ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း
အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း
ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း
မွေးဖွားခြင်း။ မိဘ အုပ်ထိန်းမှုအောက်တွင်နေခြင်း။ ပညာရှာခြင်း။ အသက်မွေးဝမ်းကြောင်းပြုခြင်း။ အိုမင်းခြင်း။သေဆုံးခြင်း။ အဆင့်များကို မည်သူမဆို ဖြတ်ကျော်ရမည်ဖြစ်သည်။
ချမ်းချမ်းသာသာဖြတ်သန်းနိုင်ဖို့က မိဘ အပေါ်မူတည်သလို မိဘ ဖြစ်လာမည့် ကိုယ့်အပေါ်လဲမူတည်သည်။ဆင်သေကောင်နဲ့ အတူ စားရင်းသောက်ရင်းမျှော်လိုက်သလို ကျီးမိုက်မဖြစ်အောင် ဆင်သေကောင်က ခွါပြီးနောက် သောင်ပြင်မှာလွှတ်တဲ့ခွေး မဖြစ် ဖို့ကလဲ အရေးကြီးပြန်သည်။
ဘီလ်ဂိတ် ကသင်ဆင်းရဲစွာမွေးဖွားလာခြင်းသည် သင့်အပြစ်မဟုတ်။ သင်ဆင်းဆင်းရဲရဲသေသွားရင်တော့ သင့်အပြစ်ဖြစ်သည်။(If your born poor its not your mistake, But if you die poor its your mistake. Bill Gate)
အချို့ တာဝန်ရှိစဥ် အလွန်ချမ်းသာကြွယ်ဝကြသည်။ ပေး၍ မကုန် လှူ၍ မခန်းရှိသည့် လုပ်ငန်းရှင်များလဲရှိသည်။ ကျချိန်ရောက်သောအခါ အိုမင်းသောအခါ အနာထပိဏ် သူဌေး သည်ပင် သေခါနီးအချိန်၌ ချို့ချို့ငဲ့ငဲ့ သေဆုံးသွားသည်ဟုဖတ်ရဘူးသည်။
ဘာကြောင့်လဲ...ဘာလုပ်မလဲ...?
မွေးဖွားချိန်မှာ ကိုယ်လက်အဂ်ါပြည့်စုံဖို့ လိုတယ်။ ဆစ်ဖလစ်လို ကူးစက်ရောဂါခံစားဖူးသူ၊ဆေးပြင်းသောက်ရတဲ့သူတွေ မှာ ကြုံရတတ်သည်။ ရုပ် မပြည့်စုံရင် စိတ် ဓါတ် မြင့်တင်လို့ရပါသေးသည်။ခေတ်မီဆေးပညာဖြင့် ပြန်ပြုပြင်ကုသရနိုင်ပါသည်။
ငယ်စဥ်ဘဝ မှာ အာဟာရပြည့်စုံဖို့ ကိုယ်လက်ကြံခိုင်ဖို့ ဥဏှောက်ဖွံ့ဖြိုးစေဖို့ စိတ် ပိုင်းဆိုင်ရာ ဒဏ်ရာမရစေဖို့ အထူးအရေးကြီးသည်။ ဥဏှောက်မဖွံ့ဖြိုးလျှင် ကြီးလာသောအခါ အဆင့်မြင့်ပညာ သင်ကြားရာတွင် စိတ်ဖိစီးမှုများသော အုပ်ချုပ်စီမံမှုလုပ်ငန်းများတွင် ဥဏှောက်က မခံနိုင်ဖြစ်တတ်သည်။ စိတ်တဇ စိတ်ဓာတ်ကျနေစဥ်အားပေးခဲ့သလို စိတ်တဇ ဆန်တတ်သည်။ ဥဏှောက်ဖြင့် စဥ်းစာ ရသူ အလုပ်ဖိအားများသူများအဖို့ ကျန်းမာရေးစစ်ဆေး၍ အသက်၅၀ ကျော်ရင် အားဖြည့်ဆေးတစ်မျိုးမျိုးစားသင့်သည်။
ပညာရှာခြင်းမှာ ကျောင်းသင်စာတင်မက သဘာဝ ပတ်ဝန်းကျင် (သြကာသ လောက ဆိုလျှင် ပိုမှန်မည်)အကြောင်းတွေကို စာတွေ့မက လက်တွေ့ပါ လေ့လာ မှတ်သားနေရမည်ဖြစ်သည်။ ကျောင်းမှ သင်သောစာတိုင်း လုပ်ငန်းခွင်တွင် အသုံးချရချင်မှ အသုံးချရမည်ဖြစ်သည်။ သို့သော် ကျောင်းသင်ခန်းစာများသည် လူမှု သဘာဝပတ်ဝန်းကျင် ကို ဘာသာရပ်တစ်ခု ၏ အမြင် ရှုထောင့်မှ လေ့လာထားသမျှ သင်ယူခြင်းဖြစ်သည်။ သင်ထားသောပညာများ လေ့လာထားမှုများလေ ပိုမို ဝေဖန်ပိုင်းခြာနိုင်လေ မှန်ကန်ကောင်းမွန်သော ရလာဒ် ကို ဖော်ဆောင်နိုင်လေဖြစ်မည်။ များများလေ့လာရမည်။များများဖတ်ရမည်။ စဥ်ဆက်မပြတ်သင်ယူနေဖို့ လိုမည်။
ဘဝတလျောက်လေ့လာသင်ယူဖို့လိုသည် ဆိုတဲ့ အဆို အမိန့်တွေများစွာရှိသည်။
သင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။ ဘဝက သင်ကို အမြဲသင်ပေးနေပါသည်။ ...သင်ကြားမှုရပ်ရင်ဖွံ့ဖြိုးတိုးတက်မှုရပ်မည်။...မနေ့ကဘွဲ့ရထားတဲ့သူ။ ဒီနေ့ မလေ့လာလျှင် နံက်ဖြန် ပညာမဲ့ ဖြစ်မည်။ ပညာရှင်အများအပြားက အတွေ့အကြုံများမှ ဆိုထားကြသည်။
အစိုးရဝန်ထမ်းလုပ်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ခြင်း ၊ လုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ခြင်း၊ စသည်ဖြင့် ဘဝရှင်သန်ရေးအတွက် အသက်မွေးဝမ်းကြောင်းပြုကြသည်။ မိမိ ပညာ အရည်အချင်း အတွေ့အကြုံဖြင့် တာဝန်ထမ်းကြသောလည်း အစိုးရဝန်ထမ်းဘဝသည် ပို မို သိမ့်မွေ့၍ ရေးသားဖော်ပြရန် မသင့်ဟုထင်မိသည်။
သို့သော် အနန္တသူရိယအမတ်၏ "သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်သည် ပျက်လင့်ကသာ ..." မျက်ဖြေ လင်္ကာတို့။#1 "ပန်းပြားပင်လိုမကျင့်ခဲ့လို့"ဆိုတဲ့ ရာဇသကြ်န်ရဲ့ ဒလကို နယ် နှင်ခံရတဲ့ အခါ လှေပေါ်မှာပြောတဲ့ စကား။
နရပသေ့ဘုရင်ရဲ့ အထင်လွဲမှုကြောင့် စစ်သူရဲကောင်းအုတ်လှငယ်က "ဦးဆွေးဆံမြေ့"အမှုတော်ထမ်းခဲ့ကြောင်း #2ဥဘောင်တော်ချွတ်ပြမှ သတ်စေအမိန့် လွတ်သည် ကအစကနေ ဂရိ ရဲ့ ဧကရာဇ်ဘုရင် ဂျုလီယက်ဆီနောက်ဆုံးတော်လှန်ခံရချိန်မှာ သူ့ရဲ့ အခင်ဆုံး မိတ်ဆွေ လွှတ်တော်အမတ် '' ဘရူးတပ်စ် ကိုယ်တိုင် ဒါးဆွဲကိုင်ပြီးသူကို သတ်ဖို့ ပြင်နေတာတွေ့တော့ "မင်းလဲပါသကို" ဆိုတဲ့ ရှိတ်စပီးယားရဲ့ ပြဇတ်မှသည် သမိုင်းမဖြစ်သေးတဲ့ ယနေ့ခေတ် ဇတ်လမ်းများအထိ ပိုင်းခြားလေ့လာလျှင် ဝန်ထမ်းဘဝနေနည်းကိုတွေ့ရှိမည်လို့ ဆိုပါရစေ။ ဝန်ထမ်းဘဝ ဆိုသည်မှာ အတက်အကျ အနိမ့်အမြင့် များစွာရှိပါသည်။
အများအားဖြင့် သုံည က စသည့် ဘဝ ဖြစ်ဖြစ် အခြေ ခံတစ်ခု မှ စသည်ဖြစ်ဖြစ် အသက် လတ်ပိုင်း သည် သင့်ဘဝ ၏ ဂရပ် ၏ အမြင့်ဆုံး အချိန်ဖြစ်သည်။ ထိုးစိုက်မကျ အောင် ကိုယ်စွမ်းဥာဏ်စွမ်း သတိ ပညာဖြင့် ထိန်းရမည်အချိန်လဲ ဖြစ်သည်။
ဘယ်သို့ဆိုစေ အတူနေဘူးသူများ စိတ်ဓာတ်ကျနေစဥ်အားပေးခဲ့သလို မေတ္တာ ပို့၊စိတ်ကောင်းထား၊ ကိုယ့်အလုပ်ဝေဖန်ပိုင်းခြားပြီး အကောင်းဆုံးလုပ်ပါ။ မအောင်မြင်တောင် နောင်တရစရာမရှိပါဘူး။( အလုပ် နဲ့ မေတ္တာ ကိုနောင်မှ ထပ်ရေးပါမည်)
တရုပ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးစီယပ်စ် ပြောသလို ဘယ်လောက်နှေးနှေး အရေးမဟုတ်ပါ။ ရပ်တော့ မရပ်လိုက်ပါနဲ့ ဆိုတဲ့ စကား (Does not matter how slowly you solong as you do not stop. Confucious. )
လို ဘယ်တော့ မှ စိတ်ဓာတ်မကျဖို့။အရှုံးမပေးဖို့။လဲသွားရင် ပြန်ထဖို့နဲ့ ၊ရှေ့ ဆက် ဒါမျိုးမခံရဖို့ ကြို ကာကွယ်ပါလို့ဘဲ ဝန်ထမ်းဘဝကို ရေးချင်ပါသေးသည်။
ပင်စင်တွေယူ၊ အသက်မွေးအလုပ်တွေကနားပြီဆိုရင် အရေးကြီးဆုံး လိုအပ်ချက်သည်နေရေးဖြစ်သည်။ နေစရာမရှိလျှင် မိမိ ရှာဖွေစုဆောင်းသမျှ မိသားစု ဘဝ ဖရိုဖရဲဖြစ်မည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တာဝန်မှ အနားယူပြီးနောက် ထိုက်တန်သော နေစရာ နေရာတစ်ခု ဝယ်နိုင်ပေမည့် ဒီနိုင်ငံမှာ အားလုံးအတွက် သိပ်မလွယ်လှသေး။ ထိုကြောင့် ပင်စင်မယူခင်ထဲက အိုမင်းချိန်အတွက်ပြင်ဆင်ထားဖို့လိုသည်။ ပြင်ဆင်ရာမှာလဲ ပြီးပြည့်စုံသော စီမံချက်ဖြစ်ဖို့အရေးကြီးသည်။ နေ ရေးအပြင် စားရေး ...ကျန်မာရေး သွားလာရေးတွေကရှိသေးသည်။ ကိုယ့်နိုင်ငံမှာ လူမှုရေးရံပုံငွေစနစ်မရှိ။ အလုပ်တာဝန်ကြေအောင် လုပ်ပြီးလို့ သေဆုံးသည်အထိ မကြောင့်မကျ စားလောက်အောင် ဆေးဝါးစရိတ်လောက်အောင် ပင်စင်လစာ အထောက်အပံ့ စနစ်မရှိ။
လူမှုဖူလုံရေးစနစ်ပြည့်စုံသောနိုင်ငံများတွင် အသက်၅၀ နဲ့ ပင်စင်ယူပြီး မိမိ ဝါသနာပါရာ အသင်းအဖွဲ့ သုတေသနလုပ် ကမ္ဘာ ပတ်ခရီးသွားပြီးစာအုပ်လေးရေးပြီးနေနိုင်ကြသည်။
ကိုယ်တို့ဆီမှာ ပင်စင်ယူပြီး သာမာန်လူတွေ ဘာလုပ်ကြလဲ။ဘာလုပ်ကြမလဲ။
အချို့ လုံးဝဇတ်မြုတ်၊ လစာလေးထိုင်စား၊သားသမီး အထောက်အပံ့ယူ ရင်းနေခြင်း။
စုဆောင်းရှာဖွေခဲ့ သမျှငွေ၊မြေများမှ အတိုးအညွှန်းလေးဖြင့်နေခြင်း။
လုပ်ငန်းတစ်ခုတည်ထောင်ပြီး မိသားစု လုပ်ငန်းအသွင် ကျွမ်းကျင်ရာ လုပ်ခြင်း။
အရပ်ဘက် company များတွင် ဝင်ရောက်လုပ်ခြင်း။
ဘုရားကျောင်းကန်များတွင် အချိန်ကုန်လွန်စေခြင်း။
ဘုရားကျောင်းကန် မှာ ဇရပ် တစ်ဆောင်လောက် ကြိုလှူထားရင်တော့ တရားဘဲ အားထုတ်ထုတ်၊ ဥပုတ်သီတင်းဘဲဆောက်ဆောက် ပို အဆင်ပြေသည်။ ဘုန်ကြီးကျောင်းမှာ အရပ်သားမနေရ ဆိုတာမျိုးလဲရှိတတ်သည်။
အရပ်ဘက်Company မှာ လုပ်ပါက ကိုယ့်မှာအရည်အချင်းအတွေ့အကြုံလဲရှိသည်၊ကျန်းမာရေးလဲကောင်းသည်၊ ဌာနဆိုင်ရာလုပ်ငန်းမှာတွေ့ ကြုံခဲ့ရသည် များကို ပြန်အသုံးချနိုင်သည် ဆိုရင်တော့ပိုကောင်းသည်။ ဌာနဆိုင်ရာနှင့်မတူသည်က Company လုပ်ငန်းက လုပ်ငန်း အကျိုးအမြတ် ရဖို့ဖြစ်သည်။ အစိုးရလုပ်ငန်းလို ဘတ်ဂျက်ကုန်ပြီးရော လုပ်၍ မရ။ ရေတိုရေရှည် အကျိုးကြည့်မှ ရမည်။ Company ၏ ဖွဲ့စည်းမှု နဲ့ ခိုင်မာမှု လဲ ကြည့်ဖို့လိုမည်။ အချို့နိုင်ငံများမှာတော့ အနားယူသူများထဲမှ ဆက်လုပ်လိုသူများကို ဘုတ်ကော်ပိုရေးရှင်းများတွင် တာဝန်ပေးလေ့ရှိ၍ အခြေမပျက်ကြ။
အချို့လဲ ရွှေ စု မည်။မြေစု အိမ်ခြံမြေအရောင်းအဝယ်လုပ် ကြသည်များရှိသည်။ မိတ်များဖို့လိုသည်။ အရောင်းအဝယ်မမှားဖို့ လိုမည်။
သင်ပင်စင်ယူသည်နှင့် သင်စုဆောင်းထားသမျှ ရိတ်မည့်သူများရှိသည်။ လုပ်ငန်းတွင် ရှယ်ယာ ထည့်ရင်း အရင်းမရ။ အတိုးမရ ဖြစ်တတ်သည်။ ငွေတိုးလေးရမလားချေး အတိုး အရင်းပါ လက်စပျောက်တတ်သည်။ ကိုယ်လုပ်မည့် လုပ်ငန်း၏ ဖြစ်နိုင်ခြေ ကို တွက်တတ်မှ ရမည်။ သာသာထိုးထိုး မတွက်သင့်။ မမျှော်မှန်းနိုင်သော အခြေအနေ များကို တွက်ဆရမည်။ ကြီးကြီးမားမာစဥ်းစားပါ ( Think Big ) ဆိုထားပေမည့် (Start small ) ဆိုသည့် စကားကို လည်းအလေးမူသင့်သည်။ အလုပ်အပေါ်စိတ်ဝင်စားပြီး မှန်မှန်ကန်ကန် လုပ်ပြီးလုံလဝီရိယ ရှိလျှင်အောင်မြင်နိုင်သည်။
အချို့ အိုးမင်းချိန်မှ ကိုယ်ကျင့်သီလ ပျက်ရွင်းခြင်း သားသမီးများ မထိန်းသိမ်းနိုင်ခြင်း ကြောင့် စိတ်ဆင်းရဲကြီးစွာ ဂရပ် အောက်ဆိုက်ဆင်း၍ ဘဝနိဂုံးချုပ်ရသည်များရှိသည်။
အရေးကြီးတကာ့ အရေးကြီးဆုံးမှာ မိသားစု အိုးမင်းချိန်တွင် အကျင့်သီလ ကို နိုင်အောင်ထိန်းပြီးမိသားစု ကို တည်ငြိမ်အောင်ထိန်းဖို့၊ တဒဂ်ရခဲ့တဲ့ရာထူးဂုဏ်ရှိန်၊ကြောင့် သားသမီးတွေ မပျက်စီးဘဲ မိဘ အားပေးမှု နဲ့ လက်ဆင့်ကန်းကြီးပွါးဖို့ အောင်မြင်စေဖို့ ဖြစ်သည်။ ဒါဆိုရင်တော့ ဘဝဂရပ်သည် တည်ငြိမ်နဲ့ အေးချမ်းသောဘဝကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
-------------------------------
#Note. 1. ရာဇသင်္ကြန်အမတ်ကြီးဟာ ရာထူးကနုတ်ပယ်ပြီး ဒလကိုအပို့ခံရစဉ် လမ်းခရီးမှာ လေပြင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေ ကျိုးပဲ့တာကို မြင်ရတော့ ‘ ငါဟာ ပန်းပြား ပင်လိုမလိမ္မာ၊ သစ်ပင်ကြီးတွေလို ကျင့်မိလို့ ဤသို့ပျက်စီးရတယ်’ သံဝေဂစကားဆိုတယ်လို့ အဆိုရှိပါတယ်။ ဆိုလိုတာကတော့ လေပြင်းတိုက်တဲ့အခါ ပန်းပြားပင်က တော့ လေနဲ့အလိုက်သင့် နွဲ့ယိမ်း နေတဲ့အတွက် မကျိုးမပဲ့ဘဲ သစ်ပင်ကြီးတွေက လေကိုကြံ့ကြံ့ခံ ဆန့်ကျင်ရင်ဆိုင်တဲ့အတွက် ကျိုးပဲ့ သလိုသူလည်း ဘုရင်နဲ့အလိုက် သင့်မနေ၊ ကန့်လန့်ခံတိုက်ခဲ့မိလို့ ရာထူးဖြုတ် အပြစ်ပေးခံရတာပဲလို့ ဆိုလိုတာပါ။ ဒီဥပမာသံဝေဂဟာ သမိုင်းမှာ အတော်ထင်ရှားပြီး လူသိလည်းများပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ့်ဓမ္မစစ် သဘော တရားအမှန် ဟုတ်ရဲ့လားဆိုတာ တော့ စိစစ်ဖို့လိုပါလိမ့်မယ်။(Credit. မောင်လွင်မွန်(ကသာ) မှ ကောက်နုတ်ချက်)
#Note.2. ပုဂံဘုရင် နရသီဟပတေ့ဟာ စစ်မြေပြင်ကပြန်လာတဲ့ အုတ်လှငယ်ကို သူသိလိုတဲ့ စစ်သတင်း ချက်ချင်း မလျှောက်လို့ သတ်စေမိန့်ပေးတယ်။ အာဏာသားတွေကို အုတ်လှငယ်က စစ်မှာနိုင်ခဲ့ပါကြောင်း ဘုရင်ကို လျှောက်တင်စေတယ်။ အဲတော့မှ ဘုရင်က သူ့ကို ရှေ့တော်သွင်းခိုင်းတယ်။ အုတ်လှငယ်က ဘုရင့်ရှေ့မှာ သူ့ခေါင်းကို ထုပ်ပေါင်းထားတဲ့ အဝတ်ကိုဖြေပြပြီး၊ သူဟာ အမှုတော်ကို ဦးဆွေးဆံမြည့်ထမ်းရွက်ခဲ့ပါတယ်လို့ တင်လျှောက်တယ်။ အဲတော့မှာ ဘုရင်က အမျက်ပြေပြီး ဆုလာဘ်ချပါသည်။
----------------