အချိန်စီမံခန့်ခွဲခြင်း( Time Blocking)(လေ့လာဆဲ)
တစ်ပါတ် မှာ အလုပ်ချိန်နာရီ ၄၀ ရှိပါက အချိန်ကို လျာထား ခွဲဝေ သုံးစွဲခြင်း(Time Blocking Method) ဖြင့် အလုပ် ၆၀ နာရီစာ ပို ပြီးပါသည်။ ဤနည်းကို အသုံးချနိုင်ရန် နှင့် ဆက်လက် ၍ ပိုမိုထိရောက်စွာ အချိန်ကို အသုံးပြုနိုင်ရန် နည်းလမ်းများကို စာတွေ့ လက်တွေ့ လေ့လာ ဖော်ပြပါမည်။
ခေတ်မီလုပ်ငန်းခွင်တွင် အချိန်ကို သင်က စနစ်တကျ မစီမံ နိုင်လျှင် အချိန် က သင့်ကို စီမံသွားမည်ဖြစ်သည်။( ဆိုလိုသည်မှာအစည်းအဝေးများ၊ Facebook များ၊ အုပ်စုလိုက်စကားပြောခြင်းများ၊ U Tube . Game ကစားခြင်းများဖြင့် အချိန်များကုန်ဆုံးသွားမည်)
ယခုလို Digital ခေတ်တွင် ခိုင်မာသော မဟာဗျူဟာတစ်ခုဖြင့် စီမံခန့်ခွဲနိုင်ရန် လိုသည်။
ထိုနည်းမှာ Time Blocking Method( အချိန်ကို လျာထားခွဲဝေ သုံးစွဲခြင်း နည်း ဖြစ်သည်။


Time Blocking ဆိုသည်မှာ အချိန်ကိုစီမံခန့်ခွဲသည့်နည်းဖြစ်သည်။သတ်မှတ်ထားသည့် အချိန်တစ်ခုအတွင်း သတ်မှတ်ထားသောလုပ်ငန်းတစ်ခု၊အဖွဲ့ အစည်းကိစ္စတစ်ခု၊ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည်။To Do list (လုပ်ဆောင်ရန် စာရင်း) ကဲ့သို့ အဆုံးအစမရှိ စာရင်းမျိုးမဟုတ်ဘဲ တစ်နေ့တာကို သတ်မှတ်အချိန်ဇယားအတိုင်းအတိအကျကြိုတင်လျာထားဆောင်ရွက်ခြင်းဖြစ်သည်။
ရက်သတ္တပတ်၏ နောက်ဆုံးရက်များတွင်တစ်ပတ်အတွင်းပြီးစီးမှုကို ပြန်လည်သုံးသပ်၍ ရှေ့လာမည်အပတ်အတွက်ကြိုတင် ပြင်ဆင်ရေးဆွဲရမည်။
Time Blocking နည်းလမ်းများ
၁။ Time Blocking တစ်နေ့တာ အချိန်ကို ပိုင်းခြား၍ အချိန်တစ်ခုအတွင်း လုပ်ဆောင်ချက်တစ်ခုပြီအောင်ဆောင်ရွက်ခြင်း။ ဥပမာ။နေ့စဥ် နံက် ၉နာရီ မှ ၁၁နာရီ အထိ စာရေးမည်။
၂။Task Batching(အမျိုးတူလုပ်ငန်းများဆောင်ရွက်ခြင်း) နေ့စဥ် ညနေ ၃နာရီတွင် Email များကို အကြောင်းပြန်မည်။လျာထာချိန်၂၀မိနစ်။
၃။Day Theming(နေ့သတ်မှတ်ခြင်း)။ လုပ်ငန်းတစ်ခုထက်ပို လုပ်သော လုပ်ငန်ရှင်များအနေဖြင့် နေ့အလိုက် မည်သည့် လုပ်ငန်ခွင်တွင် စစ်ဆေးမည်၊ သို့မဟုတ် မည်သည် လုပ်ငန်းကိုစစ်ဆေးမည် ကို ရက်သတ်မှတ်ထားခြင်းဖြစ်သည်။ ဥပမာ။ Elon Musk သည် တနလာ်နေ့တိုင်း Space X သို့ စစ်ပြီ အဂ်ါနေ့တိုင်း Telsa ကားကုမ္ပဏီ ကိုစစ်သည်။ နောက်ထပ်ဥပမာတစ်ခုပြရလျှင် Marketingစျေးကွက်ရှာဖွေခြင်းဌာန)Sale(အရောင်းဌာန)၊Product development (ကုန်ထုတ်ဌာန)HR(လူသားအရင်းအမြစ်ဌာန စသဖြင့်နေ့စဥ်သတ်မှတ်၍ စစ်ဆေးခြင်းဖြစ်သည်။
၄။Time Boxing ( အချိန် ကန့်သတ်ဆောင်ရွက်ခြင်း) Time blocking နှင့်မတူပါ။ သတ်မှတ်အချိန်အတွင်း လုပ်ငန်းတစ်ခုကိ ပြီးပြတ်အောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ဥပမာ နံက် ၉နာရီ မှ ၁၁နာရီ အတွင်း စာလုံးရေ ၁၀၀၀ ပြီးအောင်ရေးမည်။ နံက်ဖြန် နံက် ၉ နာရီ မှ ၁၁နာရီ အတွင်း စာမူကြမ်းတစ်ခု ပြီးအောင်ရေးမည်။
Time Blocking က ဘာကြောင့် အကျိုးကျေးဇူများလဲ?
( ဒီနေ့ Time Blocking လေ့လာရန် ခွဲဝေချိန်ပြည့်သွား၍ အဂ်ာနေ့ နံက် မှ ဆက်ရေးပါအုံးမည်။)