top of page
  • Writer's pictureAdmin

မတရားသော လောကကြီးမှာနေတတ်ဖို့

အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း

မတရားသော လောကကြီးမှာနေတတ်ဖို့


လောကကြီးက မတရားပါဘူး၊ အဲဒါကိုအသားကျအောင်နေပါ။ ဒီစကားလုံးကို အမေရိကန် အိမ်ခြံမြေသူဌေး ဒေါ်နယ်ထရန့် (အမေရိကန်သမတဟောင်း)အဆိုအမိန့်မှာ စဖတ်ဘူးသည်။ ကြာပါပြီ။ ပူပင်စရာ ဘာမှ မရှိလောက်အောင်ချမ်းသာသည့်သူဌေးက လောက ကြီးက မတရားဘူးပြောတော့ ဘာများလဲ လိုက်ဖတ်ကြည့်တော့ သူနဲ့ သူ့လုပ်ငန်းက ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၃၅၀၀ ရှိသည်။( အမေရိကန်စီးပွားပျက်ကပ်ဆိုက်တော့ သူတောင်းစားတစ်ယောက် က သူဆီ ပိုက်ဆံတောင်းတော့ မင်းက ငါထက်ချမ်းသာပါသေးတယ်ဟု ငြီးဘူးသည်။ဘဏ်ကြွေးတွေပိနေစဉ်ကဖြစ်သည်။အကြောင်းအရာကြုံရင် ဘယ်လို ရုန်းထွက်သည်ကိုရေးပါမည်။)

Live is not fair(unfair), get use to it. ဆိုသောစကားလုံးကို Microsoft သူဌေးကြီး ဘီလ်ဂိတ်၊ Alibaba သူဌေး ဂျက်မ၊ နောက်ဆုံး ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ရေးသော ရောဘတ် ကာရိုစကီးက အစ ချမ်းသာသူတွေ၊ အောင်မြင်သူတွေ လည်းပြောသည်။ သို့သော် သာမန် လူ တွေနဲ့ မတူသည်က လောက ကြီးက မတရားဘူးဆိုတာနဲ့ မရပ်ကြ။ ဘယ်လိုကျော်လွှားမလဲပါ တစ်ဆက်တည်းပါသည်။

ဝန်ထမ်းများဘ၀တွင် မိမိ ရာထူးတိုးမြင့်အောင် ကြိုးစားသလို၊ မိမိအောက်လက်ငယ်သားများသည်လဲ ရာထူးတိုးဖို့ အမျိုးမျိုးကြိုးစားကြသည်။မိမိ ဘယ်လောက်ပင်အောင်မြင်အောင်ကြိုးစားသောလည်း၊ မိမိ ကြိုးစားမှုသည်၊ မိမိရာထူးတိုးပေးရန်ဆုံးဖြတ်မည့် လူကြီး၏ အမြင်ပေါ်တွင်လဲမူတည်သည်။ လူကြီးအမြင်က တစ်မျိူးဖြစ်နေလျှင် ခက်ခဲတတ်သည်။ကြုံသောသူတွေကိုတော့ လုပ်ယုံတင်မက ပြတတ်ဖို့လဲလိုသည်ဟုပြောရသည်။တစ်ခါတစ်ရံ ကံပေါ်လဲမူတည်သည်။ရာထူးတိုးပေးရေးကော်မတီ အစည်းအဝေးတစ်ခုတွင် တာဝန်ရှိသူတစ်ဦးက လူအမှတ်မှားပြီး ကန့်ကွက်ခဲ့သဖြင့် ရာထူး မတိုးသူများလဲရှိသည်။ ရာထူးသိပ်ကြီးလာရင်တော့ တိုင်းတာ သည့်ပေတံများသည် ပိုရှုတ်ထွေးလာမည်ဖြစ်သည်။ ရာထူးနေရာသည် အပေါ်ရောက်လေ နေရာနည်းလေ ပိရီမစ်ပုံ ဖြစ်သည်။မိမိရာထူတိုးပေးမည့်သူနှင့် ငယ်စဉ်က ငြိခဲ့ ဘူးရင်တော့ ရာထူးတိုးဖို့ထက် မပြုတ်သွားဖို့ ဂရုစိုက်ပေတော့။ နေတတ်ပြောတတ်ဖို့လိုမည်။

ဝန်ထမ်းဘ၀တွင် မိမိထင်သလို ရာထူးမတိုး၊ ချီးမြှောက်မခံရရ၍ အချင်းချင်းကို ဖြစ်ဖြစ်၊ အထက်ကိုဖြစ်ဖြစ် တိုက်ခိုက်ပုတ်ခတ် တာမျိုးတော့ မလုပ်သင့်။ သို့သော် မိမိ တကယ်အရည်အချင်းရှိပြီး နစ်နာသည်ဆိုရင်တွော ဘကြီးတော်ရှေ့ မောင်ရစ် (မဟာဗန်ဓုလ)တတောင်ဖြင့်တွက်သလို အကျိုးသင့်အကြောင်းသင့်တော့ ပုတ်ခတ်ခြင်းမျိုးမပါဘဲ ပြောသင့်သည်။

ကံကောင်းမှုများသည် တစ်ခါတစ်ရံ ကံဆိုးစေသကဲ့သို့ရုပ်ဖျက်လာတတ်သည် ကို ဂရုပြုရမည်။ ဘယ်သူမှ မထိခိုက်သော ဥပမာ ပြရလျှင် အာဖဂန်မှာ အမေရိကန်တပ်တွေရှိစဉ်က အောင်မြင်ကြီးပွားသူအချို့ ယခု သားတကွဲ မယားတကွဲ ဖြစ်နေ ကြသည် ကို ကြည့်လျှင် သိသာနိုင်သည်။ ဘယ်သို့ဖြစ်စေ မိမိ မတရား အလုပ်ခံရလျှင် တရားပါသည်ဟု ပြန်တိုက်ခိုက်နေခြင်းထက် ဘယ်လိုမှ အရှုံးမပေးဘဲ ပြန်ထဖို့ ကြိုးစားရမည်။ ရောဘတ်ကာရိုစကီးကတော့ Life isn’t fair. It never will be. Quit trying to make it fair. You don’t. Need it to be fair. Go make life unfair to your advantages. မတရားတဲ့ လောက ကြီးကို တရားအောင်လုပ်ဖို့လဲ မကြိုးစားပါနဲ့။ မတရားတဲ့ လောကကြီးက မိမိ အတွက် အကျိုးအမြတ်ရအောင် လုပ်ပါလို့ဆိုထားပါသည်။

အချို့သည် အရှုံးကို ရင်မှာပိုက်ပြီး ဆင်ခြေတွေ၊ အပြစ်တင်တာတွေနဲ့ ဘဝြကီးကို အရှုံးပေးနေကြသည်။ အတိတ်က ဆုံးရှုံး မှုဆိုတာ အမှိုက် နဲ့တူသည်။ အမှိုက်ပုံးထဲထည့်လိုက် ယုံပင်ဖြစ်သည်။ အမှားကို သင်ခန်းစာယူ၊ အောင်မြင်သည်ထက်အောင်မြင်အောင် ကြိုးစားဖို့ပင်ဖြစ်သည်။ အောင်မြင်သူများသည် မမျှော်လင့်သော အခြေအနေများကြောင့် အရှုံးဖြင့် ကြုံတွေ့ကြဘူးသည်။ ပြန်ထနိုင်၍သာအောင်မြင်သူများဖြစ်လာကြသည်။ဘယ်လိုအောင်မြင်စွာ ပြန်ထကြလဲဆိုတာ တက်ကျမ်းများ၊ အောင်မြင်သူတို့၏ပြောဆိုမှုများဖတ်လျှင် နားထောင်ရန် စာအုပ်၊ဟောပြောချက်များစွာရှိသည်။ ဖတ်မှတ်နေယုံတင်မက လက်တွေ့လုပ်ဆောင်ဖို့ဘဲလိုသည်။

မတရားဘူးဆိုတဲ့လောက ကြီးမှာ အောင်မြင်ဖို့ထက် အရေးအကြီးဆုံးမှ မမျှော်လင့်သော လုပ်ကြံတိုက်ခိုက်သည့်ဘေးရန်များမှ ကာကွယ်နိုင်ရန်ဖြစ်သည်။ရာထူးအတွက်ဖြစ်စေ၊ငွေအတွက်ဖြစ်စေ၊ရယူလိုမှုအတွက်ဖြစ်စေ သိုးယောင်ဆောင်သောမြေခွေးလို တိုက်ခိုက်တတ်သည်။အတုမရှိ မြတ်စွာ ဘုရားပင် ရန်သူများ၏ ကြံစည်တိုက်ခိုက်မှုကို ခံရသလို ကာကွယ် အောင်မြင်ခဲ့သည်ကို အောင်ခြင်းရှစ်ပါးတွင်တွေ့နိုင်သည်။

စစ်တိုက်ရာတွင်လည်း ရန်သူကို နိုင်အောင်တိုက်နိုင်ဖို့ထက် မိမိကိုယ်ကာကွယ်နိုင်ဖို့ အရင်ကြိုးစားရမည်ကို အခြေခံဖြစ်သည့် စခန်းချလျှင် ကင်း၊ကျင်း၊ ထမင်းဆိုပြီ နားဆွဲအောင် သင်ထားသည်။ ပထမဆုံးလုပ်ရမည့်အလုပ်သည် အလစ် အငိုက်မခံရအောင် ကင်းချမည်၊ ပြန်ခုခံပစ်နိုင်အောင် ကျင်းတူးမည်။ ပြီးမှ စားဖို့ ထမင်းချက်မည်ကိုဆိုလိုသည်။

တစ်ခါတစ်လေ မိမိ ယုံမှတ်သူက သစ်စ္စာဖေါက်သည်လဲရှိတတ်သည်။ ဘရုစ်တပ်စ် မင်းလဲပါသကို (Et tu, Brute?(Latin). And you,(Even you) ,Brutus?(Eng)ဟူသော စကားကို ရိုမန် အင်ပါယာ အရှင်သခင် ဂျူလိယက်ဆီဇာ လုပ်ကြံခံရချိန်တွင် သူ့အရင်နှီးဆုံးမိတ်ဆွေပါနေသည်ကို မြင်သောအခါပြောသော နောက်ဆုံးစကားလုံးကို သတိပြုပါလေ။ ထိုကြောင့် ၃၈ ဖြာ မင်္ဂလာတွင် လူမိုက်ကိုရှောင်ဖို့ ဦးဆုံးဆိုထားသည်။

ဤစာဖတ်သူအနေဖြင့်

လောက ကြီးသည် မတရားပါဘူးဆိုမည့်အစား၊ မတရားအလုပ်မခံရအောင် ကြိုတင် ကာကွယ်ထားပြီး၊ ပညာရှိတို့၏ အဆိုအဆုံးမ များကို အမြဲပညာသတိဖြင့်ရှေ့နောက်ဆင်ချင် ကျင့်သုံးလျက် အောင်မြင်သောဘ၀ကို တည်ဆောက်နိုင်ရပါစေ လို ဆန္ဒပြုပါသည်။

8 views0 comments

Recent Posts

See All

အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း မွေးဖွားခြင်း။ မိဘ အုပ်ထိန်းမှုအောက်တွင်နေခြင်း။ ပညာရှာခြင်း။ အသက်မွေးဝမ်းကြောင်းပြုခြင်း။ အိုမင်းခြင်း။သေဆုံးခြင်း။ အဆင့်များကိ

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း အားလုံးကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ လူအများစု စိတ်ခံစားမှု မကောင်းကြပါ။လုံခြုံရေးကလဲ စိတ်မချရ။ ကုန်စျေးနှုန်းကတက်ပါသည်။ လည်ပတ်ငွေတွေ မလုံလောက်၊ လုပ်ငန်းတွေက

bottom of page