တောင်ပုလ အပန်ဖြေနေရာသစ်(ပြင်ဦးလွင်)
Updated: Nov 9, 2021
ဝေပုလ တောင် ခရီး
ပြင်ဦးလွင် က နာရီဝက်လောက် ကားမောင်း။ ဝက်ဝံ ရွာ၊ပိတ်ချဥ်းမြှောင် ဝင်ပေါက် ကျော်ပြီးရင် လမ်းမကြီးရဲ့ ညာ ဘက် ချမ်းမြေ့ ဆေးလမ်းအတိုင်း (ပုံ)ဝင်သွားရင် တောင်ပုလ တောင် ရှိတယ်။
ယခု တောင်ထိပ် မှာ ဘုရားတည် ရှုခင်းသာ လေးတွေ လုပ်နေတယ်။ ကိုယ်ပိုင် ကားကတော့တောင်ခြေ ကားရပ်တဲ့ ကွင်းမှာဘဲ ရပ်သင့်တယ်။ တောင် အတက် လမ်းက မတ်စောက် ပြီးကွေ့ တွေ ကျဥ်းတယ်။ တောင်ပေါ်တက်ဖို့တော့ လူတစ်ယောက် တစ်ထောင် နဲ့ ကားပြေးဆွဲပေးတယ်။ပြန် အဆင်းတော့ အခမဲ့ ပါဘဲ။
ပတ်ဝန်းကျင်မှာ ရှု ခင်းတွေ လှ တယ်။ အသက်ကြီးသူတွေ အတွက်တော့ အဆင်မပြေ လှသေးဘူး။
ဆရာတော်(ဦးဇင်) ကြိုးပမ်းမှုကြောင့် ဒေ သ စည်ကားလာတယ်။ လည်ပတ်စရာနေရာတွေ ရလာတယ်။
ပိတ်ချဥ်းမြှောင် နဲ့ ကားလမ်းဆက်ဖောက် လို့ရနိုင်တယ်။
ယခု တောင်စခန်း အပန်းဖြေနေရာတွေ ခေတ်စားလာလို့ ဟိုတယ် လုပ်ငန်းရှင်တွေ
စားသောက်ဆိုင်တွေ နဲ့ အခြားသော လုပ်ငန်းရှင်တွေ လာရောက် ကြည့်ရှု နေကြတယ်။
ဝက်ဝံရေအားလျှပ်စစ်နဲ့ နီးပေမည့် လျှပ်စစ်စက်ရုံက မလည်နိုင်တော့ဘူးတဲ့။ လျှပ်စစ်ကိုလာတဲ့ ရေ ကို တောင်ယာတွေ ထဲ သွင်းကြလို့ ရေမရ လို့ ဆိုတယ်။
ခု တန်ဆောင်တိုင်မှာ မီးပုံ ၁၀၀၀ လွှတ်မယ်လို့ ဆိုတယ်။ သီတင်းကျွတ်တုံးကတော့ ကားတွေများလို့ လမ်းတလျောက် ကားတွေ ပိတ်နေတယ် လို့ဆိုတယ်။
အစဥ် ခိုင်မာတဲ့ အပန်းဖြေ စရာ နေရာတစ်ခု ဖြစ်ဖို့က စနစ်တကျ ပုံဆွဲနေရာချနိုင်ရင်ကောင်းတယ်။ ဘယ်လို ခရီးသွားမျိုးကို ဆွဲဆောင်ချင်မှာလဲပေါ်မူတည်မယ်။
PHOTO. . . ThaHaZarTa & Light Nyi Nyi Lwin


















