သူတို့ရဲ့ ဘိုးဘွားအမွေ(လင်းအောင်)

Updated: Jun 1

. သူတို့ရဲ့ ဘိုးဘွားအမွေ

. ( ၁ )


ယခုတလော ကျွန်တော် ရှု့ခင်းပုံလေးတွေ တင်နေတာ မိတ်ဆွေတို့တွေ့ကြမှာပါ။


ရည်ရွယ်ချက်က မိတ်ဆွေတို့ စိတ်ညစ်ညူးနေချိန် ကျွန်တော်တင်တဲ့ ရှု့ခင်းပုံလေးတွေ ကြည့်ပြီးစိတ် ချမ်းသာစေချင်လို့ပါ။


ပြီးတော့ ••• •••


ကျွန်တော့အမြင်လေးကို ပြောပြချင်လို့ “ သူတို့ရဲ့ ဘိုးဘွားအမွေ ” လို့ Title ပေးလိုက်ပါတယ်။


ကျွန်တော်ပြောချင်တာကို ရိပ်မိနိုင်ဖို့ရှု့ဒေါင့်တစ်ခု

တည်းက ပုံလှလှလေးတွေရှာပြီး တင်ခဲ့ပါတယ်။


တင်ခဲ့တဲ့ရှု့ဒေါင့်က “ လူလုပ်မပါတဲ့သဘာဝအလှ ”

အဲဒိရှု့ဒေါင့်နဲ့ Title ကပြောတဲ့ “ ဘိုးဘွားအမွေ ” ကိုဆက်စပ်တွေးပြလိုတာပါ။


ဒါဆို ကျွန်တော်ပြောချင်တာ ဘာလဲဆိုတာ ရိပ်မိပြီ ထင်ပါတယ်။


ကျွန်တော့အမြင်ကိုပြောကြည့်မယ်နားထောင်ကြည့် ပါ … …


“ဘိုးဘွားအမွေ” ဆိုတာ ဘာတွေဖြစ်မလဲလို့ ယေဘုယျတွေးကြည့်ရင် … …


ဘိုးဘွားအဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့/ပေးခဲ့တဲ့ ပိုင်နက်နယ် မြေ၊ ဒီမြေရဲ့မြေပေါ်မြေအောက် သယံဇာတ၊ နယ်မြေတွင်းက ရေသယံဇာတ၊ ယဉ်ကျေးမှု၊ မျိုးနွယ် လူသား တွေလို့ဆိုချင်ပါတယ်။


ဒီအထဲက သဘာဝသယံဇာတအမွေ နဲ့ဆိုင်တဲ့သတိ ပြုမိတဲ့ အမြင်ကိုပြောချင်လို့ပါ။


(ဆက်ပါမည်)


Photo credit

. သူတို့ရဲ့ ဘိုးဘွားအမွေ

. ( ၂ )


ကျွန်တော်တင်တဲ့ ရှုခင်းပုံအားလုံးက Switzerland နိုင်ငံက သဘာဝရှုခင်းပုံတွေဖြစ်ပါတယ်။

နိုင်ငံအကြောင်းနဲနဲကြည့်ရအောင် ••• •••


သူ့ရဲ့တရားဝင်နာမည်ကSwiss Confederation ပါ။ နောက်တစ်မျိုးခေါ်ကြတော့ Switzerland ပေါ့။

ဘယ်မှာရှိလဲဆိုတော့ ဥရောပဒေသမှာပါ ပိုတိကျအောင်ပြောရင် ဥရောပရဲ့ ဗဟိုဥရောပတောင်ပိုင်းဒေသမှာရှိပါတယ်။


ပထဝီအနေအထားက ကုန်းတွင်းပိတ်နိုင်ငံ၊ တောင် တန်း၊ ကျောက်တောင်တွေအများစုရှိတဲ့နိုင်ငံပါ။

အများသိကြတဲ့ Alps တောင်တန်းလဲရှိပါတယ်။


သဘါဝရေကန်ကြီးတွေ၊ ရေခဲတေါင်တွေကလာတဲ့ကြည်လင်အေးမြနေတဲ့ရေတွေ စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ ရေထွက်တွေရှိပါတယ်။


တနိုင်ငံလုံးမှာ ရေကန်ကြီး ၁၅၀၀ကျော် နဲ့ အမြင့် မီတာ ၄၀၀၀ နဲ့အထက်ရှိတဲ့တောင် ၄၈တောင် ရှိပါတယ်။


ရေတံခွန်နဲ့ ကျောက်ဂူတွေလည်းရှိပါတယ်။ Hell Hole လို့ခေါ်တဲ့ ကီလိုမီတာ ၂၀၀ ရှည်တဲ့ကျောက် ပန်းဆွဲလှိုင်ဂူက ဥရောပဒေသမှာ ဒုတိယအရှည်ဆုံးဖြစ်လို့ လူသိများပါတယ်။


ဒီနိုင်ငံမှာ သဘာဝသယံဇာတအလွန်ရှားပါးတယ်လို့ဆိုပါတယ်။


သူတို့ရဲ့ ရှိစုမဲ့စု သဘာဝသယံဇာတ ထဲမှာ စိုက်ပျိုးမြေ၊ ကမ္ဘာ့လှည်ခရီးသွားစွဲဆောင်နေရာများနဲ့ ရေ ( ရေခဲတောင်ကပျော်ဆင်းလာတဲ့ သန့် ရှင်းတဲ့ရေ ) တို့ပါဝင်ပြီး အဲဒါတွေကသူတို့ရဲ့ အဓိက သဘာဝသယံဇာတလို့ဆိုပါတယ်။


နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ကြည့်လိုက်ပြန်တော့ ၁၅၉၄၀ စတုရန်းမိုင်ကျယ်ဝန်းပါတယ်(ချင်းပြည်နယ်က ၁၃၉၀၆ စတုရန်းမိုင်)။ ခန့်မှန်းလို့ရရောပေါ့။


ပထဝီအနေအထားပြီးတော့ လူဦးရေကိုကြည့်လိုက် ရင် ၈.၇ သန်းပါ။ကျွန်တော်တို့ လူဦးရေနဲ့ယှဉ်ကြည့် ရင် အတော်နဲတယ်ပြောရမှာပါ။

လူနဲတော့လုပ်အားနဲမှာပေါ့ဒါဆိုသူ့နိုင်ငံတည်ဆောက် ရေးမှာလူ့လုပ်အားအခြေပြု(ကာယ) သွားဖို့ဆို

ရင်လိုအပ်ချက်များမယ်လို့ ယူဆရမှာပါ။


ဒါပေမဲ့ ••• •••


စီးပွားရေးကဏ္ဍမှာ Free Market Economy ကျင့် သုံးပြီး ကမ္ဘာ့ GDP အဆင့်က ၁၈ နဲ့ နှစ်အလိုက် GDP က ၂၀၁၈ မှာ ၇၃၆.၁ Billion ၊ ၂၀၁၉ မှာ ၇၃၂.၅ Billion၊ ၂၀၂၀ မှာ ၇၅၁.၉ Billion ဖြစ်ပါ တယ်။


၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံရဲ့GDP မှာ စိုက်ပျိုးရေးက .၆၉ %၊ စက်မှုကဏ္ဍက ၂၅.၂၅ % နဲ့ ဝန်ဆောင်မှုက ၇၁.၃၂ % အသီးသီးပါဝင်ပါတယ်။( S I A pattern လို့ဆိုရမှာပါ )


ဒါကြောင့် Switzerland ရဲ့စီးပွားရေးဟာ ဝန်ဆောင် မှုကို အခြေပြုနိုင်ငံဆိုရင်မမှားပါဘူး။


သူ့ရဲ့ ဝန်ဆောင်မှုကဏ္ဍ မှာပါဝင်တဲ့အဓိကလုပ်ငန်းတွေက Banking and Financial, Insurance နဲ့ Tourism တို့ဖြစ်ပါတယ်။


ဒီအထဲကမှ ••• •••


( ဆက်ပါအုံးမယ် )


Photo credit






. သူတို့ရဲ့ ဘိုးဘွားအမွေ

. ( ၃ )


ဒီအထဲကမှ ••• •••


Tourism ကိုကြည့်ရင် Tourism ကဏ္ဍဟာ Switzerland နိုင်ငံရဲ့ စီပွားရေးကဏ္ဍမှာ အဓိကကျတဲ့ ကဏ္ဍတစ်ခုအဖြစ်ပါဝင်တာကိုတွေ့ရပါတယ်။


Tourism ကဏ္ဍက နိုင်ငံ့ GDPမှာ ၃% ပါဝင်ပါတယ်၊ ငွေအားဖြင့်ဆိုရင် ၂၀၂၀ မှာ ၃၄ ဘီလီယံ ဝင်ပါတယ်။


Tourism ကဏ္ဍမှာအမျိုးအစား ၆ မျိုးရှိရာမှာ •••


ဧည့်သည် အများဆုံးစိတ်ဝင်စားတာက

Nature Tourism( Eco-Tourism )ဖြစ်ပြီးလာရောက် သူရဲ့ ၄၃% ရှိပါတယ်။

သူ့မှာ Hiking Tour, Mountain Tour, etc… စတဲ့အမျိုးအစားတွေပါဝင်ပါတယ်။


နောက်တမျိုးက •••

Adventure Tourism( Snow Sport )

သူကလာ ရောက်တဲ့ခရီးသွားရဲ့ ၂၇.၇% ရှိပြီး ဒုတိယ အများဆုံးအမျိုးအစားဖြစ်ပါတယ်။


ကျန်တာတွေကတော့

Leisure Tourism( Family Vaccation),

Culture Tourism (Tradition Tour,Wine Tour, Food Tour, etc…),

Luxury Tourism( Shopping Tour, Spa Tour, etc…),

Others(Education Tour, Medical Tour, etc….) တို့ဖြစ်ပါတယ်။


Switzerland အကြောင်း ဒီလောက်နဲ့ ရပ်လိုက်ပြီး ကျွန်တော်ပြောပြချင်တဲ့လမ်းကြောင်းပေါ် ပြန်သွားပါမယ်။


( ဆက်ပါအုံးမယ် )


Photo credit






. သူတို့ရဲ့ ဘိုးဘွားအမွေ(လင်းအောင်)

. ( ၄ )


ကျွန်တော်ဖေါ်ပြခဲ့တဲ့ Switzerland ရဲ့အချက်အလက် တွေကို ဂရုပြုကြည့်လိုက်ရင် … …


Switzerland နိုင်ငံသားတွေကို သူတို့ရဲ့ဘိုးဘွားတွေပေးခဲ့နိုင်တဲ့အမွေထဲမှာ Natural Resource နဲ့ ပတ် သက်ရင် တွင်းထွက်ကျောက်သံပတ္တမြား၊ရေနံဓါတ် ငွေ့၊ တန်ဖိုးရှိသစ်တော နဲ့တန်ဖိုးရှိဓါတ်သတ္တု စတာတွေကို “ ကျွန်တော်တို့ ဘိုးဘွားတွေအမွေပေးခဲ့သလို “ ကြွယ်ဝစွာမပေးနိုင်ခဲ့ပါဘူး။


ကောင်းတဲ့ဘက်ကလှည့်တွေးရင် သဘာဝသယံဇာ တ ဆိုတာကြိမ်စာသင့်တတ်(resource curse) လို့ ကြိမ်စာလွတ်တယ်လို့ဆိုနိုင်ပါမယ်။

(ကျွန်တော်တို့မှာတော့ အမွေတောင်း၊အမွေခွဲ၊အမွေ ဓါးပြတိုက်မဲ့ သားဆိုး/မိုက် တွေကိုသတိထားရတာနဲ့ကြည့်ရင် သူကဟုတ်တုတ်တုတ်ပေါ့။

ရောင်းစားမရတဲ့ ကျောက်တောင်၊ ကျောက်တုံးတွေ ဆိုတော့ ကြိမ်စာလွတ်ပြီလေ။)


သူတို့ဘိုးဘွားတွေအလျှံပယ်ပေးခဲ့နိုင်တဲ့အမွေက ကျောက်တောင်တွေ၊ နှင်းခဲဖုန်းတောင်တန်းတွေ၊ ရေထွက် ရေကန်တွေနဲ့ စိုက်ပျိုးမြေအနဲငယ်ပါပဲ။


ကျွန်တော်တို့ဘိုးဘွားတွေက သူတို့ဘိုးဘွားတွေ ထက် အဆများစွာကျယ်ဝန်းတဲ့ မြေသယံဇာတပေါ် ကတောတောင်တွေ၊ စမ်းချောင်းတွေ၊ မြစ်ကြီးတွေ၊စိုက်ပျိုးမြေတွေ အလျှံပယ်ပေးခဲ့တယ် မဟုတ်ပါလားဗျာ။


အလားတူလူသားအရင်းအမြစ် Human Resource

ကိုလည်းအနဲငယ်လောက်သာ မျိုးဆက်အမွေထားခဲ့နိုင်ပြီး ကျွန်တော်တို့မှာက အခြေအနေကောင်းကို ကောင်းစွာဖေါ်ဆောင်နိုင်လောက်တဲ့ လူသားအရင်းအမြစ်တွေဆိုတာ နဲမှတ်လို့။


ယဉ်ကျေးမှုအမွေအကြောင်းမပြောတော့ပါဘူးဗျာ။ သူတို့ကိုနှိမ့်ချသလိုဖြစ်မှာဆိုးလို့ပါ။


အနှစ်ချုပ်လိုက်ရင် သူတို့တွေမှာ သဘာဝသယံဇာ တ၊ လူသားအရင်းအမြစ် မပြည့်စုံကြပါဘူး။


ဒါပေမယ့် … …


( ဆက်ပါအုံးမယ် )


Photos Credit














. သူတို့ရဲ့ ဘိုးဘွားအမွေ(လင်းအောင်)

. ( ၅ )


ဒါပေမယ့် … …


သူတို့က ကျောက်ခဲ ကျောက်တုံးလေး တစ်တုံးခြင်းကို ချစ်တယ်၊

သစ်ပင်သစ်ရွက်လေးတွေကို မြတ်နိုးတယ်၊

ကြည်လင်တဲ့ နှင်းခဲပျော်ရေတွေကို နှမြောလို့

မပျောက်အောင်ထိန်းသိမ်းကြတယ်။


မရှိမဲ့ရှိမဲ့ ဘိုးဘွားအမွေလေးကို မပျောက်ပျက် အောင်ထိန်းသိမ်းရင်း နေချင့်စဖွယ် သာယာလှပတဲ့ သဘာဝအလှတရားကို ထိန်းသိမ်း စောင့်ရှောက် ချယ်မှုန်းခဲ့ကြပါတယ်။


တစ်နည်းပြောရယင် ကျောက်တုံး ကျောက်တောင် သစ်ရွက်သစ်ပင်တွေကို တန်ဖိုး(Value)တက်အောင် လုပ်ပြီး ရှိတဲ့အမွေလေးတွေနဲ့ ဧည့်သည်တွေလာအောင် စိတ်ဝင်စားအောင်လုပ်ပြီး ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေကောင်းအောင်လုပ်ခဲ့ကြတာပါ။


အမွေဆက်ခံသူတွေဟာ သူတို့လက်ထက်မှာသဘာဝ အမွေအပြင် ပညာအမွေ၊ နည်းပညာအမွေ၊ ဓနအ မွေတွေကိုနောက်မျိုးဆက်ကိုပေးနိုင်အောင်လူတိုင်း ကကြိုးစားခဲ့ကြလို့ ကျွန်တော်အပေါ်က ဖေါ်ပြထားတဲ့ရလာဒ်ကို ရောက်ခဲ့ကြပါပြီ။


ငါ့တို့ရေ ငါတို့မြေ •••

ငါတို့နိုင်ငံ ငါတို့လူမျိုး •••

ငါတို့မျိုးဆက် ••• ဆိုတဲ့ “ချစ်စိတ်” ကို လူတိုင်းထားရှိမွေးမြူခဲ့ကြတယ်။


ဒါကြောင့်လဲ ••• •••


နိုင်ငံ့အရွယ်အစားကငယ်ပေမယ့် ကမ္ဘာပေါ်ကလူမျိုးတိုင်း နိုင်ငံတိုင်းက သူတို့တိုင်းပြည်သေးသေး လေးကို သိအောင်လုပ်သွားကြပါပြီ။


( ဆက်ပါအုံးမယ် )


Photos credit





.သူတို့ရဲ့ ဘိုးဘွားအမွေ(လင်းအောင်)

. ( ၆ )


သူတို့နိုင်ငံ သေးသေးလေးကို ကမ္ဘာကသိအောင် လုပ်သွားကြပါပြီ။


ဒီလိုဖြစ်အောင်လုပ်တာ သူ့နိုင်ငံသား တွေပါ။ ဘယ်သူ့မှအားကိုးလို့မရပါဘူး ကိုယ်လုပ်မှ ကိုယ်ရမှာပါ။


ဒါကြောင့် သူတို့တွေဟာလူသားအရင်းအမြစ်အရေ အတွက်နဲနဲကို အရည်အသွေးများများ ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။


နဲပါးတဲ့လူသားအရင်းအမြစ်နဲနဲကိုအကောင်းဆုံးအတော်ဆုံးလူသားတွေဖြစ်အောင် လုပ်ယူပြီး”အရည် အသွေးမြင့်လူသားအခြေပြုမူဝါဒ “ ကိုချမှတ်လို့တိုင်းပြည်ကိုတည်ဆောက်ကြပါတယ်။


သဘာဝအရင်းအမြစ်ဗဟိုပြုစီးပွားရှာခြင်း အစား အရည်အသွေးမြင့်လူသားလုပ်အားဗဟိုပြု စီးပွါးရှာခြင်းပုစံကို ဖေါ်ဆောင်ခဲ့ကြပါတယ်။


ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍက ရှေတန်းရောက်လာပါတော့တယ်။ ပူးတွဲဖေါ်ပြထားတဲ့ Create Value Added ဓါတ်ပုံလေးကို လေ့လာကြည့်ရင်မြင်သာပါ တယ်။


သူတို့ဟာ Value Added အတွေးကနေ Create Value Added အတွေးကို ကူးခဲ့ကြတာ ကြာပေါ့။


ဒါကြောင့်လည်း တန်းဝင်တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်နေပါပြီ။


ကျွန်တော်တို့ အိပ်ပျော်နေလို့မဖြစ်ပါ။

ကျန်နေပါပြီ ••• ကျန်နေခဲ့ပါပြီ •••


ငေးနေ တွေးနေ တစ်ယောက်ကို တစ်ယောက် လက် ညှိုးထိုးဝေဖန်နေ မယ်ဆိုရင်တော့ သူတို့ကိုမမှီတဲ့အပြင် မြင်တောင်မြင်ရမှာ မဟုတ်တော့ပါ။


တစ်ဦးခြင်း တစ်ဖွဲ့ခြင်း တစ်စုခြင်းမှသည် တစ်မျိုး သားလုံး စည်းလုံးညီညွတ်ကြပါမှ မြင်ရယုံရှိပါအုံးမယ်လို့ ခံယူပါတယ်။


စုပေါင်းစွမ်းအားကို စုပေါင်းခေါင်းဆောင်မှုနဲ့ တည် ဆောက်ချိန်ကြပါပြီ။ နောက်တောင် ကျနေပါပြီ။


Switzerland ကနေကျွန်တော်ရလိုက်တဲ့ Message က … …


သဘာဝသယံဇာတ ဆိုတာ ကျောက်တုံး၊ကျောက်ခဲလေးတစ်လုံး ကျောက်တောင်တစ်တောင် သစ်ရွက် တစ်ရွက်ဖြစ်ပါစေ တန်ဖိုးထားချစ်ခင်ထိန်းသိမ်းတတ်ရင် အရင်းမပျောက်ပဲ ကျောက်သံပတ္တမြားတွေ ဓါတ်သတ္တုတွေထက် တန်ဖိုးတက်အောင် သားစဉ် မြေးဆက်ထိတိုင် အကျိုးပြုအောင်လုပ်လို့ရတယ်။


မူလကတန်ဖိုး ဘယ်လောက်ရှိရှိတန်ဖိုးတက်အောင် မလုပ်ရင်တန်ဖိုး( value )ရဲ့အကျိုးကိုမခံစားရဘူး။


Creative Minded ရှိရင် တန်ဖိုးမရှိတာကို တန်ဖိုးရှိအောင်လုပ်ပြီး ဆပွားတန်ဖိုး(Multiplier Value) ကို တောင် ရယူနိုင်တယ်ဆိုတာပါပဲ။


အဲဒိ Value တွေ Creation တွေကို လူသား ကလုပ်ရမှာပါ။


ဒါကြောင့် အရည်အသွေးမြင့်လူသား တွေရဖို့ လုပ် ရပါမယ်။


ရှိပြီးအရင်းအမြစ်တွေကို ထိန်းသိမ်းရပါမယ်။

တန်ဖိုးတက်အောင်လုပ်ရပါမယ်။


ဒါဆိုရင် ••• •••


“ကျွန်တော်တို့ရဲ့ဘိုးဘွားအမွေ”တွေကို တန်ဖိုးရှိအောင် ••• တန်ဖိုးတက်အောင်လုပ်ပြီး

နိုင်ငံမြင့်ဖို့ •••

လူမျိုးတင့်ဖို့ •••

လုပ်လို့မရဘူးလား လို့တွေးရင်းစဉ်းစားရင်း ••• ••


( ပြီးပါပြီ )


မိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ


Photos credit





6 views0 comments

Recent Posts

See All