top of page
22.jpg

မင်္ဂလာပါ !

မေမြို့ ( သို့ ) ပြင်ဦးလွင် မြန်မာပြည်အထက်ပိုင်း တိမ်တွေကြား မြူတွေအုပ်ဆိုင်းတဲ့ တောင်တန်းတွေကြားက မြို့လေး

 

ဘဝရဲ့အပူအပင်သောကတွေနဲ့ ဝေးစေဖို့ အပန်းဖြေအနားယူပြီး ခွန်အားအသစ်တဖန်မွေးတဲ့ မြို့လေး

 

တစ်နှစ်ပတ်လုံး မြန်မာနိုင်ငံရဲ့ အလှဆုံးပန်းတွေ လက်ညှိုးထိုးမလွဲ မြိုင်အောင်ပွင့်တဲ့ မြို့လေး

ရပ်နီးရပ်ဝေး ဧည့်မိတ်ဆွေတွေအတွက် တိုင်းရင်းသားဒေသထွက်အစားအစာတွေနဲ့ သစ်သီးသစ်နှံပန်းမာလာတွေကို ကိုယ့်အိမ်အတွက်တင်မကဘဲ ရှေ့နောက်ဘေး ဆယ်အိမ်အထိပေးလို့ရအောင် ဈေးသက်သက်သာသာနဲ့ လက်ဆောင်ဝယ်လို့ရတဲ့ မြို့လေး

လာလည်သူတွေ အချိန်တန်လို့ နေရပ်ပြန်သွားလည်း နောက်ထပ်ပြန်လာစေချင်တဲ့ မြို့လေး လာလည်တဲ့အချိန်တိုင်း မမောနိုင်မပန်းနိုင် အမြဲတမ်း လက်ကမ်းလို့ ကြိုဆိုနေတဲ့ မြို့လေး

 

ဒီ Maymyo Story လေးကတဆင့် မေမြို့လေးရဲ့ အငွေ့အသက်လေးတွေ ထိန်းသိမ်းရင်း အသိပညာအတတ်ပညာတွေမျှဝေကြမယ်

 

မည်သူမဆိုကြိုဆိုပါတယ်၊ ဖိတ်ခေါ်ပါတယ်၊ ဖတ်ကြည့်ပါ၊ လေ့လာပါ၊ လိုတာရှိလည်းထောက်ပြပါ။ မေမြို့ (သို့) ပြင်ဦးလွင် (ချယ်ရီမြေ)ကို တစ်နှစ်တစ်ခေါက်တော့ အရောက်လာပါလို့ ဖိတ်ခေါ်ရင်း ဒီမှာပဲ အစပျိုးလိုက်ပါတယ်။ Admin Team

Our Story in the Making

AB860160-AD6A-4CF2-9F08-526E7538B013.jpeg

မေမြို့ ဘလော့ဂ်

EfECT 4.jpg

မေမြို့ စာသင်ကျောင်း

maymyo map.PNG

မေမြို့ ကြေငြာ

bottom of page