မေမြို့ ဆိုင်ရာ
Updated: Apr 21, 2022
မေမြို့ နာရီစင် သမိုင်း
မေမြို့( သို့မဟုတ် ) ပြင်ဦးလွင်သားတွေ
သေသေချာချာထိန်းသိန်းစောင့်လျောက်ဖို့လိုအပ်
ပါကြောင်း
မြန်မာနိုင်ငံမှာသက်တမ်းအရှည်ဆုံး
မေမြို့နာရီစင်ကြီး
Credit မျိုးမြတ်သူ
ပေးပို့သူ ...ဦးကျော်ကျော်(Just in Time)
အင်္ဂလန်နိုင်ငံက Big Bang နာရီကြီး နှစ်ပေါင်း
၁၀၀ ပြည့်တဲ့နေ့မှာ ဗြိတိန်ပါလီမန်က နှစ်၁၀၀ပြည့်
ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပါလီမန်အမတ်များက
သုံးမိနစ်ကြာမတ်တပ်ရပ်အရိုအသေပြုခဲ့ကြတယ်။
နာရီကြီးဟာဒီကနေ့အထိ လန်ဒန်မြို့သူမြို့သားများ
ကိုအလုပ်အကျွေးပြုနေဆဲပါ။
ဘစ်ဘင်နာရီကြီးဟာ ၁၉၂၄ ဒုတိယကမ္ဘာစစ်ကြီး
အတွင်း ဂျာမန်လေတပ်က လန်ဒန်မြို့ကိုဗုံးကြဲစဉ်
တုန်ခါမှုကြောင့် တစ်ကြိမ်သာစက်ရပ်နားခဲ့ရဖူးပါ
တယ်။ မေမြို့နာရီစင်ကြီးက ဒုတိယကမ္ဘာစစ်ပြီးကာ
နီး ၁၉၄၅ မတ်လနဲ့ဧပြီလမှာ ခေတ္တခဏရပ်နားဖူးခဲ့
တယ်။ ရပ်နားခဲ့ရဖူးတဲ့အကြောင်းရင်းမှာထိုစဉ်က
နာရီကြီးမှာတပ်ထားတဲ့စက်ပစ္စည်းတွေကိုမသမာသူ
များကဖြုတ်ယူပြီးသံတိုသံစရောင်းတဲ့ဆိုင်မှာရောင်း
ချခဲ့ကြလို့ပါ။ ၁၉၄၅ မတ်လ ၁၅ရက်မှာမေမြို့ကို
ဂျပန်လက်ထဲကနေပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့
အမှတ်(၁၉) ဗြိတိသျှတပ်မမှ စစ်အုပ်ချုပ်ရေးအရာ
ရှိ ဗိုလ်မှူးဒီမက်တို့ခ်ျ ( Major De Matoeh ) က
ဦးသိန်း ( ယခု အတ်ချာဘရားသားနာရီဆိုင် ) ကို
ခေါ်ပြီးနာရီစင်ကနာရီဘာကြောင့်အလုပ်မလုပ်သ
လဲဆိုတာခေါ်မေးတဲ့အခါ ဦးသိန်းကအကြောင်းစုံ
ရှင်းပြခဲ့တယ်။ ဗိုလ်မှူးဒီမက်ခ်ျတိုက မေမြို့ဈေးကြီး
အတွင်းသတိုသံစရောင်းတဲ့ကုလားတွေကိုစစ်အုပ်
ချုပ်ရေးရုံးစိုက်ရာ ( ယခု မေဦးလွင်ရုပ်ရှင်ရုံ၊ ယ္ခင်
ဝှိုက်တဝေးအဆောက်အအုံ ) သို့ခေါ်ယူကာ ကြည်
ကြည်သာသာခေါ်တွေ့ပြီး " ခင်ဗျားတို့ နာရီစင်ကြီး
ရဲ့အစိတ်အပိုင်းတွေကို မပျောက်မပျက်ရအောင်
တာဝန်သိသိထိန်းသိမ်းထားပေးလို့အထူးကျေးဇူး
တင်တယ်။ အခု စစ်ကြီးလဲပြီးပါပြီ၊ နာရီကဖြုတ်ယူ
ထိန်းသိမ်းထားတဲ့စက်အစိတ်အပိုင်းတွေအားလုံး
ကျနော့်ဆီပြန်အပ်ကြပါ၊ ဒီနာရီကြီးကထွက်ပေါ်လာ
မယ့် သံစုံကျူးရင့်သံကို မင်းတို့ရဲ့သားစဉ်မျိုးဆက်
အဆက်ဆက်နဲ့မြို့သူမြို့သားများအားလုံးကပြန်
လည်နားသောတဆင်ကြရတဲ့အခါ မင်းတို့ကိုသတိရ
ကျေးဇူးတင်နေကြလိမ့်မယ် " လို့လိမ္မာပါးနပ်စွာ
ပြောပြလိုက်တဲ့အခါသံတိုသံစရောင်းတဲ့ကုလားများ
နားလည်သဘောပေါက်သွားကြပြီးဈေးထဲရှိနာရီ
အစိတ်အပိုင်းများကိုတစ်ခုမကျန် ဂုံနီအိတ်များဖြင့်
ထည့်ကာလာရောက်အပ်နှံခဲ့ကြပါတယ်။ ( အကယ်
၍သာ ကုလားများကိုသူခိုးလိုစွပ်စွဲခဲ့ပါက ပစ္စည်းများ
ကိုပြန်လည်ပေးအပ်ချင်မှအပ်ကြမှာပါ )
မေမြို့နာရီစင်ကြီးမှာ ၁၉၃၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ( Gillette & Johnson Co ) ဂီးလက်အင် ဂျွန်
ဆင်ကုမ္မဏီက ဗြိတိသျှပဉ္စမမြောက် ( George V )
၏ နန်းစံသက် ၂၅ နှစ်မြောက်ငွေရတုသဘင်
အထိမ်းအမှတ်အဖြစ်ထုတ်လုပ်ခဲ့သောနာရီအနည်းငယ်ထဲမှတစ်လုံး ( Limited Edition ) ဖြစ်တယ်။
မြန်မာနိုင်ငံအတွက်တစ်လုံးရရှိခဲ့ရာမှာ မန္တလေးမြို့
မှ Mr Purcell မစ္စတာပါဆယ်နဲ့မေမြို့ကရှေ့နေ
ကြီး Mr M.Azin မစ္စတာအာဇင်းတို့ရဲ့ကြိုးပမ်းမှု
ကြောင့်မေမြို့အတွက်ရရှိခဲ့တာပါ။ ၁၉၃၅ ခုနှစ်မှာ
နာရီစင်ကို ရန်ကုန်က ( Clark & Graig Co )
ကလပ်အင်ဂရေ့ခ်ျ ကုမ္မဏီကတာဝန်ယူကာဆောက်
လုပ်ပေးခဲ့တယ်။ ၁၉၃၆ ခုနှစ် စက်တင်ဘာ မှာနာရီ
စင်ကိုဖွင့်လှစ်နိုင်ခဲ့ရာကုန်ကျငွေစုစုပေါင်း ရူပီးငွေ
၁၇၀၀၀ ကျပါတယ်။ နာရီအလှူရှင် မစ္စတာပါဆယ်
က ငွေ ၁၁၀၀၀ မတည်လှူဒါန်းပြီးမေမြို့မြူနီစပယ်
က ငွေ ၆၀၀၀ ထည့်ဝင်ခဲ့တယ်။ နာရီစင်ကြီးကို ထို
အချိန်ကစပြီး Purcell Towel ပါဆယ်တာဝါ လို့
အမည်ပေးခဲ့ကြပါတယ်။ မစ္စတာပါဆယ် ဟာနာရီ
စင်ကြီးအပြင် မေမြို့ပြည်သူ့ဆေးရုံကြီးရှိသူနာပြု
များနေထိုင်လျက်ရှိကြတဲ့နှစ်ထပ်အဆောက်အအုံကိုလည်းလှူဒါန်းခဲ့တယ်။ မစ္စတာပါဆယ် ဟာ အာမေးနီးယန်းလူမျိုးတစ်ဦးဖြစ်ပြီးသူ့ရဲ့ဘိုးဘွားများ
မှာ မင်းတုန်းမင်းနဲ့သီပေါမင်းလက်ထက်ကတည်းက
နန်းတော်တွင်းသို့အချိန်မရွေး ဝင်ထွက်သွားလာခွင့်
ရရှိခဲ့သောကုန်သည်ကြီးများဖြစ်ခဲ့တယ်။
မေမြို့နာရီစင်မှာ အမြင့် ၇၅ပေနဲ့အရပ်လေးမျက်နှာ
ကနေ့ရောညပါမြင်နိုင်အောင်ဒိုင်ခွက်အကျယ် ၄ပေ
ခွဲစီရှိ ဒိုင်ခွက်ကြီး (၄)ခုတပ်ဆင်ထားပါတယ်။
Westminster Chime ခေါ် ခေါင်းလောင်းကို
ကြီးစဉ်ငယ်လိုက် (၄)လုံးဖြင့် ၁၅မိန်စစ်လျှင်တကြိမ်
သံစုံကျူးရင့်ရန်တပ်ဆင်ထားပြီးကျန်တလုံးမှာ
တနာရီထိုးတိုင်းအချက်ပြည့်ထိုးသောခေါင်းလောင်း
ကြီးဖြစ်ပါတယ်။ စုစုပေါင်းခေါင်းလောင်း (၅)လုံးပါ
ဝင်ပါတယ်။ နာရီစက်များမှာသံပတ်ဖြင့်လည်ပတ်
ပါတယ်။ သီတင်း(၂)ပတ်လျှင်နှစ်ကြိမ်သံပတ်ပေးရ
ပါတယ်။ နာရီမှာတပ်ဆင်ထားတဲ့စက်ပစ္စည်းအစိတ်
အပိုင်းအားလုံးရဲ့စုစုပေါင်းအလေးချိန်ဟာတန်ချိန်
(၃)တန်ခန့်ရှိတယ်။ နာရီစဉ်မှာ ၁၅မိနစ်တကြိမ်
မြည်တဲ့သံစဉ်(၄)မျိုးရှိပြီးထို(၄)မျိုးဟာသူ့အဓိပ္ပါယ်
နှင်သူရှိကြပါတယ်။
(1) Lord, Through this hour,
(2) Be thou our guide,
(3) So, by the power,
(4) No foot shall slide
အဓိပ္ပါယ်မှာ
(၁) အိုအရှင် ... ဤအချိန်နာရီမှစတင်ကာ
(၂) ကျွန်ုပ်တို့၏လမ်းညွှန်ရာ
(၃) အရှင် စွမ်းအားပေးသနားကာ
(၄) ခြေလှမ်းတိုင်းမြဲမြံစေဖို့ရာ
ဟူ၍ဖြစ်ပါတယ်။
( ဘာသာပြန်လက်ရာကောင်းလှပါတယ် )
နာရီစင်ကြီးကို ၁၉၃၆မှစ၍ယနေ့အထိ အတ်ချား
ဘရားသားနာရီဆိုင် Atcha Brother ကိုတည်
ထောင်ခဲ့သူ ကွယ်လွန်သူ ဂျီအမ်အတ်ချား မိသားစုမှ
အတ်ချားဦးသိန်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ
တယ်။ ဦးသိန်း အရွယ်ရလာတဲ့အခါ တူသားများ
ဖြစ်ကြတဲ့ ကိုထွန်းဝင်း၊ ကိုသန်းလွင်၊ ကိုထွန်းထွန်း
နိုင် တို့က နာရီကြီးနောက်ထပ်အနှစ်၁၀၀ တည်တံ့
ရေးအတွက် နာရီစက်ပြင်နည်း၊ ပြုပြင်ထိမ်းသိမ်း
နည်းများကို အသေးစိတ်လက်ထပ်သင်ပေးခဲ့ကြ
သဖြင့် မေမြို့နာရီစင်ကြီးမှာ နှစ်ပေါင်းမြောက်မြား
စွာမေမြို့သူမေမြို့သားများကိုဆက်လက်၍အလုပ်
အကျွေးပြုနေဦးမှာမလွဲပါ။ မေမြို့သူမေမြို့သားများ
က ဦးသိန်းနဲ့တကွတူသားနောင်ငယ်အဆက်ဆက်
ကိုကျေးဇူးတင်လျက်ပါ။
အတ်ချားဦးသိန်းမှာအသက်(၈၂)နှစ်အရွယ် တွင် ကွယ်လွန်ခဲ့ပါတယ်။
" မေမြို့နာရီစင်ကြီးသက်တော်ရာကျော်ရှည်ပါစေ "






