မိသားစုလုပ်ငန်းမှ Corporate Business တစ်ခုသို့ ကူးပြောင်းခြင်း
Updated: May 21, 2022
ငွေသိန်းရာထောင်ချီပြီး ရင်းနှီမြှုပ်နှံထားတဲ့ လုပ်ငန်းတွေက အချိန်တို အတွင်းမှာ အမြတ်ရဖို့နဲ့ အရင်းကြေဖို့ခက်တယ်... ဆယ်စုနှစ်ချီပြီးကြာတတ်တယ်... ၁နှစ် ၂နှစ် နိုင်ငံခြားသွားပြီးပြန်လာတာနဲ့ သူဌေးဖြစ်တာ မြန်မာပေါကားတွေမှာပဲရှိတယ်... တကယ်တန်း လက်တွေမှာ ခုနက လုပ်ငန်းတွေ က ပြန်ရတာက passive income... Passive income က အမျိုးမျိုးရှိတယ်... အကြမ်းအားဖြင်းပြောရရင် ကိုယ်တိုင်သိပ်ပြီးပါဝင်ပက်သက်မှုမရှိဘဲ လစဉ် နှစ်စဉ် ပုံမှန်ဝင်ငွေရတာကို Passive Income လို့ခေါ်တယ်... ဥပမာ အိမ်ငှားတာ၊ငွေချေးတာ၊ ဒါမှမဟုတ် Dividends ရှယ်ယာတွေရင်းနှီးမြှုပ်နှံထားတာတွေ ကနေ အမြတ်ပြန်ဝင်တာ... ကျွန်တော်တို့မြန်မာတွေက ပထမ၂ ချက် နဲ့ရင်းနှီတယ်... နောက်ဆုံးအချက် ရှယ်ယာတွေ ရင်းနှီးမြှပ်နှံမှုတွေက ပြန်ဝင်တာဆိုတဲ့ အပိုင်းမှာသိပ်မကွဲဘူးကြဘူး... Passive Income မှာ ကိုယ်တည်ထောင်ထားပြီး သူဟာသူလည်ပတ်နေတဲ့ လုပ်ငန်းက ဝင်လာတဲ့ လစာမဟုတ်တဲ့ ငွေကလည်း Passive Income လို့ပြောလို့ရတယ်... ok "ရင်နှီးထားတာတွေပြန်ရဖို့မလွယ်ဘူး passive income လောက်ပဲရမယ်ဆို ဘာလို့ လုပ်ငန်းတွေလုပ်တော့မှာလဲ???" လို့မေးရင် ရအောင်လုပ်လို့ရတဲ့ နည်းတွေရှိတယ် အောက်မှာပြောပြမယ်... အခုလောလောဆယ် နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေ အကြောင်းနည်းနည်းပြောချင်တယ်... မြန်မာနိုင်ငံမှာ အဓိကရှိနေတဲ့ SME business အများစုက family business မိဘက ဦးစီး သားသမီးတွေကဝိုင်းကူလုပ်တာများတယ်... အဲတော့ဘာဖြစ်လည်း...စနစ်မကျဘူး organization structure မကျဘူး... "ဟ family business ပဲ စနစ်ကျစရာမလိုဘူး" ဆိုရင် အဲဒီမှာ ပြသနာစတာပဲ... လုပ်ငန်းက တိုးတက်သင့်သလောက်မတိုးတက်တော့ဘူး ဘာလိုလဲဆိုတော့ ကိုယ်မရှိရင် မဖြစ်တော့လို့.... ဥပမာ Family business စားသောက်ဆိုင်ဖွင့်တယ် ပထမ လက်ရာကောင်းလို့ အောင်မြင်လာတယ် နောက် ဆိုင်ခွဲတွေဖွင့်တယ် ဒါမှမဟုတ် ရှိတဲ့ဆိုင်ကို ထပ်ချဲ့ဖို့လုပ်တယ်... အဲ့ဒီအချိန်မှာ သွားတာပဲ... နောက်ပိုင် quality မထိမ်းနိုင် service တွေ မကောင်း ဟင်းတွေမှား ကြာနဲ့ လုံးပါးပါးပြီး အရှုံးပေါ်သွားရော... အဲလိုမျိုး လုံးလည်ချာလည်လိုက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မျက်စိရှေ့မှာ အများကြီးပါ... အဓိက အဲလိုမျိုးဖြစ်တဲ့ အကြောင်းအရင်တစ်ခု က မြန်မာနိုင်ငံက လူတော်တော် များများ "ငါမရှိရင် မဖြစ်ဘူး" ဆိုတဲ့ Hero logic ကို အရမ်းကြိုက်ကြတယ်... "ငါမရှိဘဲလုပ်ကြည့်လေးဘာဖြစ်သွားလဲ" "ငါမရှိရင် မအောင်မြင်ပါဘူးကွာ" ဗုဒ္ဓဘာသာနိုင်ငံမို့လို့တော်တော့တယ်... ကိုယ်လုပ်ငန်း အောင်မြင်ခြင်ရင် အလုပ်မှာ "ငါ" မရှိဖို့လိုတယ် အဲ "ငါ" ဆိုတာကြီးမရှိ စနစ်တကျလည်ပတ်နေတဲ့ လုပ်ငန်းကမှ တကယ် အောင်မြင်တယ်စီးပွားရေးလုပ်ငန်းလို့ခေါ်တယ်.... "ဟာမဖြစ်နိုင်ဘူး" လို့ပြောရင် ကိုယ် အသုံးမကျလို့ပဲ... မဖြစ်နိုင်ရင် International Corporation တွေ Conglomerate Organization တွေတောင်ပေါ်လာမှမဟုတ်ဘူး.... Retirement ဆိုတာတောင်ရှိလာမှာမဟုတ်ဘူး... မသေခင် အထိ အလုပ်လုပ်ပြီး သေသွားရမှာ... နိုင်ငံခြားမှာ က အသက် ၃၀၊၄၀ လောက်နဲ့ Retirement ယူလို့ ဒီမှာဝောာ့ ၆၀၊၇၀မမောနိုင်မပန်းနိုင် အလုပ်လုပ်နေကြတုန်း... လုပ်ငန်းတစ်ခုက ကိုယ်ဦးဆောင်စရာ မလိုတော့ဘဲ သူဟာသူလည်ပတ်သွားရာကနေ ရတဲ့ ဝင်ငွေကို Passive Income လို့ခေါ်တယ်... ok "Passive Income" နဲ့ မကျေနပ်နိုင်တဲ့ လူတွေ ရင်နှီးထားတာတွေပြန်လိုချင်တယ်ဆိုတဲ့လူတွေ အတွက် နည်းကတော့ Stock Exchange Listed လုပ်မယ်...ဒါမှမဟုတ်ကိုယ် Business ကို Valuation လုပ်ပြီး တခြားလုပ်ငန်းရှင်တွေကို ရောင်းမယ် ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်မယ်.... အဲလိုတွေလုပ်ဖို့ အတွက် ကိုယ်လုပ်ငန်းက ဘယ်သူရှိရှိမရှိရှိကောင်းမွန်စာ လည်ပတ်နိုင်တဲ့ အခြေအနေဖြစ်ရမယ်... ဘယ် မိန်းမ မှ မိခင်နို့မပြတ်ဘဲ ခိုင်တာဘဲ လုပ်တတ်တဲ့ ယောက်ျားကို လင်တော်ဖို့ စိတ်မဝင်စားသလို မူလပိုင်ရှင်မရှိတော့ရင် မလည်ပတ်နိုင်တဲ့ စီပွားရေးလုပ်ငန်းမျိုးကို ဘယ် investor မှစိတ်မဝင်စားဘူး... စိတ်ဝင်စားခဲ့ရင်လည်း သေချာတာက ကိုယ်အတွက် ကောင်းကျိုးမရှိနိုင်ဘူး... Safe အဖြစ်ဆုံးကတော့ Yangon Stock Exchange မှာ Listed လုပ်ပြီး Company စတော့ရှယ်တွေရောင်းစားတာပဲ...
YSX မှာ Listed လုပ်ဖို့ဆိုတာ က "ငါကုမ္ပဏီ ရှယ်ယာတွေရောင်းချင်တယ်၊ ရောင်းပေး"လို့ သွားပြောလို့မရဘူး... အကြမ်းမျဉ်းပြောရမယ်ဆိုရင်လုပ်ငန်းက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့ အညီ စနစ်တကျဖွဲစည်းထားပြီး နိုင်ငံတော်ကို အခွန် အပြည့်အဝဆောင်ထားရမယ့် နောက် လုပ်ငန်းက အခုလက်ရှိစနစ်တကျလည်ပတ်နေပြီး လုပ်ငန်းလည်ပတ်ရာကနေ အမြတ်ဝင်ငွေရှိနေရမယ်...
အသေးစိတ်ကိုတော့ YSX မှာလေ့လာလို့ရမယ်... အထက်ကပြောခဲ့တာတွေရှုပ်တယ်ဆိုလည်း.... ကိုယ်ဟာကိုယ် တစ်နိုင်တစ်ပိုင် Niche Market Strategy နဲ့ Small Family business လုပ်ရင်လုပ်
မဟုတ်ရင် သူများဆီမှာ အလုပ်လုပ်တာ အကောင်းဆုံပဲ

photo credit:Small Business CEO