top of page
  • Writer's pictureAdmin

ပြည်သူ့ ကျန်မားရေး (ကိုဗစ်ကာကွယ်ဆေးထိုးြခင်း င်္ဂလန် အတွေ့အကြုံ) ဦးကျော်ကျော်(Just In Time)

ပြည်သူ့ကျန်းမာ​ရေး


ကိုဗစ်ကာလခရီးသွားဆောင်းပါးလေးတွေရေးဖို့

သူငယ်ချင်းအချို့ကတိုက်တွန်း ပြောကြပေမဲ့

ကိုယ့်နိုင်ငံရဲ့ ကာလဒေသအခြေအနေတွေအရ

မရေးဖြစ်ခဲ့ဘူး

ဖတ်ရသူတွေအကျိုးရှိမဲ့ကိုယ်မြင်ရတွေ့ရသိရတဲ့ ဗဟုသုတလေးတွေကိုလည်းမမျှဝေနိုင်ခဲ့ဘူး

အခုကျန်းမာရေးကိစ္စလေးတော့


#သူတို့နိုင်ငံတွေရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကောင်း

လေးတွေကို ကိုယ့်နိုင်ငံမှာလည်းဖြစ်စေချင်လို့

မျွဝေပါရေစ

#ကျွန်တော်တို့က သမီးတွေရှိလို့ UK ကို

Visit Visa နဲ့လာခဲ့တာပါ

Covid ကာလမို့ Social distancing ကို

ဘယ်သွားသွား ဂရုစိုက်နေရပါတယ်

သမီးငယ်ရဲ့ အိမ်မှာ

#ရေချိုးခန်းအိမ်သာသီးသန့်

ရှိတာမို့ Home Quarantine 10 ရက် ကို

အဆင်ပြေစွာနဲ့ နေခဲ့ရပါတယ်

UK ရောက်လို့ Home Quarantine 10 ရက်

ဝင်နေတုန်းမှာပဲ သူတို့ဆီက

#NHS GP မှာ Registration လုပ်လိုက်ပါတယ်

Registration လုပ်ပြီးတာနဲ့ NHS no. ရပါတယ်

NHS no. ရပြီးတာနဲ့ Covid Vaccine ထိုးဖို့

Mail ပို့ပါတယ်

#Booking လုပ်ပြီးသွားထိုးရပါတယ်

တခြား ရောဂါတွေစစ်ဆေးချင်ရင်စစ်ဆေးဖို့

စာတွေပို့ပါတယ်

ဝမ်းစစ်ဖို့ဘူးလေးတွေကအစ စာတိုက်ကနေ

အိမ်ကိုပို့ပေးပါတယ်

#အားလုံးအခမဲ့ပါ ဘာမှပေးစရာမလိုပါဘူး

Vaccine ထိုးတဲ့အခါမှာလည်း သူ့ procedures

အတိုင်းပါပဲ

ကျွန်တော်တို့ကို သူတို့န်ုင်ငံသားတွေလိုပဲ

နွေးနွေးထွေးထွေးဆက်ဆံပါတယ်

အခုလည်း ဆောင်းဝင်လာလို့ flu အဖြစ်များလို့

#Flu ကာကွယ်ဆေးထိုးဖို့ ကျွန်တော်တို့ phကို

ပုံ ၁ အတိုင်း Message ပို့လာပါတယ်

ကျွန်တော်တို့က flu vaccine ထိုးဖို့ NHS GP

ဆေးရုံ ဆေးခန်းတွေနဲ့ Boots , TESCO တို့လို

ဆေးဆိုင်တွေမှာ Book လုပ်ပြီးထိုးလို့ရပါတယ်

ကိုယ်နဲ့နီးတဲ့ အဆင်ပြေတဲ့ နေရာမှာ

ထိုးလို့ရပါတယ်

ကျွန်တော်တို့က သမီးငယ်အိမ်နဲ့နီးတဲ့ TESCO

မှာ

#မနက်ဖြန် ညနေပိုင်း ထိုးဖို့TESCO ကို Book

လုပ်တဲ့အခါ ညနေပိုင်း 6:30 PMမှာရပါတယ်

ဟိုရောက်ရင် နံမည်နဲ့ NHS no. ပြောလိုက်ရင်

ဆေးထိုးလို့ရပါပြီ

ပိုက်ဆံပေးစရာမလိုပါ

ကျွန်တော်တို့လို ဧည့်သည်တွေကိုတောင်

ဒီလိုကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရင်


#သူတို့နိုင်ငံသားတွေဆို ဘယ်လောက်ထိလုပ်ပေး

နေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်

ဆေးရုံတက်တာ ဆေးကုတာ သောက်ဆေး

ထိုးဆေး အားလုံး free ပါ

အလွန်အားကျဖို့ကောင်းပါတယ်


ကျွန်တော်တို့နိုင်ငံလဲ တနေ့နေ့တော့ဖြစ်လာလိမ့်

မယ်လိုမျှော်လင့်ပါတယ်ဗျာ

ကျွန်တော်တို့အရင် UK ကိုရောက်နေတဲ့

အကိုကြီးလှမြင့်ဆွေကိုလည်း ကိုယ်တွေ့

Information တွေပြောပြလို့ကျေးဇူးတင်ပါတယ်

ဒီလိုသိခွင့်ရအောင် ဆေးကုသခွင့်ရအောင်

လမ်းပြလုပ်ဆောင်ပေးတဲ့သမီးငယ်ကိုလည်း Appreciate လုပ်ပါတယ်

မိတ်ဆွေများအားလုံးကျန်းမာပျော်ရွှင်ကြပါစေ

3 - 11 - 2021




5 views0 comments

Recent Posts

See All
bottom of page