top of page
  • Writer's pictureAdmin

ဘုရင်ခံအိမ်(Governor’s House)

(Governor’s House)


၁၈၈၆ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတပ်များသည် မန္တလေး နေပြည်တော်ကို သိမ်းပိုက်ခဲ့သည်။ ၁၈၉၆ ခုနှစ်၊ ဗြိတိသျှအစိုးရ လက်ထက်၌ နွေရာသီ၌ ရုံးထိုင်ရန်အတွက် အေးမြသောရာသီဥတုရှိသည့်နေရာတွင် တောင်ပေါ် မြို့လေး တည်ဆောက်ခဲ့ကြသည်။


မြို့ကို စတင်တည်ထောင်ခဲ့သော Colonel May (1886-1908)ကို အစွဲပြု၍ မေမြို့ဟု အမည်ခေါ်တွင်စေခဲ့သည်။ ထို့နောက် ကိုလိုနီ အစိုးရသည် နွေရာသီ၌ ရန်ကုန်မြို့၏ ပူပြင်းသော အပူဒဏ်ကို ရှောင်ရန်အတွက် မေမြို့သို့ ပြောင်းရွှေ့ ရုံးထိုင်ခဲ့သည်။


ဘုရင်ခံအိမ်တော်ကို ၁၈၉၆ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုအိမ်တော်ကို အင်္ဂလိပ်ဘုရင်ခံချုပ် နွေရာသီတွင် အနားယူရန်နှင့် နွေရာသီ ရုံးထိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၀၃ ခုနှစ်မှ ၁၉၄၂ အတွင်း ဘုရင်ခံအိမ်တော်ကြီးတွင် ဘုရင်ခံ (၆)ဆက် နေထိုင်ခဲ့ကြသည်။


Sir. A.H Barnes (၁၉၀၃ ခုနှစ်မှ ၁၉၀၅ ခုနှစ်)သည် ထိုအိမ်တွင် နေထိုင်ခဲ့သော ပထမဆုံးဘုရင်ခံဖြစ်ပြီး Sir. Dorman Smith (၁၉၄၁ ခုနှစ်မှ ၁၉၄၂)သည် ထိုအိမ် တွင် နေထိုင်ခဲ့သော နောက်ဆုံး ဘုရင်ခံ တို့ဖြစ်သည်။ ဘုရင်ခံအိမ်တော် တည်ရှိ သည့် တောင်ကုန်ကိုလည်း ဘုရင်ခံကုန်းဟု ခေါ်တွင်ခဲ့သည်။


၁၉၄၂ ခုနှစ်တွင် Sir Dorman Smith သည် ဂျပန်တပ်များ ဝင်ရောက်ကျူကျော် တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ထွက်ခွာခဲ့သည်။ ဘုရင်ခံ အိမ်တော်ကြီးသည် ဂျပန်တပ်၏ ဗုံးကျဲခံရပြီးနောက် မြေပေါ်သို့ ပြိုကျပျက်စီးခဲ့ပါ သည်။


၂၀၀၃ခုနှစ်တွင် ဗြိတိသျှကောင်စီ၏ အကူအညီဖြင့် မူရင်းပုံတူများကို တောင်းယူ၍ ထူးကုမ္ပဏီမှ မူရင်းပုံအတိုင်း ပြန်လည်တည်ဆောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် တည်ဆောက်မှု အားလုံးဆောက်လုပ်ပြီးစီးခဲ့ပြီး Aureum Palace Resort & Governor’s House ဟိုတယ်အဖြစ် ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။


Governor’s House သည် ယခုအခါ ပြည်တွင်းပြင်ပခရီးသွားဧည့်သည်များလာရောက်လည်ပတ်လျက်ရှိသော ပြင်ဦးလွင်မြို့ရှိ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်လာပါသည်။



8 views0 comments

Recent Posts

See All
bottom of page