top of page
  • Writer's pictureAdmin

ဘဝနေဝင်ချိန် သာယာဖို့

အောင်မြင်ချမ်းသာ ကြွယ်ဝစေခြင်း


ဘဝနေဝင်ချိန် သာယာဖို့

ပထမဦးဆုံးသင့်လစာရချိန်မှာ သင်အနားယူချိန်အတွက်စုဆောင်းပါ ဟု အဆို အမိန့်ရှိသည်။( Safe for retirement, starting with your first slip.)

မိဘအုပ်ထိန်းမှုအောက်၊ ပညာသင်ချိန်တွင် အပေါင်းအသင်းမမှားဖို့၊ ပညာရွှေအိုးလူမခိုးဆိုသည့် စကားလို ငယ်ရွယ်စဉ် အချိန်မှာ ပညာဆုံးခန်းတိုင် သင်ကြားနိုင်ဖို့ အရေးကြီးသည်။ မိဘက ဆင်းရဲလို့ အခြေအနေ အကြောင်းတစ်ခုကြောင့် အတန်းပညာမသင်နိုင်လျှင် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကိုတော့ သင်ထားဖို့ သင့်သည်။

အလုပ်ခွင်စဝင်ပြီဆိုလျှင် ပင်စင်ယူချိန်၊ အိုမင်းမစွမ်းချိန် အတွက်ပါ စ စဉ်းစားပြင်ဆင်သင့်သည်။

အစိုးရ လခစားများအဖို့ ဆင်သေကောင်စီးသည့် ကျီးကန်းမိုက်လိုဖြစ်တတ်သည်။ ရရစားစားနဲ့ မေ့မျောနေပြီး ပင်စင်ယူသောအခါ နေဖို့၊အပြင် သားသမီးပညာရေး မပြီးဆုံး က ပို ကြပ်တည်းတတ်သည်။ ဖြစ်နိုင်လျှင် သားသမီး များသည် မိမိ ပင်စင်မယူမီ ဘွဲ့ရဖို့ အသက် ၃၅ နှစ်မကျော်ခင် အိမ်ထောင် ပြုသင့်သည်။ ။ဒိထက်စောလျှင် ပိုကောင်းသည်။ ကပ်ဘေးတွေ၊ မမျှော်မှန်းနိုင်သော အခြေအနေ များကြုံလျှင်ခံသာရန်ဖြစ်သည်။

အစိုးရဝန်ထမ်းမလုပ်၊ အရပ်ဘက်မှာ လုပ်လျှင် ဒါမှ မဟုတ် ကိုယ်ပိုင် အလုပ် လုပ်လျှင် လုပ်ငန်းလုပ်နေစဉ် မိမိကိုယ် အသိပညာ အတတ်ပညာ ဘွဲ့ ဂုဏ် ဒြပ် မြင့်အောင် ကြိုးစားနေဖို့လိုသည်။ယောင်မ လို ဟင်းအိုးသာမွှေနေသည် အရသာ မသိ မဖြစ်ဖို့လိုသည်။

အစိုးရ၀န်ထမ်းဘ၀သည် ပိုခက်ခဲသည်။ ကိုယ်ကျင့်သီလ နှင့် ပညာ ထိန်းကြောင်းနေမှရသည်။ ရာထူးမှာ အထက်ရောက်လေ နေရာနည်းလေ ဖြစ်ရ်ျ မိမိသီလ ကောင်းသောလည်း အနေ မတတ်လျှင် ပြသနာထောင်ခြောက်ထဲဝင်တတ်သည်။ ဘယ်လိုနေသင့်လဲ ဆိုတာတော့ ရေးပါဦးမည်။

ဘယ်လိုဖြစ်စေ ဝန်ထမ်းဘ၀တွင် မိမိ အလုပ် နှင့်ပတ်သက်သော ပညာကို လေ့လာသလို အပေါင်းအသင်းမိတ်ဆွေ ကောင်းတွေ၊ အချိတ် အဆက်ကောင်းတွေရှိဖို့လိုသည်။

သင်စိတ်ထဲထင်သလို သင်ကောင်းတိုင်း ပြန်ကောင်းမည်ဟုတော့ မျှော်လင့်မရ။ အချို့သည် ရာထူးအာဏာကြောင့်သာသင့် အပေါ်ကောင်းနေခြင်းဖြစ်သည်။ အချို့လဲ မထင်မှတ်လောက်အောင်ကောင်းပါသည်။

အကောင်းဆုံးဆောင်ရွက်ရန် နှစ်ခုကတော့ သားသမီးများ လိမ်မာပြီး ပညာဆုံးခန်းတိုင်၍ ဘ၀ရပ်တည်နိုင်ရေး၊ နှင့် အလုပ်မှ အနားယူပြီးနောက် အခြေချမည့်နေရာ ပြင်ဆင်ထားနိုင်ရေးဖြစ်သည်။ ဖြစ်နိုင်လျှင် အနားယူပြီး အနှစ် ၃၀ စာလောက် စဉ်းစားထားသင့်သည်။

သင်ဘယ်လောက်ပြင်ဆင်ထားပေးမည့် အလုပ်က အနားယူပြီး လျှင် သင်နေဖို့အိမ် ကအစ အခမဲ့မရတော့။ သင်အပ်သမျှသည် ထိုက်သင့်သော တန်ဘိုးကုန်ကျမည်။

Discount တို့ Handicap တို့ မရတော့။

မိတ်ဆွေအင်ဂျင်နီယာအရာရှိတစ်ယောက် ပြောဘူးသည်။ ငါ အိမ်တစ်လုံးဆောက်ခဲ့တာ ဘာမှ မခက်ဘူး။ ပင်စင်ယူပြီးမှ ကားရုံလေးဆောက်ရတာ ခက်ခဲလိုက်တာ၊တော်တော် နဲ့ လက်စမသတ်နိုင်ဘူး။

အစိုးရဌာန မှ စုစောင်းမိပြီး အနားယူပြီးစ တစ်ခု ဂရုပြုရမည်မှာ သင့်အိုစာ မင်းစာ စုဆောင်းထားသမျှ လုပ်ငန်းထောင်ပေးသလို၊ အတိုးအရင်းပွှားပေးမလိုနှင့် အပီ ပိုင်းမည့် သူများရှိသည်။ ဂရုစိုက်ပါလေ။

စာရှည်နေပြီမို့ ခြုံ့ရေးရလျှင် “နုနယ်ရုပ်ဆင်းမျိုမြစ်ခြင်းကာ အိုမင်းနောက်ဆုံးရှိခြေတကားဆိုသည့်” သံဝေဂ ဂါထာလို မလွှဲ ဧကန်ကြုံရမည့် အိုမင်းချိန်ဘဝ သာယာရေးအတွက် ကြိုပြင်ထားရပါမည်။

(ယခုစာရေးရင်း ထပ်ပေါ်လာသည့် ခေါင်းစဉ်များ-ဝန်းထမ်းဘ၀ နေသင့်သော ဘဝနေနည်း၊ သီလ ပညာ အပြင် လိုအပ်ချက်၊ ပင်စင်ယူသူပြီးသူများ၏ အချိန်ကို ကျော်ဖြတ်ခြင်းပညာ)

1 view0 comments

Recent Posts

See All

အောင်မြင်ချမ်းသာကြွယ်ဝစေခြင်း ဘဝများ ၏ ဂရပ်များကို လေ့လာစိစစ်ခြင်းခြင်း မွေးဖွားခြင်း။ မိဘ အုပ်ထိန်းမှုအောက်တွင်နေခြင်း။ ပညာရှာခြင်း။ အသက်မွေးဝမ်းကြောင်းပြုခြင်း။ အိုမင်းခြင်း။သေဆုံးခြင်း။ အဆင့်များကိ

အောင်မြင် ချမ်းသာ ကြွယ်ဝစေခြင်း အားလုံးကျန်းမာ စိတ်ချမ်းသာ လိုအင်ဆန္ဒ ပြည့်ပါစေ လူအများစု စိတ်ခံစားမှု မကောင်းကြပါ။လုံခြုံရေးကလဲ စိတ်မချရ။ ကုန်စျေးနှုန်းကတက်ပါသည်။ လည်ပတ်ငွေတွေ မလုံလောက်၊ လုပ်ငန်းတွေက

bottom of page