ကမ္ဘာ နဲ့ မြန်မာ သူဌေးများအကြောင်း(ပြုစုဆဲ)
သူဌေးကို အားပေးပါ...
ကမ္ဘာ မှာအချမ်းသာဆုံးသူဌေးတွေ က သူတို့ရဲ့ ဝီရိယ၊ဥာဏ်ပညာ၊ လုံးလစိုက်ထုတ်မှု၊ ပါရမီကံ တို့ကြောင့် ဖြစ်လာကြသည်...
သူတို့ လို ဖြစ်ဖို့ တော်ယုံ နဲ့ မရ...
သူတို့ ကြောင့် အလုပ်အကိုင်အခွင့်အလန်းများရရှိ မှုကိုလေ့လာကြည့်မိသည်...
အချမ်းသာဆုံးလူထက် ဒေါ်လာဘီလျှံ ၂၀၀ လောက် မနေ့တနေ့က ချမ်းသာသွားသော (ဗဟိုဘဏ်မှ ဒေါ်လာခွဲတမ်းရ၍ ချမ်းသာခြင်းမဟုတ်ပါ)
Elon Musk ( Telsa လျှပ်စစ်ကား) သူတွင် ဝန်ထမ်း...110, 000 ဦး
ZesBezos ဝန်ထမ်း 1,300,000 ဦး
Bernard Arnault( Louis Vuilton အိပ်) ဝန်ထမ်း 145,247 ဦး
BillGate(Microsoft) ဝန်ထမ်း 180,000 ဦး
သူတို့လို သူဌေးတွေက လူ သိန်းနဲ့ သန်းနဲ့ ချီပြီး အလုပ်အကိုင် ရစေသလို သူတို့ ထုတ်ကုန်ပစည်းတွေ တစ်ဆင့်ရောင်းချ သယ်ပို့ရင် သွယ်ဝိုက် အလုပ်အကိုင်ရသူတွေလဲ မနည်းလှ...
သူတို့ရှိတဲ့ နိုင်ငံက သူတို့ထံမှရတဲ့ ပြည်တွင်းပြည်ပ ရဝင်ငွေခွန်တွေ နဲ့ အစိုးရဝန်ထမ်းတွေ လစာစရိတ် ရပြန်သည်...
ပရဟိတ လုပ်ငန်များမှာလဲ... မြန်မာပြည်မှာ သကြ်န် မဏ္ဍပ်ဆောက်ဖို့ အလှူခံသလို လှူကျတန်းကျတာလဲ ရှိသေးသည်...
အဲဒီ လို ဖြစ်အောင် ကိုယ့် နိုင်ငံက လုပ်ငန်းရှင် သူဌေးတွေ ချမ်းသာအောင်
ကိုယ်လဲ သူတို့ရဲ့ နမူနာကို အတုခိုးပြီး ချမ်းသာအောင်
အစိုးရဌာန ကစပြီး သက်ဆိုင်ရာဝန်ထမ်းတွေ အထိ
မရစ် မကျစ် မညစ်ဘဲ မခိုကပ်ဘဲ အားလုံး စိတ်ကောင်းစေတနာ နဲ့
လုပ်ကြရင်
တို့နိုင်ငံလဲ သူဌေး ဖြစ်နိုင်ခြေ ရှိသူလဲ သူဌေးကြီးတွေ ဖြစ်မည်...
ကံနဲ့ ပင်ကိုယ်အရည်အချင်းကြောင့် သူဌေးမဖြစ်တောင်
သူဌေးရဲ့ ဝန်ထမ်းဘဝ ဒါမှ မဟုတ် ကုန်ကြမ်းနဲ့ ထုတ်ကုန်ပစည်းတွေရောင်ချ သယ်ပို့ တဲ့ လုပ်ငန်ရှင်ပေါက်စလေးတွေ အနေနဲ့
တို့တစ်နိုင်ငံလုံးချမ်းသာမည်။
ကမ္ဘာ ကျော်သူဌေးတွေ အကြောင် မြန်မာ သူဌေးတွေ အကြောင်း လေ့လာပြီးရေးပေးမည်။ ပါရမီ ပါရင် ရှင်သန်အောင် ရေလောင်း လမ်းစဖော်ပေးတဲ့ သဘောပေါ့
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ





