သွေးတိုးရောဂါ
Updated: Oct 30, 2021
(သွေးတိုးဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံမှာ
• သွေးတိုးမျိုးရိုးရှိခြင်း
• အဝလွန်ခြင်းနှင့် အထိုင်များခြင်း
• ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• အိမ် သို့မဟုတ် အလုပ်တွင် စိတ်ဖိစီးမှုအလွန်များခြင်း
• ဆီးချိုနှင့် ကျောက်ကပ်စသည့် နာတာရှည်ရောဂါများရှိခြင်း
• ပိုတက်စီယမ်နှင့် ဗီတာမင် ဒီ လုံလောက်စွာမရခြင်း
• အငံဓါတ် (ဆိုဒီယမ်) များသောအစားအစာ
• အသက်အရွယ်ကြီးရင့်ခြင်း)(ကောက်နုတ်-Dr Yaowarat Jantree၊ အထွေထွေဆေးပညာအထူးကု၊ ဆေးပညာဌာန၊ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရေးသားပြုစုချက်မှ)
❣❣ သွေးတိုးရောဂါအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ
================================
သွေးပေါင်တိုင်းမည်ဆိုပါက
================
(၁) မတိုင်းမီနာရီ၀က်အတွင်း အစာစားခြင်း၊
ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ပါနှင့်။
(၂) ၀မ်းနည်း၀မ်း သာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းပါနှင့်။
(၃) မတိုင်းမီ
၁၀-မိနစ်ခန့် ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနား ယူပါ။
(၄) လက်မောင်းပတ်
လေအိတ်နှင့် နှလုံးကို ရေပြင်ညီ တတန်းတည်းရှိနေပါစေ။
(၅) တိုင်းနေစဉ်
ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။
သွေးတိုးရောဂါ အဆင့်
=============
သွေးဖိအားကို
မီလီမီတာမာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ်
သွေးကြော အတွင်း ဖြစ်ပေါ်နေတဲ့ ဖိအား ကို အပေါ်သွေးဟု ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့သာ ဖိအားကို
အောက်သွေး ဟုခေါ်ပါတယ်။
အသက် ၁၈ နှစ်နှင့် အထက်လူကြီးများအားလုံး၏
(က) ပုံမှန်သွေး ဖိအား
(ခ) ပုံမှန်ထက် မြင့်မားပြီး
သွေးတိုး မဟုတ်သည့် အခြေအနေ
(ဂ) အဆင့်-၁ သွေးတိုးရောဂါ
(ဃ) အဆင့်-၂ သွေးတိုး ရောဂါ ဟူ၍ အပိုင်း ၄-ပိုင်း ခွဲခြား သတ်မှတ်လေ့ရှိပါတယ်။
(က)
အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်က
ပုံမှန်သွေးဖိအားဖြစ်ပါတယ်။
(ခ) အ ပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့်
အောက်သွေး ၈၀ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးတဲ့
အခြေအနေ လို့ယူဆလေ့ရှိပါတယ်။
(ဂ) အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြား နှင့်
အောက်သွေး ၉၀ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ
အဆင့်-၁အဖြစ်သတ်မှတ်ပါတယ်။
(ဃ) အပေါ်သွေး ၁၆၀ နှင့် အထက်၊ အောက်သွေး ၁၀၀
နှင့်အထက်က သွေးတိုးရောဂါ အ ဆင့်-၂ ဖြစ်ကာ စိုးရိမ်ရပါတယ်။
#1

သွေးတိုးရောဂါ လက္ခဏာများ
================
သွေးတိုးရောဂါရှိသူတွေရဲ့ပျမ်းမျှ
သုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူး ထူးမပြတာကြောင့်
မိမိကိုယ်ကိုသွေး တိုးနေမှန်းတောင် မသိကြပါဘူး။
လူအများစုမှာဖြစ်တတ်တဲ့
ရောဂါအစလက္ခဏာများ ခေါင်းကိုက်ခြင်း၊
ဇက်ကြောတက်ခြင်း၊
မူး ဝေခြင်း၊
အသက်ရှုမြန်လာခြင်း၊
အမြင်ဝေဝါးလာခြင်း၊
နားအူခြင်း၊
မျက်နှာယောင်
အမ်းခြင်း၊
နှာခေါင်းသွေးလျှံခြင်း၊
မျက်ခွံမို့အစ် ခြင်း၊
လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။
အမျိုးသမီးများ ဓမ္မတာရာ
သီလာနေစဉ်မှာလည်း သွေးဖိအားတိုး တတ်ပါ တယ်။ (သွေးတိုးရောဂါရဲ့
သဘောသဘာ၀ဟာ ရောဂါစဖြစ်ပြီဆိုတာနှင့် ဆက် တိုက်
သွေးတိုးသွားဖို့သာရှိပါတယ်။ ပြန်ကောင်းသွားစရာ အကြောင်းမရှိပါ။
ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာဖြစ် ပါတယ်။
သွေးတိုးကျဆေးအမျိုးအစားဟာ
အခြား သော ပဋိဇီ၀အကိုက်အခဲပျောက်ဆေးများကဲ့သို့ သောက်သုံးသူကို ဆေး
ယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုး လုံး၀မဖြစ်စေပါဘူး။ ဒါကြောင့်
မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မ ပေါ်လျှင်
ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။
မည်သည့် ရောဂါလက္ခဏာမျှ
မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုး ရွားရွားရှိနေနိုင်တာကို
သတိပြုပါ)
ဒါတွေကြောင့်လည်း သွေးတိုးနိုင်
==================
သွေးတိုးရောဂါ ရှိသူတွေ၏ ၉၀-၉၅
ရာခိုင်နှုန်းခန့်မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး၊ ကျန်
၅-၁၀ ရာခိုင်ခန့်က ခန္ဓာကိုယ်တွင်း
ရောဂါတစ်မျိုးမျိုးစွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားရလာ ပါတယ်။
အထူးသဖြင့် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊
သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ၊ Cocaine, Cyclosporin,
Erythropoietin, Adrenergic စတဲ့ ပဋိဇီဝဆေးမှီသောက်သုံးရခြင်း၏
ဘေးထွက်ဆိုးကျိုး ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊
ကိုယ်၀န်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့်
ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွား လာရခြင်း
စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရပါတယ်။
သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
=========================
(၁) သွေးတိုးရောဂါကြောင့်
နှလုံးသွေးကြောများ မာကျောကျစ်လစ်လာပြီး နှလုံးသွေးကြော ကျဉ်းခြင်း(သို
့မဟုတ်)ပိတ်ဆို့ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား
လျော့နည်းလာခြင်း စသည့် နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။
(၂)
သွေးတိုးကြောင့် ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း
ဖြစ်လာကာ ထိုမှတဆင့် လေဖြတ်လေငန်းရောဂါဖြစ် လာနိုင်ပါတယ်။
(၃)
သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး၊
ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်း များ ဖြစ်လာပါတယ်။
(၄)
သွေးတိုးရောဂါပြင်းထန်မှု ကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာ နှင့်
သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်အာရုံထိခိုက်
ယိုယွင်းသွားနိုင်ပါတယ်။
(၅) သွေးတိုးရောဂါရှိသူ များက သွေးဖိအားကို
140/90 mmHg ထက်မကျော်လွန်အောင် ထိန်းထားသင့်ပြီး၊ ဆီးချို နှင့်
ကျောက်ကပ်ရောဂါ ရှိသူများ အနေဖြင့် သွေးဖိအားကို 130/80 mmHg
အောက်ရှိနေရမှာ ဖြစ်ပါတယ်။
ဘဝနေထိုင်နည်းပုံစံ
============
ကိုယ်အလေးချိန် အ၀မလွန်စေရန်
ထိန်းသိမ်းထားရမှာဖြစ်လို့ #1Body Mass Index(BMI)ကို ၁၈.၅ မှ ၂၄.၅ အတွင်း
ရှိနေပါစေ။ လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ် နေ့ မိနစ် ၃၀ ပုံမှန်လုပ် ပေးပါ။
စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့က
သွေးတိုးစေနိုင်တာကြောင့် အ တတ်နိုင်ဆုံး စိတ် အေးချမ်းသာစွာနေထိုင်ပါ။
တရားမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့်
အချိန်ပေး၍နေပါ။ အိပ်ရေးမဝြခင်းကလည်း သွေးတိုးစေနိုင်ပါတယ်။
ဆောင်ရန်ရှောင်ရန်အစားအစာများ
====================
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊
အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို များများစားပါ။
ဆား(ဆိုဒီယမ်) ပမာဏပါ၀င် မှုနည်းတဲ့ အစားအစာများကိုရွေးချယ်ပါ။
အရသာကောင်းစေရန် ပြုပြင်ထားသော အစားအစာများ နှင့် အသင့်စားအစားအစာအထုပ်
တွေမှာလည်း ဆားပါ၀င်မှုများလို့သတိပြုပါ။ ငါးများများစားပါ။ အဆီပါ၀င်မှု
များတဲ့ အနီရောင်အသားများ နှင့် ကြက်၊ ဘဲ အရေ ခွံများကို ရှောင်ပါ။
ကိုလက်စထရောများတဲ့ အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံ
သောက်သုံးခြင်းက သွေး တိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။
တိရိစ္ဆာန်ထွက်ဆီနှင့် အုန်းဆီမ စားပါနှင့်။ ဟင်းချိုမှုန့်(အချိုမှုန်
့)နှင့် ကြက်သား မှုန့် လျှော့ပါ။ ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ်
၃-ရက်စားပါ။ အရက်တစ် နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုး ရောဂါ
အတွက် ဆရာဝန်ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ လိုက်နာသုံးစွဲပါ။
သင်ခံစားနေရသော ရောဂါ လက္ခဏာ ပေါ်မူတည်၍ မိမိဖာသာ ဆေးအတိုးအလျော့
မလုပ်ပါနှင့်။
သွေးတိုးရောဂါကို သက်သာစေသည့် မြန်မာ့ဆေးနည်းတိုများ
=================================
(၁) ဒန့်သလွန်ရွက်ကို
ရေစင်အောင်ဆေးပြီးထောင်းကာ အရည်ညှစ်ယူပြီး လ္ဘက်ရည်ဇွန်း ၂-ဇွန်းခန်ု့
သောက်ပေးခြင်းဖြင့် ချက် ချင်း သက်သာသွားစေပါတယ်။ ဒန်
့သလွန်ရွက်ဟင်းခါးရည် သောက်နိုင် ပါတယ်။
(၂) သံပုရာသီးအစေ့ ၅-စေ့ခန့်
ဝါးစားလိုက် တဲ့အခါ၊ သွေးတိုးချက်ခြင်း သက်သာသွားပါလိမ့်မယ်။ သံပရာပင်၏အ
ခေါက် ကို ဆေးကြောပြီး ရေနှင့် သွေး၍သောက်နိုင် ပါတယ်။ ဒါ့ပြင် သံပရာသီး
တစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေး အပူချိန် ၇၅ ဒီဂရီဖာရင်
ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက
တစ်ခဏအတွင်း သွေးတိုး ကျစေ ပါတယ်။
(၃) မြင်းခွာရွက်ကို အရည်ညှစ်
သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း ဖြင့်
သွေးတိုးကျစေပါတယ်။
(၄) ဧကရာဇ်ပင်၏ အရွက်နှင့် အမြစ်တို့ကို အရည်ညှစ်၍
တစ်နေ့ ၃-ကြိမ်သောက်ပေးပါ။
(၅) ဗန်ဒါရွက် အနု ၃- ၄ ရွက် ခန့်ကို
ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးပါ။ တစ်နေ့ကို လ္ဘက်ရည်
ခွက် ၃-ခွက်ခန့် သောက် ပေးခြင်းဖြင့် ရက်သတ္တ တစ်ပတ်အတွင်းစမှာပင်
သွေးတိုးရောဂါ သက်သာ သွားပါ လိမ့်မယ်။ အထူသတိပြုရန်မှာ
ဗန်ဒါရွက်ပြုတ်ရည်ကို အလွန် အကျွံ သောက်ပါက ဝမ်းချုပ်တတ်ပါတယ်။
(၆)
ကြက်သွန်ဖြူ ဥတစ်လုံးအမျိုးအစားကို ထမင်းစားတဲ့အခါတိုင်းမှာ သုံးလုံး မှ
ငါးလုံးအ ထိ စားပေးပါက သွေးပေါင် တက်ခြင်းကို ကျစေသလို၊ သွေးပေါင်ကျ
နေသူကိုလည်း ပြန်လည် သွေးညှိပေးနိုင်ပါတယ်။
(၇)
တောင်ဆီးဖြူပင်ပဉ္စငါးပါး(အရွက်၊ အပွင့်၊ အကိုင်းအခက်၊ ပင်စည်၊ အမြစ်)တို
့ကို သုံးခွက်တစ်ခွက်တင်ကျို၍သောက်ပေးပါ။
(၈) ခရာမြစ်ကိုသွေးပြီး
ဆားအနည်းငယ် ထည့်၍သောက်ပါ။
(၉) နှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍
ရေနွေးပူပူတွင်ခပ်ကာ နေ့ စဉ် သောက်ပါ(ရေမွှေးနှင်းဆီမဟုတ်ပါ)
(၁၀)
နနွင်းခါးနှင့် ပျားရည်ကိုရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့်
နေ့စဉ်စားသုံးပေးပါ။
(၁၁) ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ပေးပါ။
(၁၂)
အရွယ်တူ ကွမ်းရွက် ၅-ရွက် နှင့် ရွဲယိုရွက် ၅-ရွက် တ်ို့ကို ရောစပ်ကျိတ်
ချေပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို တစ် နေ့ ၃-ကြိမ်ခွဲ၍
ကုန်အောင်သောက်ပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
Credit
#2BMI Tablle