မြန်မာ လမ်းဆိုင်ရာ အချက်အလက်များ
Updated: May 22, 2022
#လမ်းနံပါတ်(Road Numbering)စနစ်
အသုံးပြုပုံနှင့်သတ်မှတ်ပုံစံများ။
မြန်မာနိုင်ငံတွင်လမ်းနံပါတ် { Road
Numbering }စနစ်ကို ၂၀၀၀ခုနှစ် လမ်း
မကြီးများဥပဒေ ပုဒ်မ (၄) ၊ ပုဒ်မခွဲ (င)
(လမ်းမကြီးများအဖြစ်သတ်မှတ်ကြေ
ညာခြင်း) ဥပဒေ အပေါ်အခြေခံ၍ဆောင်
ရွက်ထားခြင်းဖြစ်ပါသည်။
Road Numbering System အကောင်အထည်ဖော်ရာလမ်းနံပါတ်များ
တပ်ရာတွင်အောက်ပါအတိုင်းလမ်းအ
မျိုးအစားခွဲခြားထားပါသည်။
လမ်းအမျိုးအစား လမ်းနံပါတ်
----------------------- -------------
{1}အမြန်လမ်းမကြီးများ။
( Expressway )
••
လမ်းနံပါတ်ကို - E 1/E 2/E 3 - - -
စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
(ဥပမာ -)
-ရန်ကုန် - မန္တလေးအမြန်လမ်း -- E 4
-ပုသိမ် -မုံရွာ -ရွှေဘို လမ်း -- E 2
-------------
{2}ပြည်ထောင်စုလမ်းမကြီးများ။
(National Highway)
•• ••
လမ်းနံပါတ်ကို - NH 1/NH 2/NH 3- -
စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
(ဥပမာ)
ရွှေဘို - မြစ်ကြီးနားလမ်း -- NH 47
ရန်ကုန် - ပုသိမ်လမ်း -- NH 8
-------------
{3}အဓိကသွေးကြောလမ်းမကြီးများ။
(Main Arterial Roads)
••
လမ်းနံပါတ်ကို - A 1 / A 2 / A 3 - - -
စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
(ဥပမာ)
ကလေး-ကျီကုန်း-ကလေးဝ-သက္ကယ်ကျင်း-တန်ဆည်-ရေဦး-ရွှေဘို
ကျောက်မြောင်း-စဉ်ကူး-လက်ပံလှ
ဖော့တော-သပိတ်ကျင်း-တွင်းငယ်
မိုးမိတ်-မန်တုံ-မုံးဝီ-နမ့်ခမ်း-မူဆယ်လမ်း
လမ်းနံပါတ် -- A 20
(အနောက်မှအရှေ့ဆက်သွယ်သောလမ်း
ဖြစ်ပါသည်။)
(အဓိကသွေးကြောလမ်းမကြီးများတွင်)
တောင်မှမြောက်ဆက်သွယ်သောလမ်းမ
ကြီးများကို --{မ ဂဏန်း}ဖြင့်သတ်မှတ်
ထားပါသည်။ A 1 /A 3 /A 5
အနောက်မှအရှေ့ဆက်သွယ်သောလမ်း
မကြီးများကို - -{စုံ ဂဏန်း}ဖြင့်သတ်မှတ်
ထားပါသည်။ A 2/ A 4 /A 6
------------
{4} လမ်းခွဲငယ်များ။
( Sub Arterial Roads)
••
လမ်းနံပါတ်ကို - S 5 31 / S 5 24 - -
စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
လမ်းခွဲငယ်များသတ်မှတ်ရာတွင်လမ်းခွဲ
များ မှာအလွန်များပြားသောကြောင့်
ကချင် 1
ကယား 2
ကရင် 3
ချင်း 4
စစ်ကိုင်း 5
တနင်္သာရီ 6
ပဲခူး 7
မကွေး 8
မန္တလေး 9
မွန် 10
ရခိုင် 11
ရန်ကုန် 12
ရှမ်းအရှေ့ 13
ရှမ်းတောင် 14
ရှမ်းမြောက် 15
ဧရာဝတီ 16
နေပြည်တော် 17
စသည်ဖြင့်နံပါတ်များခွဲခြားထားပါသည်။
{ထိုပြင်}
တောင်-မြောက်သို့သွားသောလမ်းခွဲငယ်
များကို -- ( မ ဂဏန်း )
အနောက် -အရှေ့သို့သွားသောလမ်းခွဲ
ငယ်များကို --( စုံ ဂဏန်း )
ထပ်မံခွဲခြားသတ်မှတ်ထားပါသည်။
(ဥပမာ -)
လမ်းနံပါတ် -- S 5 31
5 မှာ စစ်ကိုင်းတိုင်းတွင်းဖြစ်သည်။
31 မှာ မ ဂဏန်းဖြစ်၍တောင်မြောက်
သွားသောလမ်းဖြစ်ပါသည်။
S 5 31 လမ်းမှာ စစ်ကိုင်းတိုင်းအတွင်း
တောင် မြောက် သွားသော လမ်း - - -
(မန္တလေး -စစ်ကိုင်း -ရွှေဘို )လမ်းနံပါတ်
ဖြစ်ပါသည်။
S 5 24 လမ်းမှာစစ်ကိုင်းတိုင်းအတွင်း
{24 စုံ ဂဏန်းဖြစ်၍}အရှေ့-အနောက်
သွားသောလမ်း - - -
(ရေဦး - ခင်ဦး ) လမ်းနံပါတ်ဖြစ်ပါသည်။
-------------
{5} အာရှလမ်းမကြီးများ။
(Asian Highways)
•• ••
လမ်းနံပါတ်ကို - AH 1 / AH 2 - -
စသည်ဖြင့်သတ်မှတ်ထားရှိပါသည်။
(ဥပမာ)
-တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး
{ဘုရားကြီး} -သထုံ- မြဝတီလမ်း
လမ်းနံပါတ် - - A H 1
-မန္တလေး -သီပေါ -မူဆယ် လမ်း
လမ်းနံပါတ် - - AH 14
-----------------
လမ်းနံပါတ်များတပ်ရာတွင်လမ်းအမျိုး
အစားအလိုက်အသုံးပြုသည့်ဆိုင်းဘုတ်သတ်မှတ်ပုံစံနှင့်အရွယ်အစားကိုသတ်
မှတ်ပုံများဖြင့်အောက်တွင်ဖော်ပြပေး
ထားပါသည်။
-----------------------------------------------
လမ်းဦးစီးဌာနအကြောင်းသိကောင်းစရာ
မှ








လမ်းအင်္ဂါရပ်အမျိုးအစား-စံသတ်မှတ်ချက်များ
--------------------------------
လမ်းအင်္ဂါရပ်အမျိုးအစား-စံသတ်မှတ်ချက်များကိုအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားသည်ကိုလေ့လာမှတ်သားရပါသည်၊ (လမ်းသမား)တို့အတွက်ဝေမျှမိပါသည်၊
(1) လမ်းအဆင့်အမျိုးအစားနှင့်ယာဥ်သွားလမ်း
အရေအတွက်၊
(2) လမ်းအဆင့်အမျိုးအစားနှင့်နှစ်ပါတ်လည်
နေ့စဥ်ပျှမ်းမျှသွားယာဥ်စီးရေများ၊
(3) လမ်းအဆင့်အမျိုးအစားနှင့်ယာဥ်သွားလမ်း
အကျယ်ပေများ၊
(4) လမ်းအဆင့်အမျိုးအစားနှင့်လမ်းနယ်
အကျယ်ပေများ၊
(5) လမ်းအဆင့်အမျိုးအစားနှင့်အနည်းဆုံးလမ်း
ပုခုံး၏အကျယ်ပေများ၊
(6) လမ်းအဆင့်အမျိုးအစားနှင့်အနည်းဆုံး
တာရိုးအကျယ်ပေများ၊
(7) လမ်းအဆင့်အမျိုးအစားနှင့်အများဆုံး
အတက်အဆင်းနှုံး(ရာခိုင်နှုန်း)
(8) လမ်းအဆင့်အမျိုးအစားနှင့်အများဆုံး
မျက်နှာပြင်ညီလမ်းကွေ့များ(ဒီဂရီ)
(9) လမ်းအဆင့်အမျိုးအစားနှင့်အနည်းဆုံးယာဥ်
ရပ်ရန်လိုအပ်သောမြင်ကွင်း(ပေ)
- စသည်တို့ကိုခွဲခြားသတ်မှတ်ထားပါသည်၊
************************************
လမ်းအဆင့်အမျိုးအစားများကို
( D-6 )( D-5 )( D-4 )( D-3 )( D-2 )( D-1 )
ဟူ၍ နံပါတ်များဖြင့် ခွဲခြားထားရှိပါသည်၊
************************************
(1) လမ်းအဆင့်အမျိုးအစားနှင့်ယာဥ်သွားလမ်း
အရေအတွက်
(၁) D - 6 ယာဥ်သွားလမ်း (၁)လမ်း
(၂) D - 5 ယာဥ်သွားလမ်း (၁)လမ်း
(၃) D - 4 ယာဥ်သွားလမ်း (၂)လမ်း
(၄) D - 3 ယာဥ်သွားလမ်း (၂)လမ်း
(၅) D - 2 ယာဥ်သွားလမ်း (၄)လမ်းနှင့်
အထက်
(သွားလမ်း/လာလမ်းမခွဲခြား)
(၆) D - 1 ယာဥ်သွားလမ်း (၄)လမ်းနှင့်
အထက်
(သွားလမ်း/လာလမ်းခွဲခြား)
************************************
(2) လမ်းအဆင့်အမျိုးအစားနှင့်နှစ်ပါတ်လည်
နေ့စဥ်ပျှမ်းမျှသွားယာဥ်စီးရေများ၊
(လမ်းအမျိုးအစား) (နေ့စဥ်ပျှမ်းမျှသွားယာဥ်)
စီးရေ
(၁) D - 6 50 (အောက်)
(၂) D - 5 50 - 200
(၃) D - 4 200 - 500
(၄) D - 3 500 - 2500
(၅) D - 2 2500
(၆) D - 1 2500 (အထက်)