top of page
  • Writer's pictureAdmin

မြေယာရှုခင်း၊ နှစ်ရှည် သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြုစုခြင်း အချက်အလက်များ(၂၂-၁၁-၂၀၁၁)

Updated: Oct 29, 2021




ရေလောင်း၊ ပေါင်းသင်၊ မြေဆွ၊ မြေဆွေးထည့်

(နေပြည်တော် မြေယာရှုခင်းများစတင် ပြုလုပ်စဥ်ကပြုစု ဆောင်ရွက်ခဲ့သော စာစောင်ဖြစ်ပါသည်)

၁။ ရေလောင်းခြင်း(Watering)

စိုက်ပျိုးပြီး ပထမနှစ် အပင်ရှင်သန်ကြီးထွားစဥ်ကာလ၌ သစ်ပင်တစ်ပင်လျှင် ရေ(၅)ဂါလံ၊ တစ်ပတ်(၂)ကြိမ် နှင့် အပင်သက် (၃)နှစ်အထိ ရေ ပုံမှန်လောင်းရန် လိုအပ်ပါသည်။ (၃)နှစ်ကျော်လျှင် အပင်ရေ ရှင်သန်မှု ကြည့်၍ လိုအပ်သလောက်သာ ရေလောင်းရန်လိုအပ်ပါသည်။ရေလိုအပ်သည်ထက်ပိုလောင်းခြင်း၊ အချိန်တိုင်းလောင်းခြင်းမပြုမိရန် ဂရုပြုရပါမည်။ရေဖြန်းစနစ်တပ်ဆင်ထားပါက အစီစဥ်တကျ ကြီးကြပ်ရန် လိုအပ်ပါသည်။ သစ်ပင်အားရေလောင်းရန် လိုအပ်သောလည်း ရေ မဝပ်ရန် ရေထုတ် စနစ် ပြုလုပ်ပေးရပါမည်။

ရေဖြန်းစနစ်တွင် ကြီးကြပ်ရန်လိုအပ်ချက်များ-

(က) သတ်မှတ်ချိန် နှင့် ရေ လိုအပ်ချက်ပေါ်မူတည်၍ ဖြန်းရန်

(ခ)ရေဖြန်းနေစဥ် Sprinkler များချို့ယွင်းမှု၊ပိုက်များမှ ရေယိုစိမ့်မှု၊ရေဠွှေင့် ဆုံးရှုံးမှုများကိုစစ်ဆေးပြုပြင်ရမည်။ မလိုအပ်သောနေရာ( ဥပမာ ကွန်ကရစ်လမ်းပေါ် ရေများရောက်နေက ထိုနေရာရှိ Sprinkler အားရေတိုး/လျော့ခြင်း၊အမျိုးအစားပုံစံပြောင်းခြင်း ပြုလုပ်ရမည်။

(ဂ) Slrinkler ဖြနးသောလည်းရေ မရောက်သောနေရာမျကို ပိုက်ဖြင့်ဖြစ်စေ၊အခြားနည်းဖြင့် ဖြစ်စေ ရေဖြန်းရန်ဆောင်ရွက်ရမည်။

၂။ ပေါင်းသင်ခြင်း(Weeding & Cleaning)

အပင်ပတ်လည် နှင့် သစ်ပင်စိုက်ကျင်း(Tree Pit) တွင် ချုံနွယ် နှင့်အမှိုက်များမရှိစေရန် အစဥ်ရှင်းလင်းဆောင်ရွက်ပေးရမည်။

၃။မြေသြဇာကျွေးခြင်း(Fertilizing)မြေကို စမ်းသပ်ပြီးမြေဆီသြဇာ လျော့နည်းသည်ဟုညွှန်ပြလျှင်၊ အားနည်မှုပေါ်မူတည်၍ မှန်ကန်စွာတွက်ချက်မြေသြဇာကွျေးသင့်သည်။

၄။ အဖျက်ပိုးနှင့်ရောဂါထိန်းချုပ်ခြင်း((Pest& Disease Control)

စိုက်ခင်းအားနေ့စဥ်စစ်ဆေး၍(အပင်ခြေ၊ပင်စည်၊အကိုင်း၊အရွက်၊အပွင့်) တွင် ပိုး(သို့မဟုတ် အနာတွေ့လျှင်သင့်လျှော်သော ပိုးသတ်ဆေး၊နည်းလမ်းကို သုံး၍ အမြန်ဆုံး ရှင်းလင်းဖယ်ရှားရမည်။



၅။ကိုင်းဖြတ်ခြင်း(Pruning)

ပန်းပွင့်ပြီးချိန် နှင့် ကြီးထွားမှုနှေးစဥ် ကာလ ( Dormant Season) တွင် ပြုလုပ်သင့်သည်။ အပင် အခြေ နှင့် အပင်အတွင်းထိပ်တွင် ထွက်လာသော အညှောင့်၊အတက်၊ပင်ပွါးများကိုဖြတ်ရမည်။ သစ်ကိုင်းခြောက်လျှင်၊ပိုးကျလျှင်၊ကန့်လန့်ကိုင်းများ၊အားနည်းသော အကိုင်းများ၊ကျိုးနေသော အကိုင်းများ၊လူလျှောက်လမ်း၊ယာဥ်ကို ထိခိုက်စေသော အကိုင်များကို နည်းလမ်းတကျ ဖြတ်သင့်သည်။

၆။ အစားထိုးစိုက်ပျိုးခြင်း(Replacing)

သစ်ပင်ထိပ်ပိုင်း ၃၀ရာခိုင်နှုန်းခြောက်သွေ့နေသောအပင်များနှင့် ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်မရှိသော အပင်များကို အစားထိုးစိုက်ပျိုးရမည်။ ( အစားထိုးအပင်စိုက်ရာတွင် မူလ နေရာတွင် ရှိသော အပင်၏ အရပ်မျက်နှာအတိုင်း ကြိုတင်ပြမှတ်သားလာ၍ မူလ အရပ်မျက်နှာ အတိုင်းပြန်စိုက်လျှင်

ရှင်သန်ရန်ပိုသေချာသည်။)


၇။ ဧရိယာတစ်ခုတွင် သစ်ပင် လိုအပ်ချက် တွက်ချက်ပုံ ပုံသေနည်း

Metric ( နိုင်ငံတကာသုံးစနစ်)

တစ်ဧကတွင် စိုက်မည့် သစ်ပင်အရေအတွက်=၄၃၅၆၀/[ (ကြားအကွာအဝေး (အလျားလိုက်. ပေ)x ကြားအကွာအဝေး(ဒေါင်လိုက်ပေ)]

( Estimated Number of Trees per Acre )=43,560 / [( spacing between trees in feet for direction 1 ) X ( spacing between trees in feet for direction 2 )].

ဥပမာ သစ်ပင်အားအလျားလိုက် ၉ပေ၊ဒေါင်လိုက် ၉ပေ ခြား စိုက်မည်ဆိုပါက-

တစ်ဧက လိုအပ်အပင်အရေအတွက်= ၄၃၆၅၀/(၉x ၉) = ၅၃၈ ပင်

ဇယား ကြည့်ရန်


၈။ရေလောင်းခြင်းဆိုင်ရာအချက်အလက်များ

သစ်ပင် အသက်ရှင်သန်ရေး နှင့် ကြီးထွားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ ခြောက်သွေ့သောအခြေအနေသည် သစ်ပင်ခြောက်ခြင်း၊ပိမွှာ ပြသနာ များကြောင့် သစ်ပင်ကြီးထွားမှုကို ထိခိုက်စေသည်။ အသစ်ပြောင်းရွေ့စိုက်သောအပင်များတွင် ရေအရေးကြီးသည်။ သစ်ပင်၃နှစ်အရွယ်အထိ ရေ ပုံမှန်လောင်းရန် လိုအပ်သည်။သစ်ပင်အခြေတွင် မြေကြီးအောက်ဘက် (၁၂) လက်မ အထိ ရေ စိုစွတ်နေရန်လိုအပ်သည်။ရေလိုသည်ထက် အလွန်အကွျံ ပိုမလောင်းမိဧရန် ဂရုပြုရမည်။ရေ အလွန်များလျှင်မြေကြီးထဲ မှ လေကိုဖယ်ရှား၍သစ်မြစ်များအသက်ရှုကြပ်ပြီးသေစေနိုင်သည်။မြေကြီးတွင် အစဥ်ရေဝပ်နေရန်မလို။ရေလောင်းပြီးစိုစွတ်ချိန်နှင့် ခြောက်သွေ့ ချိန်ရှိရမည်။ယေဘူယျ အားဖြင့် တစ်လက်မ အချင်းရှိ သစ်ပင် တစ်ပင်သည် တစ်နေ့ ရေ ( ၂) ဂါလံ လိုသည်။

ပေ (၁၀၀) ရှိသော ပိုက်တွင်ရေစီးနှုန်း

ပိုက် အရွယ်အစား(Size)(inches) ရေစီးနှုန်း(gpm)

1/2 1/2 to 2 gals

3/4 2 to 4 gals

1 4 to 8 gals


၉။ မြေသြဇာကျွေးခြင်း(Fertilizing)ယေဘူယျ အားဖြင့်သစ်ရွက်ကြွေ ကျပြီး သစ်ပင်များပြန်လည် ပွင့်ဖူးလာမည့် ကာလ မတိုင်မီ ဆောင်းရာသီတွငိ ကွေးသင့်သည်။ ဆောင်ရာသီကာလ တလျှောက်လုံး အမြစ်မှ မြေသြဇာ စုတ်ယူ၍ နွေရာသီတွင် ရှင်သန် ဖွံ့ ဖြိုးလာမည်။

သစ်ပင်ကြီးထွားမှုနှင့် အရွင် အရောင်ကိုကြည့်၍ မြေသြဇာ လို အပ်ချက် ကို လေ့လာနိုင်သည်။ အရွက် အရွယ်အစားသေးခြင်း၊တိုခြင်း၊အသစ်ထွက်လာသော အရွက်များတွန့်ခြင်း၊အရွက်ဝါခြင်းတို့သည် မြေသြဇာ လိုအပ်သည့် သကေ်တ များဖြစ်သည်။ အဖျက်ပိုး နှင့် အပင်ရောဂါဖြစ်လျှင်လည်းအလားတူ သကေ်တ ပြင၍ ဆုံးဖြတ်ချက်မချမီ စစ်ဆေးရန် လိုပါသည်။မြေသြဇာကွေရာတွင် သစ်ပင်အောက် ဧရိယာ၌ မြေသြဇာ ဖြန့်ကျဲ ထားခြင်း( Broadcast Method)၊မြေတွင်းဖောက်၍ မြေသြဇာကျွေးခြင်း (Inject) နည်းများရှိသည်။မြေသြဇာကျွေးခြင်း( Inject) နည်းတွင် သစ်ပင်ရေကျ (Drip Line)

မှ စတင်၍ ပင်စည် မှ (၃)ပေ နှင့်(၅)ပေ အကွာ အတွင်း၊ (၈) လက်မ မှ (၁၈) လက်မ အနက်၊ (၁) လက်မ မှ(၁ လက်မခွဲ) အကျယ် တွင်းများကို (၂)ပေမှ (၃)ပေခြား တူး၍တွက်ချက်ရရှိသောမြေသြဇာကို ကတော့ ဖြင့် ဖြစ်စေ၊ခွက်ဖြင့်ဖြစ်စေ အညီ အမျှ လောင်းထည့်ရန်ဖြစ်သည်။ပြီးလျှင်မြေဇာ ပြန်ဖုံးရမည်။ဤနည်းသည် ပေါင်းပင်ကြီးထွားမှုကို ကာကွယ်နိုင်သည်။မြေသြဇာ အရည် ထိုးသွင်းသည့်(Inject Liquid Fertilizer နည်းလည်းရှိသည်။


၁၀။ ကိုင်းဖြတ်ခြင်း(Pruning)


သစ်ကိုင်းခြောက်များ၊ရောဂါပိုးကျနေသောအကိုင်များ၊ကျိုးနေသောသစ်ကိုင်များ၊ကန့်လန့်ဖြတ်ကိုင်းများ နှင့် အခြာမလိုအပ်သော သစ်ကိုင်းများကို စနစ်တကျ ဖြတခြင်းဖြင့် သစ်ပင်၏ ပုံသဏ္ဍန် ပိုမိုကောင်းမွန်ခြင်း၊ကြံခိုင်ရှင်သန်ခြင်းကိုဖြစ်စေသည်။

သစ်ကိုင်ဖြတ်တောက်ရာတွင် လိုအပ်သလောက်သာ ဖြတ်ရမည်။သစ်ရွက် အများအပြားဖယ်ရှားက သစ်ပင်၏ နေရောင်ဖြင့် အစာချက် စနစ်ကို ချို့ယွင်းစေသည်။

(ကိုင်းဖြတ်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းမကွဲပြား၍ မြို့ရွာလမ်းဘေးဝဲယာ လူနေအိမ်များတွင် ရှုတ်ထွေးနေသောသစ်ပင်များ၊လူနှင့် ယာဥ်ကို ဘေးအန္တ ရယ်ဖြစ်စေသော သစ်ပင်သစ်ကိုင်များတွေ့နေရပါသည်။သီသန့်လေ့လာသင့်ပါသည်။)





၁၁။မြေကာခြင်း(Mulching)မြေကာခြင်းသည် သစ်ပင်ကြီးထွားမှုနှင့် အပင်ကျန်းမာရေးကို များစွာ အထောက်အကူပြုသည်။ထု (၂)လက်မ နှင့် (၄) လက်မကြား ပါးလွှာသော မြေကာဖုံးခြင်းဖြင့် မြေဖွဲ့စည်းမှု၊ အောက်စီဂျင်ပါဝင်မှု၊ အပူချိန် နှင့်ရေငွေ့ ကို ထိန်းထားနိုင်သည်။အောဂဲာနစ် ပစ္စည်း များဖြစ်သော သစ်ဆွေး၊ကောက်ရိုး၊ရေညှိ၊သစ်ရွက်၊သစ်ခေါက်၊ထင်းရူးရွက်များဖြင့် မြေကာပြုလုပ်နိင်သည်။ အပေါ်မှ ကျောက်၊ကျောက်စရစ်၊ပလပ်စတစ်၊ရာဘာစ များဖုံးထားနိုင်သည်။မြေကာရာတွင် သစ်ပင် အမြစ်များအားလုံးဖုံးရမည်။သစ်ပင် ရေကျနေရာ (Drip Line) အထိ အမြစ်များရှိသည်။ထူလွန်းသောမြေကာသည် သစ်ပင်ကို ထိခိုက်နိုင်သည်။မြေကာသည် သစ်ပင် ပင်စည်မှ (၆)လက်မ ခန့် ခွါထားရမည်။ ပင်စည် အနီးပုံထားက ပင်စည်အားပိုးမွှားများကိုက်နိုင်သည်။ နေပြည်တောကဲ့သို ့ ပူပြင်းခြောက်သွေ့သောနေရာများတွင် အပင်ခြေ ၌ နွေရာသီတွက် မြေအား ရေနေရန် ဒယ်အိုးပုံ ခွက်ထားပြီး မိုးရာသီတွင် ကျောက်ပြင်ပုံ ပြန်ခုံးပြီး မြေကာခြင်းကိုဆောင်ရွက်သည်။


၁၂။ မြေကာခြင်း ၏ အကျိုးကျေးဇူး

(က) မြေကြီး၏ ရေငွေ့ ကိုထိန်းထားသည်။

(ခ) မြေကြီးဖွဲ့စည်းမှုကောင်းစေသည်။

(ဂ) မြေသားကျစ်မှုကို ကာကွယ်သည်။

(ဃ) မြေကြီးတွင်လေဝင်ရောက်မှုကောင်းစေသည်။

(င) ပေါင်းမျက်များပေါက်ရောက်မှုကို ကာကွယ်သည်။

(စ) နှစ်လိုဖွယ်မြင်ရသည်။

(ဆ) မြက်ဖြတ်စက်၊မြက်ဖြတ်ထားများ ပင်စည်ကို ခုတ်မိမည့် အခြေအနေမှ ကင်းစေသည်။





၁၃။ ဒေါင်လိုက်မြေကာခြင်း(Vertical Mulching)

ရွှံ့မြေ၊သဲဆန်သောမြေ များတွင် သစ်ပင် ကြီးထွားရန် အထောက်အကူပြုသည်။(၂)လက်မ အရွယ် ကျင်းကို အော်ဂါ(Auger) လွန်ဖြင့်(၁)ပေ မှ (၁ပေခွဲ) အနက်တူး သစ်ပင် Inject မြေသြဇာထည့်နည်းအတိုင်းတူးခြင်း၍ မြေဆွေး (As Bio Supreme) ထည့်ပေးခြင်းဖြင့် အမြစ်သို့ လေဝင်ပြီး အမြစ်ပြန့်နှံမှုကို အားပေး၍ အပင်ရှင်သန် ကြီးထွားစေသည်။




၁၄။ ဤစာစောင်ငယ်ပြုစုစဥ်က လမ်းညွှန်တာဝန်ပေးခဲ့သော လူကြီးများနှင့် အချက်အလက်များ၊စာအုပ်စာစောင်များလေ့လာရန်ပေးသည့်အပြင်၊ အချိန်ပေးသင်ကြားပေးခဲ့သော စိုက်ပျိုးရေးတကသိုလ် မှ ကထိက (အငြိမ်းစား) ဦးကြည်ဝင်းကိုကျေးဇူးတင်ပါသည်။ အချို့သောအကြောင်းအရာများသည် ပိုပို လေ့လာဖြည့်စွက်ရန်လိုပါသေးသည်။ မြေယာရှုခင်းလုပ်ငန်းများကို တစ်ထောင့် တစ်နေရာမှ ကျေးဇူးပြုနိုင်ခဲ့သောစာအုပ်ဖြစ်ပါသည်။



(ဆက်ရန်)

ယခင်က ကွန်ပြူတာ Font နှင့် စာစီ စနစ်ခြင်းမတူ၍ ပြန်လည် ကူးယူပြီးဆက်ဖော်ပြပါမည်။)







54 views0 comments