စီတာမျိုးမဟုတ်ပဲ အနည်းဆုံး တစ်ပေ မှ တစ်ပေခွဲ အထိ ထားပေးရပါတယ်။


🩸တစ်ချို့က အ၀င် Inlet pipe ရဲ့ Teel အောက်နဲ့ အညီ Buffle wall ကို စီပေးကြပါတယ်။ Design အတိုင်း လုပ်ဖို့ပဲ လိုပါတယ်။


🩸အခု ပုံ မှာတော့ ပိုးစားကန် နှစ်ခုကို ပိုက်နဲ့ ဆက်ထားတဲ့ ပုံပါ။ ပိုးစားကန်မှာ ဒုတိယကန်မှာ ကျောက် တုံးလေးတွေ စီထည့်ပေးထားတာကို ပုံမှာ တွေ့ရမှာပါ။ သူက ဘာအတွက် ရည်ရွယ်တာလဲဆိုတော့ ရေစစ်ကန် သဘောမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။ သူ့အပေါ်ကို ‌ပထမ ပိုးစားကန်ကကျလာတဲ့ အရည်တွေက ဖြာစီးဖို့ ရည်ရွယ်ပါတယ်။ သူက ‌Aerobic bacteria ပေါက်ဖွားပြီး အလုပ်လုပ်ရမှာ ဖြစ်တဲ့ အတွက် အလင်းရောင်နဲ့ လေ ကောင်းမွန်စွာ ရရှိဖို့လည်း အရေးကြီးပါတယ်။


🩸ဒီ ‌အရည် စစ်ကန်က ထွက်လာတဲ့ အရည်တွေက အနည် အဖတ် အမှုန်အမွှားတို့ကို ကျောက်တုံးလေးတွေပေါ် တင်ကျန်ရစ်စေပြီး အတော် အသင့် သန့်စင်တဲ့ အရည်ကြည်ဖြစ်နေဖို့ပါ။


🩸ပြီးရင်တော့ Soak Pit ကို ပို့ပါတယ်။


🩸ဒီနေရာမှာ တစ်ချို့က Soak pit ကို ပိုးစားကန်နဲ့ ခွဲ ဆောက်ကြပါတယ်။တစ်ချို့က တွဲဆောက်ကြတယ်။


🩸ခွဲသည်ဖြစ်စေ၊ တွဲသည်ဖြစ်စေ သူကတော့ အောက် ဖက်ကို အလွတ်ထားခဲ့ရမှာပါ။ အုတ်ရိုးစီမည့် နေရာပဲ Base Slab လောင်းပေးဖို့လိုပါတယ်။ သူ့ ကြမ်းခင်းနဲ့ အထဲမှာတော့ ကျောက်တုံး ဒါမှ မဟုတ် အုတ်ကျိုးတွေ ဖြည့်ပေးထားရပါတယ်။


🩸Soak pit ရဲ့ အဓိက အလုပ်ကတော့ ပိုးစားကန်ကနေ ထွက်လာတဲ့ အရည်တွေကို မြေကြီးထဲ စိမ့်၀င်အောင် လုပ်ပေးရတာဖြစ်လို့ Plaster ချောရင်လည်း အတွင်းမှာ အပေါ်မှ အောက် တစ်ပေ ၊ တစ်ပေခွဲပဲ ချောပေးရပါတယ်။ ဒါမှ သူက ‌အုတ်ကြားတွေထဲကနေ ရေစိမ့်ထွက်မှာပါ။


🩸Soak Pit ကို ခွဲပြီးတည်ဆောက်မယ် ဆိုရင်တော့ သူတို့ နှစ်ခုကို ဆက်မည့် ပိုက်က တစ်ပေကို ၁/၄လက်မ နဲ့ အစောင်းပေးခဲ့ရပါမယ်။

ပြီး‌ေတာ့ အ၀င် pipe အောက်ကို သုံးလက်မ နှိမ့်ပြီး ထည့်ပ