top of page
  • Writer's pictureAdmin

မိုးကြိုးလွှဲ နှင့် မြေဓာတ်ချခြင်း

Updated: Feb 2, 2022

မိုးကြိုးလွှဲ အတွက် ( မိုးကြိုးလွှဲ ထိပ်ပိုင်း Air Terminal က​နေ သက်ဆိုင်ရာ ​မြေကြီး​အောက်က Earthing စနစ်ကို ဆက်သွယ်​ပေးထားတဲ့ Down conductor ကို ကြိုးဆိုဒ် အရွယ်အစားအနည်းဆုံး



ဘယ်လောက် ကိုအသုံးပြုသင့်သလဲ ၊

Earth rod size ကို အနည်းဆုံး ဘက်​လောက်သုံးသင့်လဲ ၊ Earth plate တွေကို ဘယ်လောက် ဆိုဒ် ထားရမလဲ ဆိုသော မေးခွန်းများအတွက် ရည်ညွန်းအကိုးအကား အရ ​လေ့လာကြည့်ခြင်း .


Lightning Protection အတွက် Protection level အလိုက် အသုံးပြုသင့်သော Air Terminal Size , Downward conductor , Earth Electrode နှင့် Equalpotential bonding cable size များ


Down Conductor ( မိုးကြိုးလွှဲ အဆင်းကြိုး size )

Lighting Protection ပြုလုပ်ရာမှာ Protection level အလိုက် အသုံးပြုသင့်သော Conductor အမျိုးအစားများကို ( ပြင်ပတပ်ဆင်မှု / အဆောက်အဦအတွင်းတပ်ဆင်မှု / ပြင်ပ ရာသီဥတု ပတ်၀န်းကျင် ညစ်ညမ်းမှု အခြေအနေပေါ်မူတည်ပြီး ) ရွေးချယ်အသုံးသင့်သော အမျိုးအစား ၊ အရွယ်အစားများကို

• IEC 62305-3 Protection Against lightning / Part 3 : Physical damage to structures and life hazard တွင်

Table 6 အရ မိုးကြိုးလွှဲစနစ်တွင် အသုံးပြုရမည့် မိုးကြိုးလွှဲ၊အဆင်းကြိုး များအား အမျိုးအစားများ အလိုက် အသုံးပြုသင့်သော ကြိုးဆိုဒ်၊ Air Terminal Size တို့ကို သိရှိနိုင်ပြီး

• Downconductor သည် Tin plated copper / copper အမျိုးအစားကို အသုံးပြုထားသော ( solid tape ကြိုးပြား / solid ကြိုးအလုံး / ဝါယာမျှင်များပါသော stranded conductor ) များအတွက် 50 mm2 ( 8 mm diameter ) ရှိရမည်။ ဖြစ်ပြီး ပတ်၀န်းကျင်ညစ်ညမ်းမှု၊ပွန်းစားတိုက်စားမှုဒဏ်ကို မခံရနိုင်သော သာမန်အဆောက်အဦးများတွင် အထက်ဖော်ပြပါ downconductor size ကို 25 mm2 အနည်းဆုံးထား၍ အသုံးပြုနိုင်ပါသည်။

• ဒီနေရာမှာ သတိပြုရမည်မှာ ကျနော်တို့ ရွေးချယ်လိုက်သော အထက်ပါ conductor များ၏ ထုတ်လုပ်မှုတိုင်းသည် IEC 62561 Standard အရ သတ်မှတ်ပြဌာန်းထားသော လျှပ်စစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စစ်ဆေးစမ်းသင်အောင်မြင်စွာ၊ ကိုက်ညီစွာထုတ်လုပ်ထားသော ပစ္စည်းများဖြစ်ရမည်ဟု ကန့်သတ်ချက်ရှိပါသည်။

• သဘောက IEC 62561 အရ ထုတ်လုပ်ထားသော မိုးကြိုးလွှဲနှင့်ဆက်စပ် လျှပ်ကူးဝါယာကြိုးများ/ဆက်စပ် ပစ္စည်းကိုသာ IEC 62305-3 အရ sizing ပြုလုပ်တပ်ဆင်နိုင်မည်ဟု ဆိုလိုရင်းဖြစ်သည်။ မိမိ၀ယ်ယူထားသော ပစ္စည်းသည် သတ်မှတ် standard IEC 62561 အရ လျှပ်ကူးမှု ၊ လျှပ်စစ်မိုးကြိုးဒဏ်ခံနိုင်မှု ၊ ပတ်၀န်းကျင် ညစ်ညမ်းမှု တိုက်စားပွန်းသားမှုဒဏ်ကို မခံနိုင်ပါက ၊ အမှန်တကယ်မိုးကြိုးပစ်ချိန်တွင် လုံလောက်သော ကာကွယ်ပေးမှုကို ရရှိမည်မဟုတ်ပါ။


Air Terminal ( ( မိုးကြိုးလွှဲ တိုင် )

• ဒီလိုပဲ Air Terminal ကို ( solid round ) Air terminal ကိုရွေးချယ်ပါက ၄င်း terminal ၏ cross sectional area သည် 176 mm2 ( diameter 9.5 ) အောက်အရွယ်အစားမသေးသင့်ဘဲ အရှည် ၁ မီတာ အနည်းဆုံးရှိသိပြီး ၄င်း Air terminal ကိုလည်း IEC 62561 အရ ကိုက်ညီသော Air terminal သာဖြစ်ရမည် ဖြစ်သည်။


မိုးကြိုးလွှဲ အတွက် Lightning Protection Earthing စနစ်တွင် အသုံးပြုသော Earth rod / Earth plate size


• Table 7 တွင် lightning protection စနစ်၏ ခြေထောက်ဟု ပြောနိုင်သော Earth rod ( Earth Electrode ) size များ ၊ Earth wire size များ ၊ Earth plate များ၏ ဆိုဒ်များရွေးချယ်ပုံကို IEC 62503 အရ ပြထားပြီး solid round ဆိုလျှင် 15 mm diameter ရှိသင့်ပြီး ၊ Earth plate သည် 500 mm x 500 mm ( 500 mm ပတ်လည်ရှိရမည် ဖြစ်သည် )


Earth-Termination System အတွက် Bonding jumper conductor size များ

Lightning Protection , Earth Jumper connection ကို lightning protection class ပေါ်မူတည်၍ အသုံးပြုမည့် bonding conductor များကို Table 8 အရ ရွေးချယ်နိုင်ပြီး

• Copper ဆိုလျှင် 16 mm2

• Aluminium ဆိုလျှင် 25 mm2

• Steel ဆိုလျှင် 25 mm2

Internal metal installation အတွက် လိုအပ်သော bonding cable size များကို

• Copper ဆိုလျှင် 6 mm2

• Aluminium ဆိုလျှင် 10 mm2

• Steel ဆိုလျှင် 16 mm2


ကိုရွေးချယ် အသုံးပြုရမည်ဖြစ်သည်။



#koMyoZaw

#Size_of_lightning_down_conductor


Reference

IEC 62305-3:2010 (EN 62305-3:2011)

Protection against lightning – Part 3: Physical damage to

structures and life hazard.

IEC 62561-1:2017

Lightning protection system components (LPSC) - Part 1: Requirements for connection components



















513 views0 comments
bottom of page