လုပ်ငန်းများအဆင်ပြေချောမွေစေခြင်း
Updated: Jan 1, 2022
ကြီးပွာအောင်မြင်ကြွယ်ဝစေခြင်း
လုပ်ငန်းများအဆင်ပြေချောမွေစေခြင်း
လုပ်ငန်းများတွင် တစ်စုံတစ်ရာ ပြသနာရှိလျှင်ဖြစ်စေ၊ ဒါမှ မဟုတ် လုပ်ငန်းပိုမိုထိရောက်မှုရှိစေရန် စိစစ်ခြင်း(Analysis)၊ ပြုပြင်ရန် နည်းလမ်းသတ်မှတ်ခြင်း(Strategic)၊ အကောင်ထည်ဖေါ်ဆောင်ရွက်ခြင်း(Take Action) ကို လုပ်ရမည်ဖြစ်သည်။
ကြီးမားသော စီမံကိန်းကြီးတစ်ခု အတွက်ဆိုပါက စီးပွားရေး၊ငွေရေးကြေးရေး၊စျေးကွက်၊နည်းပညာ၊စီမံခန့်ခွဲမှု၊သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိ အကြောင်းအရာ များစွာ ကျယ်ပြန့်ပါသည်။ ထိုအထဲမှာမှ နည်းပညာ အရ အခြေခံစီစစ်မည်ဆိုလျှင်ပင် မြေပြင်အနေအထား၊ရေ၊လျှပ်စစ်၊သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးက အစ လုပ်အား၊ကုန်ကြမ်းရရှိမှုနှင့် အခြားသော ၀န်ဆောင်မှုများ အထိကျယ်ပြန့်စွာ ရေးနေရမည်ဖြစ်၍ နေ့စဉ်လုပ်ငန်းခွင် အကြောင်းအရာများသာမျှဝေပါမည်။
နေ့စဉ်လုပ်ငန်းခွင်ဘ၀တွင် ကြုံတွေ့လေ့ရှိသည်များမှာ နှောင့်နှေးခြင်း(Delay)၊ တုံ့ဆိုင်းရပ်တန့်နေ
ခြင်း(Idel)၊ စုပြုံတစ်ဆို့နေခြင်း(Bottle Neck)၊အလုပ်တာဝန်များရှုတ်ထွေးနေခြင်း(သို့မဟုတ်) တာဝန်ခံသူမရှိခြင်း(Lack of Responsibility) စသည်များကြုံတွေ့ရလေ့ရှိသည်။
ပုံပြင်ထဲကလိုပြောရလျှင် ရသေ့ကြီးက မဗေဒါအား အ၀ကျဉ်းဘူသီးခြောက်ဖြင့် တစ်နေကုန် ဘူသီးခြောက် ပြည့်အောင်ရေခတ်နေရသလိုပင်။မဟာသမ္မဝ နဲ့ စူဌာသမ္မဝ ညီနောင်နှစ်ပါး ဘူးပေါက်ချဲ့ မှ ရေ အမြန် ပြည့်သည့်သဘောဖြစ်သည်။
ကျွန်တော့ ရုံးအုပ်ကြီးတစ်ဦးသည် ဝင်စာတစ် စောင်ဖတ်ပြီး စာပွဲတစ်နေရာချသည်။ နောက်စာ တစ်စောင်ကောက်ကိုင်ဖတ်သည်။နောက်တစ်နေရာချထားပြန်သည်။ဘာမှ ပြန်ကြားရန်မလို၊ ဘာမှ လုပ်ဆောင်ရန်မလို မိတ်တ္တူပေးသော စာများသာ ကျွန်တော့ဆီရောက်လာသည်။ကြာသော အချိန်မီ ပြန်တင်ပြရန်စာများပြန်မတင်ပြနိုင်ဖြစ်၍ အထက်ဌာန မှ ဆူတော့သည်။ ဆူသည့်ညွှန်းစာကို အကြောင်းပြန်ရန် စားပွဲပုံပေါ်က စာ ပြန်ရှာရသည်က အချိန်တော်တော်ကုန်သည်။နောက်ပိုင်း စာတစ်စောင် ပြီးပြတ်အောင်ဆောင်ရွက်ပြီးမှ နောက်တစ်ဆောင်ကိုင်ရန်၊ ဆက်စပ် ရှင်းပြရန်ရှိက သက်ဆိုင်ရာ အမှုတွဲကိုင်စာရေးကို ကြိုပြင်ထားရန်မှာပါ။ ရုံးချိန်ပြီးရင် စားပွဲပေါ်မှာ ရှင်းနေပါစေ ဟု မှာထားရသည်။ရုံးလုပ်ငန်းမှာလဲ အချိန် အကျိုးရှိစွာ သုံးသည့် စနစ်များရှိသည်။
ရုံးတစ်ရုံးတွင်လဲ အဝင်၀တွင် စာလက်ခံ နေရာ သတ်မှတ်သင့်သည်။ အဲလို မဟုတ်ဘဲ အတွင်းထဲတွင်ရှိပါက မဆိုင်သူများရုံးခန်းထဲတွင် ရှုတ်နေတတ်သည်။ ဝင်စာ လက်ခံပြီး ရုံးအုပ်၊ တစ်ဆင့် အရာရှိ၊ ဌာနမှူး အဆင့်ဆင့် သည်လဲ တစ်လိုင်းထံသွားလျှင် ပိုကောင်းသည်။ထိုသို့မဟုတ် က ရုံးထဲမှာတင် ဟိုအခန်းဝင်ဒီအခန်းထွက် လွန်းထိုးနေလျှင် အလုပ်မဖြစ်တော့။
နေရာချထားမှု စနစ်မမှန်က ဝန်ထမ်းများ ခြေကုန် လက်ပန်းကျနေတတ်သည်။
အချို့ အိမ် များတွင်လဲ အိမ်ပုံစံကြောင့် လူတွေမောနေတတ်သည်။ထင်ရှားသော ဥပမာ ပြရလျှင် မီးဖိုဆောင် ၊နှင့် ထမင်းစားခန်း နီးနီးကပ်ကပ် ဖြစ်လျှင် အဆင်ပြေသည်။ အချို့ မီးဖိုခန်းထဲတွင်ပင် ထမင်းစားရန် သီသန့် ဆောင်ရွက်ထားသည်။ ထိုသို့ မဟုတ်ဘဲ မီးဖို နဲ့ ထမင်းစားခန်းဝေးနေပါက စားဖို့ သောက်ဖို့ ပုဂံတွေသယ်လိုက် ဆေးဖို့ပုဂံ မီးဖိုထံပို့လိုက်နှင့် အိမ်ရှင်မ တွေ အမြဲ ပင်ပန်းနေမည်။အိမ်တွင်နေရထိုင်ရ သက်တောင့်သက်သာမရှိလျှင် ပြန်သုံးသပ်ကြည့်ပါလေ။ တရုပ် ဖုန်းရွှေပညာသည်လည်း ဒီသဘော ဆန်ပါသည်။ မြန်မာ့အိမ်ဆောက်ကျမ်းများလဲရှိပါသည်။
လုပ်ငန်းကြီးများတွင်မှု လူလုပ်အား၊ စက်ယန္တယား အား မလေ လွင့်အောင် အချိန်နှင့် ရွေ့လျားမှု လေ့လာခြင်း (Time & Motion Study) လုပ်လေ့ရှိသည်။လုပ်အား၊စွမ်းအင်၊ထိရောက်စွာ အသုံးချနိုင်ခြင်းရှိမရှိ၊ ပစ္စည်း၊ငွေလေလွှင့် ခြင်းရှိမရှိ၊ စက်စွမ်းအားပြည့် မလည်ပတ်နိုင်သည့် ပြသနာများစိစစ်၍ ပြင်ဆင်လုပ်ကိုင်မည့်ဗျူဟာသစ်များချမှတ်လေ့ရှိသည်။ ချမှတ်ပြီးသည့် နည်းလမ်းစနစ်များအတိုင်း လုပ်ဆောင်နိုင်ရန် ပံ့ပိုးခြင်း၊ ဖြည့်စွက်ခြင်း၊ အနီးကပ် ပုံမှန်ဖြစ်သည်အထိ ကြီးကြပ်ထိန်းကြောင်းခြင်းများဆောင်ရွက် ရသည်။
မြန်မာနိုင်ငံ ဂေါက်ကွင်းတစ်ခုတွင် နေ့စဉ် မြက်ခင်းလောင်းရန် ရေတင်ပို့ရသည်ပင် သိန်းရာချီကုန်သည်။နေ့စဉ်ရေသုံးစွဲမှုစိစစ်ခြင်း၊ နောက်ပိုင်း မိုးရေလှောင်ကန်များ ဆောက်လိုက်သောအခါ ရေတင်ခ များစွာသက်သာသွားသည့် အပြင် သစ်တောများစိမ်းလမ်းပြီး ငှက်ကျေးများနှင့်သာယာလာသည်။
သို့သော် ဆောင်ရွက်မည့် နည်းလမ်း၊ ကြီးမားသောအလုပ်များအတွက် နည်းဗျုဟာရွေးချယ်ရာတွင် ခေတ္တခဏ အရည်အတွက် တက်လာရုံ၊ မြင်ကောင်းရုံ မဖြစ်ဖို့အရေးကြီးသည်။အချို့ ယာယီကောင်းအောင်လုပ်ခြင်းသည် ရေရှည် အကျိုးစီးပွားကို ဆုတ်ယုတ်စေတတ်သည်။
ယခု စိတ်မောလူမောဖြစ်နေသော အကြီးဆုံးမြင်ရသည့် ပြသနာ မှာ လျှပ်စစ်မီတာခ ကောက်စနစ်ဖြစ်သည်။ မီတာဖတ်စာရေးများသည် တစ်အိမ်ဝင်တစ်အိမ်ထွက်ကောက်နေသည်မှာ လောပိတ မှ လျှပ်စစ် စပေးချိန်ထဲက ဖြစ်သည်။ ယခု ကျေးရွာတိုင်းမှာပင် မီးလင်းရေးလုပ်၊ အရင် မီတာတစ်လုံးထဲရှိသော နေရာတွင် အထပ်မြင့် အိမ်ယာများပေါ်လာ၊မီတာ အလုံးရေများ၊ မီတာဖတ်စာရေးလခ မလောက်မင နှင့် လုပ်ချင်သူနည်းလာသည်။ ခေတ်နဲ့အညီ အလျင်အမြန်ဖတ်နိုင်သည့် မီတာများပေါ်လာသောလည်း အချိန်မီ မစိစစ် မပြင်ဆင်နိုင် သဖြင့် မြန်မာ့ မီးရထားနှင့် အစိုးရစက်ရုံများနှင့် အပြိုင် အရှုံးပေါ်နေဆဲဖြစ်သည်။
ရေးသားလိုသည်မှာ လုပ်ငန်းများတွင် အခက်အခဲ အကြပ်အတည်း အဟန့်အတား တစ်ခု ကြုံတွေ့လာလျှင် လုပ်ငန်းကို စိစစ်၍ နည်းလမ်းရှာပြီး အမြန်ဆုံးပြင်ဆင်ဆောင်ရွက် ရန်လိုပါကြောင်း အတွေ့အကြုံ မျှဝေပါသည်။

2022 မဂ်လာ နှစ်သစ်ဖြစ်ပါစေ...
မီးစက်...နှစ်သစ်မဂ်လာနဲ့ မေတ္တာ တရားရှေ့မှာထားမည်...
နံက် စောစော ၅ နာရီလောက် မီးပျက်သွားတယ်...
နှစ်သစ်ရက်မှာ ဟိုတယ်မှာတည်းနေတဲ့ ဧည့်သည်တွေ အမှောင်ထဲရှိမှာစိုးလို့ မီးစက်နိုးဖို့ လုပ်တယ်...
အတိတ်က ခံစားထားရတာတွေရှိတယ်...
Design
မြို့တော်ခန်းမ မှ မီးစက်ခန်းက အလုံပိတ်လုပ် ဆောက်ထားတော့ ၅၀၀ ကေဗီအေ မီးစက်သစ်ကြီးနိုးတာနဲ့ မီးခိုတွေလုံး... အခန်း အပူချိန်တွေတက် ဖြစ်ဘူးတယ်... နံရံ ဖျက်ဖို့တင်ပြရင်လဲ အထက်တော်တော်နဲ့ ရောက်မှာမဟုတ်.အဆင့်ဆင့်ရှင်းပြရတာနဲ့ မီးစက် ပျက်သွားနိုင်သည်...စနေ တနဂ်နွေ ...နံရံတစ်ဖက် ဖွင့်ပြီး မီခိုးပိုက် အပြင်ဆက်...သံပန်းတွေ တပ်မှ အဆင်ပြေသွားတယ်...ဗိုလ်သင်တန်းတုံးက မင် Initiative များတယ်ဆို ပြီး အပြစ်ပေးခံရဘူးတယ်...
ဘက်ထရီ
စနေနေ့တိုင်း လူကြီးက လုပ်ငန်းစစ်တယ်... ပုံမှန်လာနေတဲ့ မီးက ရှင်းလင်းခန်းထဲဝင်တဲ့ အချိန်မှ ပျက်သွားတယ်... တပည့်တွေ အပြေးအလွှာ အပူမပေးဘဲ မီးစက်နိုးတော့ ဘက်ထရီအားကုန်သွားတယ်... ဘက်ထရီ က တစ်နှစ်လောက်ဘဲ ကောင်းတာလဲ ပါတယ်...ဘယ်လိုမှ နိုးမရတော့ မော်တော်ယာဥ်ကား ဘက်ထရီ နဲ့ တွဲနိုးရတယ်...ဒါတောင် ဘက်ထရီကြိုးက မနည်းရှာရတယ်...နောက်ပိုင်း စက်နိုးစက်စမ်းဆီ ခွင့်ပြုတယ်...တနလာ် ...ကြာသာပတေး နိုးတယ်...ကိုယ်လုပ်ငန်းမှာ အဲလို ရက်ခြားနိုးခိုင်းတော့ မေ့တာနဲ့ မလာတာနဲ့ ရက်တွေ လွှဲ ကုန်တယ်...အဲဒီတော့ နံက်တိုင် ၅မိနစ်နိုး ဆိုမှ အဆင်ပြေတယ်...ရေ...ဆီလက်ကျန် လက်မ ပါ Report တက်ခိုင်းရတယ်...
ဝန်ပို...Over Load
နိုင်ငံတော် အခန်းအနားတစ်ခုမှာ အစမ်းလေ့ကျင့်တုံးက Ok. နောက်ပိုင်း အစားအသောက်အေးမှာစိုးလို့ နွေးတဲ့ မီးဖိုတွေတပ်....မီးလုံးတွေ မြိုင်အောင် ဂျီအီးက ထပ်ဖြည့် ...လူကြီးလဲရောက် Warmer တွေလဲ ဖွင့် ...Overload ဖြစ်ပြီး မီးပျက်ပါရော...ဘာဖြစ်တာလဲမေးတော့ လူပူထူသွားတယ်...ပရိတ်သတ်ကတော့ သတင်းတီဗီကင်မရာ မီးတွေ နဲ့ ဆိုမသိဘူး... အပိုမီးတွေ ဖြတ်ပြီး ...လိုင်းပြန်တင်ရတယ်...ဒါတောင်ဂျီအီးက သူ အဝင်က အလှလိုင်းကို ဖြတ်တာမခံလို့ မနည်းပြောရတယ်...
ခု
တပည့်တွေ မီးစက် Heat မ ပေးဘဲ နိုးရင် ကိုယ်ပို ပင်ပန်းမှာမို့ အေးတဲ့ အထဲ ဦထုတ်ဆောင်းပြီး Heat ပေးတာစစ်ပြီး မှ နိုးရတယ်...မီးတော်တော်နဲ့ မလာ လို့ ပူ ရသေးတယ်...နံက်ပိုင်ရေသုံးချိန်ရောက်ရင် ရေပြတ်မှာစိုးလို့...ရေစက် မောင်းရင် အခန်းပြည့်နေရင် Overload ဖြစ်တတ်တယ်...ဆောင်းကအဲကွန်းမသုံးကျလို့ သိပ်တော့ မပူရ...
နံက် ၅ခွဲလောက်ပြန်လာတယ်... နှစ်ဆန်းတစ်ရက်နေ့ နံက်စောစော ပင်ပန်းတယ် မဖြစ်အောင် ပြန်အိပ်လိုက်တယ်... နှစ်ဆန်းတစ်ရက်နေ့ နိုးတာ မဟုတ်သေးဘူးပေါ့..
နှစ်ဆန်းတစ်ရက်
နံက် ၆:၃၀ လောက်
နိုးလာတော့ မင်းကွန်းဆရာတော် အရပ် ၁၀ မျက်နှာ တရားတော် စကြားရတယ်...ဒီတစ်ခါဘဲ လေးလေးနက်နက် နားထောင်ဘူးတယ်..
#လောဘမီးကြောင့် ဒေါသမီးဖြစ်တယ်....
ဒေါသမီးကြောင့် မောဟ မီးဖြစ်တယ်...
မောဟမီးကြောင့် ငရဲမီးဖြစ်တယ်...
#မီးကို ငြိမ်းနိုင်တာ ရေ ဖြစ်တယ်...
လောဘ ဒေါသ မောဟ ငရဲမီးကို ငြိမ်းနိုင်တာ မေတ္တာ တရားဖြစ်တယ်...
ဒါကြောင့်
လုံစုံများစွာ သတ္တဝါ ဘေးရန်ခပ်သိမ်းကင်းပါစေ... ဥပါတ်ရန်ဘေးကင်းစင်ဝေး အေးငြိမ်းကြပါစေ ... လို့
မဂ်လာရှိသော နှစ်သစ်မှာ မေတ္တာ ပို့သအပ်ပါသည်...