စွမ်းဆောင်ရည်မြင့်မားသူတို့၏ အလေ့အကျင့် (၇)မျိုး(ပြုစုဆဲ)

Updated: Apr 21

အလေ့အကျင့် 1- Proactive

-ဖြစ်ခြင်းသည် မိမိ အလုပ်ကို တက်တက်ကြွကြွတာဝန်ယူမှုဖြစ်သည်။ တက်ကြွသောသူများသည် ကြုံတွေ့ရသော အခြေအနေ တစ်ခုကို မည်သို့တုန့်ပြန်ရမည်ကို သိကြသည်။ ၎င်းတို့၏လုပ်ဆောင်မှုအတွက် အခြေအနေတွေ၊ သို့မဟုတ် ပတ်ဝန်ကျင်အနေအထား အတွက် အပြစ်မဖို့ တတ်ပါ။ သူတို့ရဲ့ အပြုအမူကို ရွေးချယ်ပြီးတုန့်ပြန်နိုင်တယ်ဆိုတာ သူတို့သိကြသည်။တစ်ဖက်တွင် ပျော့ညံ့သူများသည် သူတို့၏ အပြုအမူ လုပ်ဆောင်မှု အတွက် တစ်ပါးသူကိုအပြစ်ဖို့ရန် မဆိုင်သည့် အကြောင်းပြချက်များကို ရှာဖွေကြသည်။ ရာသီဥတုကောင်းရင် သူတို့ စိတ်ချမ်းသာတယ်။ မဟုတ်ပါက ၎င်းတို့၏ စိတ်သဘောထားနှင့် စွမ်းဆောင်ရည်ကိုထိခိုက်ပြီး ရာသီဥတုကို အပြစ်တင်ကြသည်။

မိမိ ထိန်းချူပ် နိုင်သော အကြောင်းအရာလား။ မထိန်းချုပ်နိုင်သော အကြောင်းအရာ လာဝေဖန် ပိုင်းခြားနိုင်ကြသည်။ မထိန်းချုပ်နိုင်သော အရာ အတွင် အကြောင်းရင်းရှာ၍ကျော်လွှားနိုင်ကြသည်။

ပျင်ရိခြင်း ခြောက်ပါး ဖြစ်သည် အေးသည်၊ပူသည်၊မိုးချုပ်သည်နှင့် စောသည်၊ဆာသည်၊ ပြည့်အင့်သည် ဆိုနေသည့် လူပျင်းမျိုးကို ဆိုလိုသည်။

ကြီးပွားချမ်းသာလိုကြသော ပုဂ္ဂိုလ်တို့ ပြည့်စုံရမည့် တရားလေးပါးမှာ (၁)။ ဥဋ္ဌာန သမ္ပဒါ =ထကြွလုံ့လဝီရိယနှင့် ပြည့်စုံရမည်။ (၂)။ အာရက္ခသမ္ပဒါ = ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြည့်စုံရမည်။ (၃)။ကလျာဏမိတ္တတာ = မိတ်ဆွေကောင်းရှိရမည်။ (၄)။သမဇီဝိတာ= မျှတစွာ အသက်မွေးခြင်းရှိရမည် ဟူ၍ (၄)ပါးဖြစ်ပေသည်။

ကြီးပွါးကြောင်းတရားလေးပါတွင်လဲ တက်ကြွ နိုးကြားခြင်၊ ထကြွ လုံးလ ရှိခြင်း သည်ပထမ အချက်ဖြစ်သည်။

သတိပြုရန်မှာ ထကြွ လုံးလရှိသူ ကို လူကြီး ချစ်ကြသည်။ သို့သော် လူဖျင်းအများစုမှာ မလုပ်ချင်၊ မတိုးတက်ချင်၊ မလုပ်မရှုတ်မပြုတ်နေတတ်ကြသည်။ အချို့က လူကြီးရှေ့ မှာလုပ်ချင်ယောင်ဆောင်လေ့ရှိသည်။

ထိုသူများသည် နိုးကြားတက်ကြွသူ၊ စွမ်းရည်ရှိသူများကို အကွက် ကျကျ တိုက်ခိုက်တတ်လေ့ရှိသည်။ ထိုကြောင့် အရာရာ သတိ ဖြင့် နေထိုင် လုပ်ကိုင်ပြောဆိုတတ်ရန် ပို လိုသည်။



အလေ့အကျင့် ၃"Put first things first" အလျင်စလို အရေးကြီးတာ အရင်လုပ်

ဘယ်အရာက အလုပ် ကိစ္စ က အရေးကြီးပြီး ဘယ်အရာက အလုပ် ကိစ္စ က အရင်စလို လုပ်ရန် လိုသည် ကို ပိုင်းခြားနိုင်ရမည်။







ပုံတွင် လုပ်ဆောင်ရမည့် အလုပ်ကိစ္စများကို ၄ မျိုးခွဲခြားထားသည်၊

Q1 အကွက်သည် အရေးလည်းကြီးImportant)သည် အလျင်စလို urgentလဲ လုပ်ရန် လိုသည်။ ဥပမာ၊ အရေးအခင်း ပြသနာအကြပ်အတည်းများ၊အရေးပေါ်အစည်းအဝေး၊နောက်ဆုံးကန့်သတ်ချိန်၊မမျှော်မှန်းနိုင်သောကြုံတွေ့မှုများဖြစ်သည်။(DO. လုပ်ကို လုပ်ရပါမည်။)

Q2 အကွက်သည် အရေးကြီးသည်။ အလျင်စလို လုပ်ရန်မလိုသော အလုပ်မျိုး ဖြစ်သည်။တိုးတက်လုပ်ဆောင်ရမည့် အလုပ်များ၊အရေးကြီးရည်မှန်းချက်များ၊

တီထွင်ဖန်တီးရန်များ၊ပြင်ဆင်စုဖွဲ့ခြင်းများ၊လေ့လာသင်ယူခြင်းနှင့် ပြန်လည် ဆန်းသစ်ခြင်းများ၊ အပန်းပြေခြင်းစသည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းတို့ဖြစ်သည်။(Plan. . . စီမံချက်ရေးဆွဲစေရပါမည်)

Q3 အကွက် က အရေးမကြီး၊ သို့သော် အလျင်အမြန် ဖြေရှင်းရမည့် ကိစ္စများဖြစ်သည်။မလိုအပ်သော ကြားဖြတ်ကိစ္စများ၊အစီရင်ခံစာများ၊အရေးမပါသော အစည်းအဝေးများ၊အသေးအဖွဲကိစ္စများ၊ ဖုံးခေါ်ဆိုမှုများသည် အလုပ်အနှောက်အယှက်ဖြစ်စေသောလည်းအချိန်ကန့်သတ်ချက်ရှိသော အလုပ်မျိုးဖြစ်သည်။( Delegate ...တာဝန်လွှဲပေးရပါမည်)

Q4အကွက် က အကျိုးမဲ့ အလုပ်များဖြစ်သည်။ဥပမာ၊ အသေးအဖွယ်ကိစ္စ၊ရှောင်လွဲနိုင်သော လှုပ်ရှားမှုများ၊တီဗီ၊ ဂိန်း၊အင်တာနက် အလွန်အကျွံ့ ကြည့် အပန်းဖြေခြင်းများ၊အချိန်ဖြုန်းခြင်း၊ အတင်းအဖျင်းပြောခြင်းတို့ဖြစ်သည်။(Eleminate. . လုပ်စရာမလိုပါ)

(ကွင်းစ ကွင်းပိတ်တွင်ဖော်ပြထားသည်မှာ အလုပ်ကိစ္စများကို မည်သို့ စီမံခန့်ခွဲသင့် သည်ကိုအကြံပြုထားခြင်းဖြစ်သည်။)

လက်ရှိ ခေတ်တွင် အစည်းအဝေးများဖြင့် အချိန်ကုန်ခြင်၊ ရှည်လျားသော Power Point များ၊နုတ်ခွန်းဆက်စကားများ၊ အပ်ကြောင်းထပ်နေသော လုပ်ဆောင်ချက် ရလာဒ်မပါသည်ညွှန်ကြားချက်များ၊ အသေးအဖွဲ များတွင် နှစ်မြုတ် စီ မံနေသည်များတွေ့ ရလေ့ရှိပါသည်။

အရင်းလဲ လျှင် အဖြားထင်းဖြစ် စကားပုံရှိပါသည်။ ဗုဒ္ဓ အဘိဓမ္မာ တွင်လဲ မူရင်းအကြောင်းကို ရှာ ဘို့ သာ ရည်ညွှန်း ထားပါသည်။

အရေးအကြီး အလျင်စလို လုပ်ရမည့် လုပ်ငန်းနှင့် အလျင်စလို လုပ်ရန်မလိုသောလဲ ရေရှည်ဖွံ့ဖြိုးမည့် လုပ်ငန်းများကို ဖန်တီးစီမံနိုင်ဖို့ သည် လုပ်ငန်းတိုးတက်အောင်မြင်ရန်

အဓိက ကြပါသည်။ အသေးအဖွဲကိစ္စ မျာ၊ အောက်ခြေ အဆင့်မှ လုပ်ရမည့် လုပ်ငန်းများဖြင့်အချိန်ဖြုန်းမနေသင့်ပါ။



17 views0 comments

Recent Posts

See All